မာတိကာသို့ ခုန်သွားရန်

ပလာတာကျွန်း

ဝီကီပီးဒီးယား မှ
(ပရားတာ့စ်ကျွန်း မှ ပြန်ညွှန်းထားသည်)

ပရားတာ့စ်ကျွန်း (အင်္ဂလိပ်: Pratas Island)[][] သည် တောင်တရုတ်ပင်လယ်၏ မြောက်ဘက်ပိုင်း၌ရှိပြီး ထိုင်ဝမ်မှ ကောင်းရှုံ မြူနီစပယ်၊ ချီကျင်းဒိစတြိတ်အပိုင်တွင် ရှိသည်။ ဟောင်ကောင်၏ အရှေ့တောင်ဘက် ရေမိုင် ၁၇၀ (ကီလိုမီတာ ၃၁၀၊ မိုင် ၂၀၀) ခန့်တွင် ဖြစ်သည်။[][] ၆၄ ဟက်တာ (ဧက ၁၆၀) ကျယ်သော ရေပြာအိုင်ရှိပြီး တောင်တရုတ်ပင်လယ်၌ အကြီးဆုံးသောကျွန်း ဖြစ်သည်။[] တုံးရှာလေဆိပ်လည်းရှိသည်။

ပရားတာ့စ်ကျွန်း၌ ရေအောက်အစိတ်အပိုင်း ၃ ခုပါသည်။ ပရားတာ့စ် ကျောက်ခတ်ကျွန်းဝိုင်း၊ မြောက်ဗာရက္ကာကမ်းစပ်၊ တောင်ဗာရက္ကာကမ်းစပ်တို့ဖြစ်သည်။ ကျောက်ခတ်ကျွန်းဝိုင်းမှာ ပရားတာ့စ်ကျွန်း၏ အနောက်ဘက်ပိုင်းတွင် လခြမ်းကွေးပုံရှိနေ၏။ ကျွန်းအနောက်မြောက်ဘက်ရေအောက်၌ မြောက်ဗာရက္ကာကမ်းစပ်သည် ရေမျက်နှာပြင်အောက် ၁၁ မီတာ (၃၆ ပေ) တွင် ရှိပြီး တောင်ဗာရက္ကာကမ်းစပ်မှာ ၅၈ မီတာ (ပေ ၁၉၀) တွင်ဖြစ်သည်။

ကျွန်းအနောက်ဘက်တွင် ရေနံတွင်းများ အများအပြား ရှိသည်။[] ၂၀၀၇ ခု၌ တုံးရှာကျောက်ခတ်ကျွန်းဝိုင်းအမျိုးသားဥယျာဉ်ကို ထိုကျွန်း၌ တည်ထောင်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်းကျွန်းကို ကွမ်တုန်းပြည်နယ်ပိုင်အဖြစ် အဆိုပြုလျက်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. China to conduct major military drill simulating seizure of Taiwan-held island (14 May 2020)။ 14 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 November 2020 တွင် ပြန်စစ်ပြီး။
  2. Pratas Island (Approved - N) at GEOnet Names Server, United States National Geospatial-Intelligence Agency
  3. Pratas Islands Archived 2012-08-06 at the Wayback Machine., vm.nthu.edu.tw
  4. Pratas Island Airfield, Federation of American Scientists, www.fas.org
  5. Note that Woody Island, South China Sea in the Paracel Islands has a land area of 210 ha, which is greater than Pratas Island's 240-64=176 ha. Also, the PRC's land reclamation activities during 2014 & 2015 have created an "island" of ~230 ha at Fiery Cross Reef.
  6. Nautical Chart 93006, National Geospatial-Intelligence Agency, via www.oceangrafix.com