ပူပုံထုံး

ဝီကီပီးဒီးယား မှ

ပူပုံထုံး သည် မြန်မာအမျိုးသမီးတို့၏ ဆံထုံးထုံးနည်း တစ်ခု ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၂၀၇ ခုနှစ် ရွှေဘိုမင်းလက်ထက်တွင် ဖြစ်၏။ ပြည်မင်းသားနှင့်အတူ ကြံရာပါဟုဆို၍ အနောက်နန်းမတော် မမြကလေးသည် မယ်တော်မအိနှင့်အတူ ရာဇဝတ်တော် သင့်ခဲ့သည်။ ထို့နောက် ၁၂၀၇ ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့တွင် အနောက်တံခါးမှ ထုတ်လေသည်။

ထိုအခါ မမြကလေးသည် စိတ်ငြိုငြင်ပင်ပန်းဆင်းရဲနေခိုက် ဖြစ်သဖြင့် ဘီးနှင့်ရော၍ ကပိုကရို ထုံးထား၏။ ထိုသို့ ဆံထုံးထုံးထားသည်မှာ တစ်မျိုးတစ်ဖုံ ကြည့်ကောင်းလျက် ရှိ၏။ ထို့ကြောင့် ရွှေမြို့တော်သူတို့သည် “ပူပုံထုံး”အမည်ဖြင့် အတုယူကာ ထုံးကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ရွှေကိုင်းသား (၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ)။ ဆင်ယင်ထုံးဖွဲ့မှု။ အမှတ် ၁၁၂၊ ၈၄ လမ်း၊ မန္တလေး: ကြီးပွားရေးစာအုပ်တိုက်။ pp. ၆၆။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)