မာတိကာသို့ ခုန်သွားရန်

ပရမတ္ထသံခိပ်ကျမ်း

ဝီကီပီးဒီးယား မှ
ပရမတ္ထသံခိပ်ကျမ်း
စာအုပ်မျက်နှာဖုံး
စာရေးသူလယ်တီဆရာတော်
နိုင်ငံမြန်မာနိုင်ငံ
အမျိုးအစားဘာသာရေး
မီဒီယာ အမျိုးအစားပုံနှိပ်

ပရမတ္ထသံခိပ်ကျမ်း သည် ဗုဒ္ဓဘာသာဆိုင်ရာ အဘိဓမ္မာတရားကို အကျဉ်းချုပ်၍ လင်္ကာများဖြင့် ရေးသားထားသော ကျမ်းတစ်စောင်ဖြစ်သည်။ ဤကျမ်းကို မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးက ရေးသားစီရင်တော်မူခဲ့ခြင်းဖြစ်သည်။

အဘိဓမ္မာ၏အစ

[ပြင်ဆင်ရန်]

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ၆-ဝါအလွန် ၇-ဝါမြောက် ရောက်လတ်သောအခါ တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့ဘူးသော သန္တုသိတ နတ်သားကိုအမှူးပြု၍ နတ်ဗြဟ္မာအပေါင်းတို့အား ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း ၇-ကျမ်း အပြားရှိသော အဘိဓမ္မာ ဒေသနာကို ကောင်းစွာ ဟောကြားတော်မူခဲ့သည်။

အဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်း

[ပြင်ဆင်ရန်]

၎င်းအဘိဓမ္မာ ၇-ကျမ်းဒေသနာကို ကောင်းစွာသိရှိစေခြင်း အကျိုးငှါ သီဟိုဠ်ကျွန်း အနုရာဓမြို့ တုမူလသောမကျောင်းတိုက်ကြီးအရှင် အသျှင်အနုရုဒ္ဓါမထေရ်မြတ်သည် ပါဠိဘာသာဖြင့် အဘိဓမ္မတ္ထသင်္ဂြီုဟ် ခေါ်ဆိုမည်မှန်း လက်သန်းအဋ္ဌကထာကျမ်းကို ကြိုးပမ်းတော်မူခဲ့သည်။

ပရမတ္ထသံခိပ်ကျမ်းပေါ်ပေါက်လာခြင်း

[ပြင်ဆင်ရန်]

ဤအဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်းကို သင်ယူရာ၌ ပါဠိဘာသာ မကျွမ်းကျင်သော ရပ်သူရပ်သား ငယ်ရွယ်သူအများတို့မှာ ပါဠိ၏ခက်ခဲခြင်း၊ ပါးတို့ဖြင့် တွေ့ကြုံနေကြရသည့်အရေးကို မြော်တွေးထောက်ထား သနား ကရုဏာ လွန်စွာရှိလှသော မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးသည် ဤ ပရမတ္ထသံခိပ်ကျမ်းကို ချီးမွမ်းအံ့လောက် သံပေါက် လင်္ကာ ဖြင့် တီထွင်ကာ ရေးစီတော်မူခဲ့သည်။

ပရမတ္ထသံခိပ်ကျမ်း၏ ရည်ရွယ်ချက်

[ပြင်ဆင်ရန်]

ဤကဲ့သို့ ကရုဏာရှေ့ထား ရေးသားစီရင်တော်မူခဲ့သော ဤ ပရမတ္ထသံခိပ်ကျမ်းကို ကြိုးပမ်းလေ့လာသူတို့မှာ အဘိဓမ္မတ္ထအရာ လိမ္မာ ယဉ်ကျေး ရှုပ်ထွေးခက်ခဲမရှိ အသိဉာဏ်ပွင့်လင်းမည်ဖြစ်၍ နှစ်နှစ် သက်သက် လေ့ကျက် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။

ပရမတ္ထသံခိပ်ကျမ်း၏ အကျိုးကျေးဇူး

[ပြင်ဆင်ရန်]

ပရမတ္ထသံခိပ်ကျမ်းသည် အဘိဓမ္မာကို လေ့လာလိုသူများအတွက် အထူးအထောက်အကူပြုသော ကျမ်းဖြစ်သည်။ ပါဠိဘာသာကို မကျွမ်းကျင်သူများအတွက် အဘိဓမ္မာ၏ အဓိပ္ပါယ်ကို လွယ်ကူစွာ နားလည်နိုင်ရန် လင်္ကာများဖြင့် ရေးသားထားသည်။ ဤကျမ်းကို လေ့လာခြင်းဖြင့် အဘိဓမ္မာအပေါ် နားလည်မှု တိုးပွားစေပြီး အသိဉာဏ်ပွင့်လင်းစေနိုင်သည်။

နိဂုံး

[ပြင်ဆင်ရန်]

ပရမတ္ထသံခိပ်ကျမ်းသည် ဗုဒ္ဓဘာသာကို လေ့လာလိုသူများအတွက် အဖိုးတန်သော ကျမ်းတစ်စောင်ဖြစ်သည်။ လယ်တီဆရာတော်ဘုရားကြီး၏ ကရုဏာဖြင့် ရေးသားထားသော ဤကျမ်းကို လေ့လာခြင်းဖြင့် အဘိဓမ္မာကို လွယ်ကူစွာ နားလည်နိုင်ပါသည်။

ဤစာအုပ်တွင် လယ်တီဆရာတော်ဘုရားသည် အပိုင်း (၉) ပိုင်းဖြင့် ရေးသား ဖွဲ့စည်းထားသည်။

ထိုအပိုင်း (၉) ပိုင်းတို့မှာ

စသည်တို့ ဖြစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. လယ်တီဆရာတော်။ ပရမတ္ထသံခိပ်ကျမ်း |title= ရှိ ပြင်ပလင့်ခ် (အကူအညီ)