ပထန်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပထန် (ပါရှတို: پښتانه‎) သည် ဗဟိုအာရှနှင့် တောင်အာရှတွင် နေထိုင်သော အီရန်နွယ်ဖွားများဖြစ်ပြီး ယနေ့ အာဖဂန်သားတို့၏ ရှေ့မျိုးဆက်တည်း။ [၁][၂][၃] သုံးစွဲသည့် ဘာသာစကားမှာ အီရန်အရှေ့ပိုင်းတွင်သုံးသော ပါရှတိုစကားဖြစ်သည်။ ထို့အပြင် ပါရှန်းစကားပြောဖြစ်သော ဒါရီ (တာလီ) စကားကိုလည်း အသုံးများသည်။ [၄][၅][၆] အိန္ဒိယတိုက်ငယ်တွင်နေသော ပထန်တို့မှာ ဟင်ဒီ-အူရဒူဘာသာစကားတို့ကို ဒုတိယအသုံးများအဖြစ် သုံးသည်။ [၇][၈] အလွန်နည်းသောမျိုးနွယ်စုတို့သာ ပါရှန်းကိုသော်လည်းကောင်း၊ ဟင်ဒီ-အူရဒူကိုသော်လည်းကောင်း အားပြုသုံးစွဲသည်။ [၉] ပထန်လူမျိုးကို ၆၃ သန်းမျှရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် အာဖဂန်နစ္စတန်တွင် ၁၉၇၉ ကတည်းက သန်းခေါင်စာရင်း မကောက်တော့သဖြင့် အရေအတွက်ကို အတည်မယူသာ။ [၁၀]

အာဖဂန်နစ္စတန်တောင်ပိုင်းနှင့် ပါကစ္စတန်အနောက်မြောက်ပိုင်းတို့မှာ ပထန်တို့၏ ဇာတိဖြစ်ပြီး ယခင်က ပါရှတန်နစ္စတန် ခေါ်သည်။

အာဖဂန်နစ္စတန်၌ ပထန်တို့သည် အကြီးဆုံးလူမျိုးစုဖြစ်ပြီး လူဦးရေ၏ ၄၈% မျှ ရှိသည်။ [၁၁] နိုင်ငံဟူ၍ စတည်ကတည်းကပင် ပထန်တို့ဖြင့် စတည်လာခြင်းတည်း။ ပါကစ္စတန်၌လည်း ဒုတိယအကြီးဆုံး လူမျိုးစုအဖြစ် ပါဝင်ပြီး လူဦးရေ၏ ၁၅%-၁၈% ကြား ရှိသည်။ [၁၂][၁၃] ကမ္ဘာပေါ်ရှိ လူဦးရေများသော လူမျိုးစုတို့တွင် အဆင့် ၂၆ ချိတ်ပြီး လူမျိုးစုအလိုက် စုစည်းနေထိုင်သော အကြီးဆုံးလူမျိုးစုလည်း ဖြစ်၏။ ခန့်မှန်းခြေအရ ပထန်မျိုးနွယ်အုပ်စု ၃၅၀-၄၀၀ ဝန်းကျင် ရှိသည်။ [၁၄][၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Center, Missions Advanced Research and Communication (1980). South Asia. Missions Advanced Research and Communication Center. ISBN 978-0-912552-33-0. The major ity of Afghanistan ' s people are Pashtuns or Tajiks, both of Persian origin
  2. Tyagi, Vidya Prakash (2009). Martial races of undivided India. Gyan Publishing House. ISBN 978-81-7835-775-1. The ancestry of the Pashtuns are eastern Iranian
  3. Inc, IBP (4 April 2013). Afghanistan Labor Policy, Laws and Regulations Handbook: Strategic Information and Regulations. Lulu.com. ISBN 978-1-4387-8020-7. The majority of Afghanistan's population consist of the Iranian peoples, notably the Pashtuns and Tajiks.
  4. Bodetti, Austin (11 July 2019). "What will happen to Afghanistan's national languages?". alaraby.
  5. Chiovenda, Andrea (12 November 2019). Crafting Masculine Selves: Culture, War, and Psychodynamics in Afghanistan. Oxford University Press. ISBN 978-0-19-007355-8. Niamatullah knew Persian very well, as all the educated Pashtuns generally do in Afghanistan
  6. "Hindu Society and English Rule". The Westminster Review. The Leonard Scott Publishing Company. 108 (213–214): 154. 1877. Hindustani had arisen as a lingua franca from the intercourse of the Persian-speaking Pathans with the Hindi-speaking Hindus.
  7. Hakala, Walter N. (2012). "Languages as a Key to Understanding Afghanistan's Cultures" (PDF). National Geographic. In the 1980s and '90s, at least three million Afghans--mostly Pashtun--fled to Pakistan, where a substantial number spent several years being exposed to Hindi- and Urdu-language media, especially Bollywood films and songs, and being educated in Urdu-language schools, both of which contributed to the decline of Dari, even among urban Pashtuns.
  8. Dalal, Mangal (8 January 2010). "When men were men". The Indian Express. Archived from the original on 11 February 2010. She's a Pathan girl who speaks Hindi and Urdu well and was spectacular in the screen test. It was pure luck.
  9. Misdaq, Nabi (2005). Afghanistan: Political Frailty and Foreign Interference. Routledge.
  10. "Hybrid Census to Generate Spatially-disaggregated Population Estimat". United Nations world data form. Archived from the original on 17 May 2020.
  11. "Afghanistan - The World Factbook". www.cia.gov.
  12. "Pakistan - The World Factbook". www.cia.gov.
  13. Kiani, Khaleeq (28 May 2018). "CCI defers approval of census results until elections". Dawn. On the national level, Pushto stood second with 18.24pc population reporting it as mother tongue...
  14. Romano, Amy (2003). A Historical Atlas of Afghanistan. The Rosen Publishing Group. p. 28. ISBN 0-8239-3863-8.
  15. Syed Saleem Shahzad (20 October 2006). "Profiles of Pakistan's Seven Tribal Agencies".