ပဒိယဒိုရရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
ပဒိယဒိုရရာဇမဟာဝိဟာရ
පදියදොර රජ මහා විහාරය
The ruined Stupa
အချက်အလက်များ
တည်နေရာPadiyathalawa
ကိုဩဒိနိတ်07°23′52.8″N 81°15′08.1″E / 7.398000°N 81.252250°E / 7.398000; 81.252250ကိုဩဒိနိတ်: 07°23′52.8″N 81°15′08.1″E / 7.398000°N 81.252250°E / 7.398000; 81.252250
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Ampara
စီရင်စုEastern Province
နိုင်ငံSri Lanka
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument (10 October 2014)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple

ပဒိယဒိုရရာဇမဟာဝိဟာရ (ပဒိဒိုရရာဇမဟာဝိဟာရ ဟုလည်း သိကြ, သီဟိုဠ်: පදියදොර රජ මහා විහාරය) သည် သီရိလင်္ကာနိုင်ငံ၊ Padiyathalawa မြို့တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် Mahiyangana မြို့မှ ၃၄ ကီလိုမီတာခန့် (၂၁ မိုင်) အကွာ Peradeniya – Chenkaladi - Badulla အမြန်လမ်း (A5) ပေါ်တွင် တည်ရှိသည်။ ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံအစိုးရက ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းကို ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အစိုးရဂေဇက်အမှတ် ၁၈၈၄ တွင် ကြေညာခဲ့သည်။

ကျောင်းတော်[ပြင်ဆင်ရန်]

ကျောင်းတော်ကို Kavan Tissa (205–161 BC) လက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသည်။ [၁] ယခုအခါတွင် ယိုယွင်းပျက်စီးနေပြီဖြစ်သည့် ဘုရားတစ်ဆူသည် မြေကမူတစ်ခုနှင့် အုတ်အကျိုးအပဲ့အစအနနံရံတစ်ခုကဲသို့သာ ဆင်တူလျက်ကျန်ရှိတော့သည်။ ဘုရားစေတီ၏ အနီးအနားတွင် ဗုဒ္ဓ၏ ရုပ်ပွားတော်တစ်ခုရှိပြီး ၎င်းမှာ အမြင့် ၄ ပေ (၁.၂ မီတာ) ရှိသည်။ အနီးအနားရှိ အဆောက်အဦမှာမူ ယခုအခါတွင် ပျက်စီးနေသည့်အနေအထားဖြစ်ကာ ရဟန်းအိုများထားရှိရာကျောင်းဆောင် Dharmachakra ဖြစ်သည်ဟု ဆိုကြသည်။ ကျောင်းတော်၏ ကျန်ရှိနေသည့် အပျက်အစီးအကြွင်းအကျန်များတွင် ကျောက်သားတံခါးတစ်ခုနှင့် ကျောက်တိုင်များ တွေ့ရှိရပြီး ၎င်းသည် ကျောင်းတော်၏ ပရဝုဏ်နယ်မြေအဖြစ် သိရှိနိုင်သည်။ ကျောင်းတော်တွင် တည်ရှိနေသည့် ဗောဓိပင်ကို ဒေသခံ ဗုဒ္ဓဘာသာဝင်များသည် ကြည်ညိုကြပြီး ဤအပင်သည် အနုရာဒပူရမြို့ရှိ ဇေယျာသီရိမဟာဗောဓိ၏ ပင်ပျိုပင်တစ်ပင် ဖြစ်သည်ဟု ယုံကြည်ကြသည်။[၂][၃]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Withanarachchi၊ Chandana Rohana (2005)။ පෞරාණික ස්ථාන සහ ස්මාරක: අම්පාර දිස්ත්‍රික්කය (Ancient places and monuments: Ampara District) (စင်ဟာလာဘာသာစကားဖြင့်)။ Department of Archaeology (Sri Lanka)။ p. 29။ ISBN 955-9159-44-5
  2. Padiyadora Rajamaha Viharaya – පදියදොර ඓතිහාසික පුරාණ රජමහා විහාරය။ amazinglanka။ 7 September 2017 တွင် ပြန်စစ်ပြီး။
  3. President makes historic visit to PadiyathalawaAssociated Newspapers of Ceylon Limited (2 July 2007)။ 7 September 2017 တွင် ပြန်စစ်ပြီး။