ပင်လယ် အနီမိုနီ

ဝီကီပီးဒီးယား မှ
ပင်လယ် အနီမိုနီ
(Sea Anemone)
Temporal range: 508–0 Ma
Upper Cambrian to Present
A selection of sea anemones,
painted by Giacomo Merculiano, 1893
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Cnidaria
မျိုးပေါင်း: Anthozoa
မျိုးပေါင်းသေး: Hexacorallia
မျိုးစဉ်: Actiniaria
မျိုးစဉ်ခွဲ
ဇီဝမျိုးစုံမျိုးကွဲ
မျိုးရင်း ၄၆ ခု

ပင်လယ်အနီမိုနီ (Sea anemone) ဆိုသည်မှာ ပင်လယ်ခူအမျိုးအစား(Cnidarian animals)တွင် ပါဝင်သည့် အရောင်စုံကာ ပန်းများနှင့် သဏ္ဌာန်တူသည့် ရေနေသတ္တဝါတစ်မျိုးဖြစ်သည်။ Polyps ဟုခေါ်သည့် မျိုးပေါင်းစုတွင် အခြေခံအကျဆုံးမျိုးစိတ်တစ်ခုဖြစ်သည်။ ၎င်းတို့သည် အမြဲဆာလောင်နေတတ်သော သတ္တဝါများဖြစ်ကြသည်ပြီး ၎င်းတို့၏ နီမတိုဆိုက်(nematocysts) အဆိပ်ရှိသောဆူးချွန်ငယ်လေးများဖြင့်ထိုးသွင်း၍ ကာပွန်းနှင့်တူအောင်ဖွဲ့စည်းထားသည့် နီယိုတိုးစင့်(Neurotoxin)များ ပို့ဆောင်ကာ မီးကဲ့သို့လောင်ကျွမ်းစေပြီး သားကောင်ကား သွက်ချာပါဒ အဆိပ်သင့်ကာရူးသွပ်စေခြင်းနည်းဖြင့် အစာရှာကြသည်။ ငါး သို့မဟုတ် ပင်လယ်သတ္တဝါများအား စားသုံးရာတွင် ၎င်းတို့ အမဲလိုက်ရရှိထားသည့် သားကောင်ကို သူ၏ခန္ဓာကိုယ်အတွင်းရှိ အစာအိမ်အတွင်းသို့ရောက်ရှိစေပြီး ဖြေးညှင်းစွာအစာခြေဖျက်ခြင်းဖြင့် စားသုံးကြသည်။

ကလုန်းငါးနှင့်တွေ့ရသည့် ပင်လယ် အနီမိုနီ
ကလုန်းငါးနှင့်တွေ့ရသည့် ပင်လယ် အနီမိုနီ

အနီမိုနီများသည် မလုပ်ရှားပဲ မာကြောသော ပင်လယ်ရေအောက် ကျောက်တန်းများအား တွယ်ကပ်နေတတ်သည့် သတ္တဝါတစ်မျိုးဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏အောက်ခြေအားအသုံးပြု၍ ဖြေးညှင်းစွာရွေ့လျားနိုင်သည်။ အခြားမျိုးစိတ်များမှာ နေရာသစ်သို့ ပြောင်းရွှေ့နိုင်ပြီး ထိုသို့ပြောင်းရွှေ့ရာတွင် ကိုယ်ခန္ဓာအား ချိုးကွေးသွားခြင်း အား အသုံးပြုသည်။ ပြောင်းရွှေ့ရသည့် ရည်ရွယ်ချက်များမှာ လုံခြုံရေးအရသော်လည်းကောင်း(အခြားအမဲလိုက်ကောင်များ၏အန္တရာယ်)သို့မဟုတ် ခြောက်သွေ့သော ပတ်ဝန်းကျင်အနေအထားအရသော် လည်းကောင်း ဖြစ်သည်။

အနီမိုနီတစ်ခု၏ ကိုယ်ခန္ဓာထိပ်ပိုင်းတွင် နှုတ်သီးချပ်ပြား တစ်ခုပါဝင်သည်။ ပါးစပ်နှင့် အူများသည် ယင်းနှုတ်သီးချပ်ပြား အလယ်ပိုင်းတွင် တည်ရှိသည်။ ၎င်း၏ အာရုံခံအစာရှာသည့် လက်ချောင်းကွင်း များသည် နှုတ်သီးချပ်ပြား ပတ်ပတ်လည်တွင်ရှိသည်။ ခြေနင်းချပ်ပြားသည် ပင်လယ်အနီမိုနီ၏ အောက်ခြေတွင်ရှိသည်။ အချို့သော အနီမိုနီပန်းများသည် အခြားရေသတ္တဝါများနှင့် လိုက်လျောညီထွေစွာနေထိုင်တတ်ကြသည်။ အလုန်းငါး၊ အင်ကော့နီတိုဂိုဘီ နှင့်အခြား မြားကဏန်းများသည် အနီမိုနီ၏အာရုံခံလက်ချောင်းကွင်းများအားရှာဖွေ၍ ၎င်းတို့၏ တည်းခိုရာအကာအကွယ်ပြုလုပ်နေထိုင်ကြသည်။ ဝင်ကစို့ကောင်များ ဝင်ရောက်နေထိုင်တတ်သော အခွံများတွင် အနီမိုနီကောင်များ ကပ်ပါလာတတ်သည်ကိုတွေ့ရတတ်သည်။ အချို့အနီမိုနီများ၏ အတွင်းပိုင်းတွင် ပင်လယ်ရေညှိအမျိုးအစားအချို့ကိုတွေ့ရပြီး ယင်းတို့နှင့်လိုက်ရောညီထွေစွာနေထိုတတ်သည်ကိုတွေ့ရသည်။ ယင်းသည်ပင်အခြား သန္တာကျောက်များ၏ ပြုမူပုံနှင့်ဆင်တူသည်။ ဒိုင်နိုဖလက်ဂယ်လိတ် ရေညှိသည် နေရောင်ခြည်အားအစာချက်လုပ်ရန်အသုံးပြုပြီး ချက်လုပ်ပြီးသောအစာအချို့ကို အနီမိုနီပန်းက စားသုံးခြင်းဖြင့်လည်းနေထိုင်ကြသည်ကိုတွေ့ရသည်။