Tricycle: The Buddhist Review

ဝီကီပီးဒီးယား မှ
Tricycle: The Buddhist Review
Editor & PublisherJames Shaheen[၁]
ယခင် အယ်ဒီတာများHelen Tworkov
အကြိမ်အရေအတွက်Quarterly
ပထမဆုံး1991
ကုမ္ပဏီTricycle Foundation
နိုင်ငံUnited States
အခြေစိုက်သည့်နေရာNew York City
ဝက်ဘ်ဆိုဒ်tricycle.org

Tricycle: The Buddhist Review လွတ်လပ်သည့် ဂိုဏ်းဂဏစွဲမရှိသည့် ဗုဒ္ဓဘာသာမဂ္ဂဇင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဗုဒ္ဓဘာသာ၏ သင်ကြားပြသမှုများ၊ လေ့ကျင့်မှုများနှင့် ဝေဖန်းရေးများကို ရေးသားထုတ်ဝေလျက်ရှိသည်။ ၎င်းကို နယူးယောက်မြို့တွင် အခြေစိုက်ထားသည်။ [၂]

မဂ္ဂဇင်းကို Tricycle ဖောင်ဒေးရှင်းက တည်ထောင်ထားသည်။ Tricycle ဖောင်ဒေးရှင်းသည် ၁၉၉၀ ခုနှစ်တွင် Helen Tworkov က ဖွဲ့စည်းတည်ထောင်ခဲ့သည့် အကျိုးအမြတ်မယူသည့် ပညာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ Helen Tworkov သည် ယခင်က မနုဿဗေဒပညာရှင်၊ ဇင်နှင့် တိဗက်ဗုဒ္ဓဘာသာကို ကာလရှည်ကြာလေ့လာခဲ့သူတစ်ဦးဖြစ်သည်။ Tricycle ၏ လက်ရှိကာလ စာတည်းချုပ်နှင့် ထုတ်ဝေသူမှာ James Shaheen ဖြစ်သည်။[၃]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၁၉၉၁ ခုနှစ်တွင် Tricycle ဖောင်ဒေးရှင်းသည် Tricycle: The Buddhist Review ကို တည်ထောင်ခဲ့သည်။ အနောက်နိုင်ငံများတွင် ပထမဆုံးသော ဗုဒ္ဓဘာသာမဂ္ဂဇင်း ဖြစ်ခဲ့သည်။ Helen Tworkov သည် Tricycle ၏ ပထမဆုံးအယ်ဒီတာချုပ် ဖြစ်ခဲ့ပြီး ရစ်ဖီး (Rick Fields) နှင့်အတူ မဂ္ဂဇင်းကို တည်ထောင်ခဲ့သည်။ ရစ်ဖီးသည် အမေရိကန်တွင် ဗုဒ္ဓဘာသာသမိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်း ဖြစ်သည်။ ရစ်ဖီးသည် မဂ္ဂဇင်းတွင် ပါဝင်တည်းဖြတ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။

ရရှိခဲ့သည့် ဆုများ[ပြင်ဆင်ရန်]

Tricycle သည် Utne Media Award ဆုကို နှစ်ကြိမ်ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည့်ဆုမှာ “Best Body/Spirit Coverage.” အတွက် ဖြစ်သည်။

Tricycle သည် “Best Spiritual Magazine” အဖြစ် Folio Award ကို သုံးကြိမ်ရရှိခဲ့သည်။

တည်းဖြတ်မှု[ပြင်ဆင်ရန်]

အမေရိကန်ရှိ ဗုဒ္ဓဘာသာ[ပြင်ဆင်ရန်]

စိတ်ဓာတ်ပြောင်းလဲရေးနေ့[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ်တွင် Tricycle သည် "စိတ်ဓာတ်ပြောင်းလဲရေးနေ့" ကို စတင်ခဲ့ည်။ ၎င်းသည် နေ့လယ်ခင်းပိုင်းအချိန်တွင် နယူးယောက်မြို့ဗဟိုပန်းခြံတွင် အလွတ်တရားအားထုတ်နည်းများကို သင်ကြားပြသပေးသည်။ ဤပွဲကို ပြုလုပ်ရခြင်းသည် "ဗုဒ္ဓဘာသာ၏ အတွေးအခေါ်နှင့် လေ့ကျင့်မှုများကို အများပြည်သူသို့ မျှဝေပေးနိုင်ရန်" ဖြစ်သည်။ စိတ်ဓာတ်ပြောင်းလဲရေးနေ့ ပထမဆုံးနေ့တွင် အသစ်လာရောက်သူများနှင့် မူလရှိနှင့်ပြီးသား ဗုဒ္ဓဘာသာဝင်တို့သည် တရားအားထုတ်ခြင်း၊ Philip Glass နှင့် Allen Ginsberg တို့ ဟောကြားသည့် တရားများကို နာကြားခြင်းများ လုပ်ဆောင်ခဲ့သည်။

စာအုပ်များ[ပြင်ဆင်ရန်]

Tricycle ဖောင်ဒေးရှင်းသည် စာအုပ်များစွာကို ထုတ်ဝေခဲ့သည်။ ၎င်းတို့တွင် Big Sky Mind: Buddhism and the Beat Generation, Breath Sweeps Mind: A First Guide to Meditation Practice, Buddha Laughing: A Tricycle Book of Cartoons, Commit to Sit: Tools for Cultivating a Meditation Practice from the Pages of Tricycle နှင့် စတီဖင်ဘတ်ချလာ၏ ယုံကြည်မှုမပါရှိဘဲ ဗုဒ္ဓဘာသာ စသည်တို့ ပါဝင်သည်။ Tricycle သည် ပျော်ရွှင်မှုမှသည် စွဲလမ်းမှုသို့တိုင်အောင် ခေါင်းစဉ်များစွာဖြင့် e-book များကို ထုတ်ဝေခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. About The Tricycle Foundation
  2. 2013 Utne Media Awards: The Winners။ 2015-08-11 တွင် ပြန်စစ်ပြီး။
  3. About The Tricycle Foundation | Tricycle။ 2016-09-22 တွင် ပြန်စစ်ပြီး။