ပေါင်လောင်ရှင်ကဿပ

ဝီကီပီးဒီးယား မှ

ပေါင်လောင်ရှင်ကဿပသည် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နန်းတက်သော ပုဂံပြည့်ရှင် နရပတိစည်သူမင်း လက်ထက်တွင် ကျော်စောထင်ရှားသော ဆရာတော်ဖြစ်၏။ ထီးလင်းမြို့စီရင်စု ပေါင်လောင်ရွာဇာတိဖြစ်၍၊ ပုဂံမြို့တောင်ဘက် ခရီးတတိုင် ကျော်ကွာသော တောရကျောင်း၌ သီတင်းသုံးတော်မူသည်။ ပြုစုသောကျမ်းများ ကား၊ (၁) ခုဒ္ဒသိက္ခာ နိဿယဟောင်း၊ (၂) မဟာဗောဓိဝင်ဋီကာတို့ ဖြစ်သည်။ ပေါင်လောင်ရှင်ဟု တွင်သည်ကား၊ ပေါင်လောင်အရပ်သို့ ဒေသစာရီလှည့်သည့် ကာလ ပေါင်လောင်ကြီးတို့က ပေါင်လောင်ငယ် နှစ်ယောက်ကို အလုပ်အကျွေးအပ်လှူ၍၊ ပေါင်လောင်လူမျိုးတို့ ကိုင်းညွတ် သောကြောင့် ပေါင်လောင်ရှင်ဟု တွင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)