ပရိယတ္တိ (စာအုပ်ဆိုင်)

ဝီကီပီးဒီးယား မှ

ပရိယတ္တိ သည် အမေရိကန်နိုင်ငံ၊ Onalaska တွင် တည်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယင်းသည် စာအုပ်များထုတ်ခြင်း၊ ဖြန့်ဝေခြင်း၊ ရောင်းချခြင်း၊ လှူဒါန်းခြင်း၊ တရားဓမ္မများသင်ကြားမှု မီဒီယာများတွင် ကူညီခြင်း စသည်တို့ကို လုပ်ဆောင်လျက် ရှိသည်။ ၎င်းအဖွဲကို “မြောက်အမေရိက၏ ထေရဝါဒဗုဒ္ဓဘာသာလေ့လာသူများအတွက် စာအုပ်များထောက်ပံ့ရာ” ဟု Tricycle: The Buddhist Review က ဆိုခဲ့သည်။[၁]

ပရိယတ္တိစာအုပ်တိုက်မှ စာအုပ်ပေါင်း ၉၀၀ နီးပါးကို ထုတ်ဝေပြီး ဖြစ်သည်။ ပရိယတ္တိသည် ၎င်း၏ ဝဘ်ဆိုက်မှတစ်ဆင့် အခမဲ့ဝန်ဆောင်မှုများစွာကိုလည်း အထောက်အပံ့ပေးထားသည်။ ၎င်းတို့တွင် ပရင့်မထုတ်ရသေးသည့် စာအုပ်များ၊ ပို့ကဒ်များနှင့် “နေ့စဉ် ဗုဒ္ဓ၏ ဩဝါဒစကားများ” ကို အီးမေးဖြင့် ပို့ခြင်း စသည်များကို လုပ်ဆောင်ပေးလျက်ရှိသည်။

ပရိယတ္တိသည် သီရိလင်္ကာနိုင်ငံတွင် အခြေစိုက်သည့် ဗုဒ္ဓစာပေထုတ်ဝေရေးအဖွဲ့ (BPS) မှ ထုတ်ဝေသည့် စာအုပ်များ၊ လန်ဒန်အခြေစိုက် ပါဠိစာပေအဖွဲ့ (PTS) မှ ထုတ်ဝေသည်များနှင့် ပိဋကတ်သုံးပုံကို မြောက်အမေရိကတွင် ပြန်လည်ထုတ်ဝေသည့် တစ်ဦးတည်းသော ထုတ်ဝေသူလည်း ဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံအခြေစိုက် Vipassana Research Institute(VRI) and Motilal Banarsidass များမှ ရှာဖွေရန်ခက်ခဲသည့် ထုတ်ဝေသည့်စာများအပါအဝင် အခြားထုတ်ဝေသူများ၏ စာပေများကို စုဆောင်းထားရှိသည်။

ပရိယတ္တိသည် VRI နှင့် BPS တို့မှ ထုတ်ဝေသည့် စာပေများကို ပြန်လည်ထုတ်ဝေခြင်းနှင့် ကိုယ်တိုင်ထုတ်ဝေမှုများအပါအဝင် စာအုပ် ၃၀ ကျော်ကို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

ပရိယတ္တိ၏ သမိုင်းကြောင်းသည် ၁၉၈၄ ခုနှစ်တွင် မြောက်ကယ်လီဖိုးနီးယားရှိ ဝိပဿနာတရားအားထုတ်သူများ စတင်ခဲ့သည့် အိမ်အခြေစိုက်အီးမေးအော်ဒါဝန်ဆောင်မှုမှ စတင်ခဲ့သည်။ ၎င်းဝန်ဆောင်မှုဖြင့် ဆရာကြီး ဦးဘခင်နှင့် ဦးဂိုအင်ကာတို့၏ တရားအားထုတ်လေ့ကျင့်မှုဆိုင်ရာ စာအုပ်များကို အနောက်နိုင်ငံများမှ ဝယ်ယူရရှိနိုင်သည်။ ထိုအားထုတ်မှုကြောင့်ပင် Vipassana Research Publications of America (VRPA) ကို ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းကို ဦးဂိုအင်ကာ၏ တွန်းအားပေးမှုဖြင့် တရားအားထုတ်ဖော်တစ်ဦးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ VRIမှ ထုတ်ဝေသည်များကို အနောက်နိုင်ငံများတွင် စာအုပ်ထုတ်ဝေမှုများ လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ၎င်းအဖွဲ့နှစ်ခုတို့သည် ၁၉၉၆ ခုနှစ်တွင် ပူးပေါင်းကာ ပရိယတ္တိဖြစ်လာခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]