ပိုးစုန်းကြူး (သံပေါက်)

ဝီကီပီးဒီးယား မှ

ပိုးစုန်းကြူး ကဗျာကို လယ်တီပဏ္ဍိတ ဦးမောင်ကြီး ရေးဖွဲ့ခဲ့သည်။ သံပေါက် ကဗျာအမျိုးအစား ဖြစ်သည်။ ၁၁ ပိုဒ်ဖြင့် ဖွဲ့စည်းထားကာ၊ တပိုဒ်တွင် ၄-၃-၅ ပုံစံဖြင့် ရေးဖွဲ့ထားရာ၊ ၁၂ လုံးစီ ရှိသည်။ ကာရံ ကိုက်ထားပုံမှာ လေးလုံးမြောက်၊ ခုနစ်လုံးမြောက်နှင့် ကိုးလုံးမြောက်တို့ ဖြစ်သည်။ ဥပမာ- မြူး၊ ကြူး၊ ထူး။ ပိုဒ်အဆုံးကို အင်ကာရံဖြင့် သတ်သည်။ ဥပမာ-ပင်၊ သွင်၊ လွင်။

ပိုးစုန်းကြူး[ပြင်ဆင်ရန်]

တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးအဆန်းပင်။
အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါမပေါ်လွင်။
ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။
ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိအလုပ်ခွင်။
မှေးတေးမှိန်တိမ်၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကယ့်နွားအသွင်
အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဖို့ပြင်
မကုစားဘဲ အပျင်းစွဲ၊ ငမွဲငနုံပင်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း