မာတိကာသို့ ခုန်သွားရန်

ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ်

ဝီကီပီးဒီးယား မှ
ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ခရိုအေးရှား
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii,viii, ix
ကိုးကား ၉၈
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
သက်တမ်းတိုးခြင်း ၂၀၀၀
ပျောက်ပျက်ရန် စိုးရိမ်ရမှု ၁၉၉၂-၉၇
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
ပလစ်ဗစ်ရေကန်များ အမျိုးသားဥယျာဉ်၏ မြေပုံ
ရေကန်များကို ဂြိုဟ်တုမှ မြင်ရပုံ

ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ် သည် အရှေ့တောင် ဥရောပတွင် ရှေးအကျဆုံး အမျိုးသား ဥယျာဉ် တစ်ခု ဖြစ်ပြီး ခရိုအေးရှားနိုင်ငံ တွင် အကြီးဆုံးသော အမျိုးသားဥယျာဉ် ဖြစ်သည်။ ခရိုအေးရှားနိုင်ငံတွင် အခြား အမျိုးသားဥယျာဉ် ၇ ခု ရှိပြီး သဘာဝဥယျာဉ် ၁၀ ခု လည်း ရှိသည်။ ၁၉၇၉ ခုတွင် ပလစ်ဗစ် ရေကန်များ အမျိုးသားဥယျာဉ် အား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်း ခဲ့သည်။ []

အမျိုးသားဥယျာဉ်အား ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ခရိုအေးရှားနိုင်ငံ အလယ်ပိုင်း တောင်ကုန်းထူထပ်သော ဒေသ တွင် တည်ရှိကာ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံ နယ်စပ်တွင် တည်ရှိသည်။ အရေးပါသော တောင်မြောက်လမ်းမသည် အမျိုးသားဥယျာဉ် ဒေသကို ဖြတ်သန်းသွားပြီး ခရိုအေးရှား ကုန်းတွင်းပိုင်းအား အေဒြီယက်တစ်ပင်လယ် ကမ်းရိုးတန်း ဒေသနှင့် ဆက်သွယ်ပေးထားသည်။

ထိန်းသိမ်းစောင့်ရှောက်ထားသော ဧရိယာမှာ ၂၉၆.၈၅ စတုရန်း ကီလိုမီတာ (၇၃,၃၅၀ ဧက) မျှ ရှိသည်။ ၉၀ ရာခိုင်နှုန်းသော ဧရိယာမှာ လီကာ-ဆန့်ဂျ် ကောင်တီ တွင် တည်ရှိပြီး ကျန်ရှိသော ၁၀ ရာခိုင်နှုန်းမှာ ကာလိုဗက်ကောင်တီ တွင် တည်ရှိသည်။

နှစ်စဉ်တိုင်းတွင် ဧည့်သည် ၁ သန်းကျော် လာရောက်လည်ပတ်ကြသည်။ ဝင်ကြေးမှာ အချိန်အလိုက်ကွဲပြားပြီး လူများသော အချိန်တွင် လူကြီးတစ်ယောက်လျှင် ယူရို ၂၄ ဒေါ်လာ ခန့် အထိ ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. UNESCO World Heritage Centre (2000-11-30)။ UNESCO World Heritage, no. 98။ Whc.unesco.org။ 2013-09-08 တွင် ပြန်စစ်ပြီး။
  2. Plitvice Lakes National Park, Tickets 21 September 2017 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., accessed 20 September 2017