ပရမကန္ဒရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
ပရမကန္ဒရာဇမဟာဝိဟာရ
Paramakanda Raja Maha Vihara
පරමාකන්ද රජ මහා විහාරය
အချက်အလက်များ
တည်နေရာParamakanda, Anamaduwa, Sri Lanka
ကိုဩဒိနိတ်07°55′N 80°00′E / 7.917°N 80.000°E / 7.917; 80.000ကိုဩဒိနိတ်: 07°55′N 80°00′E / 7.917°N 80.000°E / 7.917; 80.000
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Puttalam
စီရင်စုNorth Western Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (1 November 1996), and (23 January 2009)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
ဗိသုကာ စတိုင်Cave temple
တည်ထောင်သူKing Walagamba

ပရမကန္ဒရာဇမဟာဝိဟာရ (သီဟိုဠ်: පරමාකන්ද රජ මහා විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ Puttalam ခရိုင်တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ Anamaduwa မြို့မှ ၄ ကီလိုမီတာခန့် (၂.၅ မိုင်) အကွာရှိ Paramakanda ရွာတွင် တည်ရှိသည်။ သီရိလင်္ကာနိုင်ငံအစိုးရက ကျောင်းတော်ကို ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ [၁] ၎င်းကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၉၄၈ နှင့် ၁၅၈၆ များတွင် ကြေညာခဲ့သည်။[၂]

ကျောင်းတော်[ပြင်ဆင်ရန်]

The inscription near the Bo tree

ကျောင်းတော်သည် ဘုရင် Walagamba (103 BC and c. 89–77 BC). အုပ်ချုပ်စဉ်အခါက တည်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်ကြသည်။[၃]

ဝိဟာရတွင် အဓိကအားဖြင့် လှေကားထစ်နှစ်ခု ပါဝင်သည်။ အောက်ပိုင်းရှိ လှေကားထစ်တွင် စေတီ၊ ဗောဓိပင်၊ ကျောက်ဂူများ၊ ဘိက္ခုများ နေရာကျောင်းဆောင်၊ အဓိကရုပ်ပွားတော်သီတင်းသုံးရာနေရာ၊ ခေါင်းလောင်းမျှောစင်တို့ ပါဝင်သည်။[၄] ရုပ်ပွားတော်သီတင်းသုံးရောကျောင်းဆောင်တွင် Kandyan ရိုးရာ ပန်းချီများပန်းပုများ၊ ခေတ်သစ်အနုပညာလက်ရာများဖြင့် အလှဆင်ထားသည်။

ကျောက်စာများ[ပြင်ဆင်ရန်]

ကျောက်စာအနည်းငယ်ကို ကျောင်းတော်ဥပစာတွင် တွေ့ရှိရသည်။ ကျောက်စာတစ်ခုကို သေးငယ်သည့်ရေကန်တစ်ခု၏ အခြားဘက်ဖြစ်သည့်မျက်နှာပြင်တွင် ထောင်လိုက်အနေအထားဖြင့် ရေးထွင်းထားသည်။ အခြားသော ကျောက်စာတစ်ခုမှာ အေဒီ ၇ ရာစုက ဖြစ်ပြီး ဗောဓိပင်အနီးရှိ ကျောက်တုံးတစ်ခုတွင် ရေးထိုးထားသည်။[၅]

ကန်အနီးရှိ ကျောက်စာများ[ပြင်ဆင်ရန်]

အချိန်ကာလ = အေဒီ ၁ ရာစု၊ အက္ခရာ = ဗြဟ္မဏီ၊ ဘာသာစကား = ရှေးဟောင်းသီရိလင်္ကာစကား။

ရေးထိုးထားသည့်စာ "The inscription mentions about the cistern of the chief daring mariner Tissa, the son of the chief Abhaya"

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Protercted Monument List 2012-12-12Department of Archaeology (12 December 2012)။ 23 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 March 2016 တွင် ပြန်စစ်ပြီး။
  2. Gazette 1586 & 23 January 2009, p. 107.
  3. "ඓතිහාසික පරමාකන්ද රජ මහා විහාරය ජරාවාස වෙලා"၊ Associated Newspapers of Ceylon Limited၊ 19 April 2017။ 1 March 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 13 June 2017။ 
  4. Paramakanda Cave Temple။ srisalike.com။ 7 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 July 2015 တွင် ပြန်စစ်ပြီး။
  5. Paramakanda Viharaya။ Lanka Pradeepa။ 9 December 2021 တွင် ပြန်စစ်ပြီး။