ပေါ၊ ကို(မြို့မ)

ဝီကီပီးဒီးယား မှ
ကိုပေါ( မြို့မ) အမည်အရင်း ဦးကျော်စိုး
မွေးဖွားဒါးတန်းရပ်၊ မန္တလေး
နိုင်ငံလူမျိုးမြန်မာ
ကျော်ကြားမှုအရင်းခံမြို့မတူရိယာအသင်းမှ ဂီတစာဆိုကြီး

ကိုပေါ(မြို့မ)(၁၉၂၇-၂၀၂၂)[ပြင်ဆင်ရန်]

မန္တလေးမြို့၏ ထင်ရှားသော မြို့မတူရိယာအသင်းမှ ထင်ရှားသည့် တေးရေးဆရာနှင့် ဂီတစာဆိုကြီး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၈၉ တွင် အဖ ဦးပေါ်၊ အမိ ဒေါ်လှ တို့က မန္တလေး၊ ဒါးတန်းရပ်၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးကျော်စိုးဖြစ်သည်။ အသက် ၂၄-နှစ်အရွယ်တွင် မြို့မတူရိယာဝိုင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ်မှ စတင်၍ ဂီတလောကသို့ ရောက်ရှိခဲ့သည်။ မန္တလေးရုပ်ရှင်ခေတ် ကင်မရာဆရာဖြစ် လုပ်ကိုင်ခဲ့၍ ၁၉၄၉-ခုနှစ်မှ သီချင်းများ စတင်ရေးသားခဲ့သည်။ ၁၉၆၁-ခုနှစ်အတွက် ကိုယ်ပိုင်မေတ္တာဇာတ်ကားဖြင့် ဓာတ်ပုံထူးချွန်ဆုကို ဦးလူကလေးနှင့် ပူးတွဲရရှိခဲ့သည်။ သင်္ကြန်မိုး ရုပ်ရှင်ကား (၁၉၈၅)မှ နှစ်ကိုယ်တူ ချစ်သမျှ သီချင်းနှင့် ဒဏ္ဍာရီ(၁၉၉၁) ရုပ်ရှင်ကားမှ အောင်ဇေ မင်္ဂလာ သီချင်းများမှာ အထူးထင်ရှားခဲ့သည်။ မြို့မဝိုင်းတွင် မျိုးဆက်သစ်များအား သင်တန်းပေးဆရာအဖြစ် လုပ်ကိုင်ရင်း ဒါးတန်းရပ်၌ နေထိုင်ခဲ့သည်။[၁]

၂၀၁၇-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကြုံခဲ့ရ ဘဝမှတ်တိုင်များ နှင့် မြို့မတူရိယာအသင်းကြီးအကြောင်း စသည့် အနုပညာ သက်တမ်းတလျှောက် ကိုယ်တွေ့အကြောင်းအရာများကို ပြန်လည်ပြောပြသည့် အတိတ်လမ်းသို့ အလွမ်းပြေ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၂၂-ခုနှစ်၊ ဩဂုတ်လဆန်းတွင် မန္တလေး ပုလင်းဝင်းအရပ် နေအိမ်မှ စန္ဒရားတီးအပြီး လဲကျရာမှ ပေါင်ကျိုးခဲ့ပြီး အိပ်ယာထဲ လဲခဲ့ရသည်။ မြန်မာသက္ကရာဇ် ၁၃၈၄-ခုနှစ်၊ ဝါခေါင်လကွယ်(၃)ရက်၊ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ သြဂုတ်လ(၂၈)ရက် ည(၁၂)နာရီ၌ ၉၆-ပါးသော ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၉၅)နှစ် ရှိပြီဖြစ်သည်။ [၂][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ် ၏ မန္တလေးအဘိဓာန်
  2. https://yangonmediagroup.com/index.php/myanmar/7180-2022-08-29-02-54-34?fbclid=IwAR0zCJD50Y6HJoWNCSWX2NPF-xUlE8jKjEmlj3ET6k2uKiS-8Gj74HzGtSY
  3. http://burmese.dvb.no/archives/551344