ပင်လယ်ပျော်ဘီလူး

ဝီကီပီးဒီးယား မှ
သမိုင်းကြောင်း
အမည်:
  • Seawise Giant (၁၉၇၉–၁၉၈၉)
  • Happy Giant (၁၉၈၉–၁၉၉၁)
  • Jahre Viking (၁၉၉၁–၂၀၀၄)
  • Knock Nevis (၂၀၀၄–၂၀၀၉)
  • Mont (၂၀၀၉–၂၀၁၀)
ပိုင်ဆိုင်သူ:
  • Amber Development (၂၀၀၉–၂၀၁၀)
  • First Olsen Tankers Pte. (၂၀၀၄–၂၀၀၉)
  • Loki Stream AS (၁၉၉၁–၂၀၀၄)
မောင်းနှင်သူ: Prayati Shipping (၂၀၀၉–၂၀၁၀)
Port of registry:
တည်ဆောက်သူ:
Out of service: ၂၀၀၉
Identification:
Fate: ၂၀၁၀ တွင် တစ်ပိုင်းစီဖြုတ်ပစ်
မှတ်ချက်: [၂][၃][၄]
အထွေထွေ အချက်အလက်များ
အမျိုးအစား: Crude oil tanker
တန်ချိန်:
ဖယ်ထုတ်ခံရသော ရေထု:
  • 81,879 long tons light ship
  • 646,642 long tons full load
အလျား: ၄၅၈.၄၅ m (၁,၅၀၄.၁၀ ft)
ရက်မ: ၆၈.၈ m (၂၂၅.၇၂ ft)
ပေါ်ရန် လိုသောရေအနက်: ၂၄.၆၁၁ m (၈၀.၇၄ ft)
အနက်: ၂၉.၈ m (၉၇.၇၇ ft)
တွန်းအား: 2 Mitsubishi V2M8 boilers (Designed by Combustion Engineering) Sumitomo Stal-Laval AP steam turbine, 50,000 hp
အမြန်နှုန်း: ၁၆.၅ knot (၃၀.၆ kilometres per hour; ၁၉.၀ miles per hour)
မှတ်စု: [၃]

ပင်လယ်ပျော်ဘီလူး (Seawise Giant) သည် အလွန်တရာကြီးမားသောရေနံတင်သင်္ဘောကြီးတစ်စီးဖြစ်ပြီး တည်ဆောက်ခဲ့သမျှသော သင်္ဘောများထဲတွင် အရှည်ဆုံးလည်းဖြစ်ပေသည်။ Happy Giant, Jahre Viking and Knock Nevi စသည့်အမည်များဖြင့်လည်း သိရှိကြသည်။ မှတ်တမ်းအရ သင်္ဘောတစ်စီးမှ သယ်ဆောင်နိုင်သောအသားတင်ဝန်အများဆုံးကို သယ်ဆောင်ခဲ့ဖူးသည်။ ဝန်အပြည့်ထမ်းလျှင် သင်္ဘောနစ်ဝင်ဖယ်ထုတ်နိုင်သောရေထုပမာဏမှာ ၆၅၇,၀၁၉ မက်ထရစ်တန် ( ၆၄၆,၆၄၂ တန်ရှည် (ဗြိတိသျှ); ၇၂၄,၂၃၉ တန်တို (အမေရိက))ရှိသည်။ အလေးဆုံးလည်းဖြစ် ၎င်းအတွက်ရေပေါ်တွင်ကောင်းစွာပေါ်ရန် လိုအပ်သော အောက်ရေအနက်မှာ ၂၄.၆မီတာ (၈၁ပေ)ဖြစ်သောကြောင့် ဤသင်္ဘောကြီးသည် အင်္ဂလိပ်ရေလက်ကြား၊ စူးအက်တူးမြောင်း၊မနားမားတူးမြောင်းတို့တွင်တော့ သွားလာနိုင်ခြင်းမရှိပေ။ တည်ဆောက်ဖူးသမျှ၌ အရှည်ဆုံးသင်္ဘော၊ လူမောင်းနှင်နိုင်သောပစ္စည်းတကာထဲတွင်လည်း အကြီးဆုံးဖြစ်၏ ။ အီရန်-အီရတ်စစ်ပွဲ၌ နစ်မြုတ်ခဲ့ပြီး နောက်ပိုင်းတွင် ဆယ်ယူ၍ ပြန်လည်အသုံးပြုနိုင်စေရန်ပြင်ဆင်ခဲ့ကြသည်။ ထို့နောက် (၂၀၀၄)တွင် ကမ်းလွန်ရေနံချက်စက်ရုံငယ်အသွင်ပြောင်လဲခဲ့ပြီးနောက် ပါရှန်းပင်လယ်ကွေ့ ကာတာကမ်းရိုးတန်းရှိ အယ်လ် ရှဟီးန်ရေနံမြေ၌ ဆိုက်ကပ်ထားခဲ့သည်။

နောက်ပိုင်း သင်္ဘောကို အိန္ဒိယသင်္ဘော ဖျက်/ပြင်/သုံး လုပ်ငန်းသို့ရောင်းချခဲ့ပြီး (၂၀၀၉) ဒီဇင်ဘာ၌ ၎င်း၏နောက်ဆုံးခရီစဉ်အတွက် မောင့် (Mont) ဆိုသည့်အမည်ပေးခဲ့သည်။ အိန္ဒိယကင်းဆိပ်မှ ခွင့်ပြုချက်ရပြီး ဂူဂျာရတ်ပြည်နယ် အလန်သို့ ဖျက်ချရန်ရောက်ရှိလာခဲ့တော့သည်။

ရာဇဝင်[ပြင်ဆင်ရန်]

ပင်လယ်ပျော်ဘီလူးကို (၁၉၇၄)တွင်မှာယူ၍ (၁၉၇၉)တွင်ဆူမီတိုမိုအကြီးစားစက်မှုလုပ်ငန်းကအပြီးသတ်ရေချခဲ့သည်။ နေရာကား ဂျပန်နိုင်ငံ ကာနာဂါဝါနယ်မြေ ယိုကိုစုကားမြို့ အိုပါးမားသင်္ဘောကျဉ်းဖြစ်၏ ။ (၄၁၈,၀၀၀)တန်လေးသော ရေနံစိမ်းတင်သင်္ဘောတစ်စီးဖြစ်ကာ အချိန်အတော်ကြသည်အထိ အမည်မပေးပဲထားခဲ့သည်။ သင်္ဘောကိုယ်ထည်အမှတ် (၁၀၁၆) ဖြစ်သည်။ ဤ(၁၀၁၆)သင်္ဘောသည် စမ်းသပ်မောင်းနှင်ချိန် စက်ကုန်ဖွင့်အရှိန်တင်လျှင် ပြင်းထန်သောတုန်ခါမှုများကြုံတွေ့ခဲ့ရသည်။ ဂရိလူမျိုးဝယ်သူမှ လက်ခံရန်ငြင်းဆန်ခဲ့၍ တရားရင်ဆိုင်ရင်း အချိန်အတော်ကြာမြင့်ခဲ့ပြီးနောက် ထိုဂျပန်လုပ်ငန်းစုကပဲ သင်္ဘောကိုရောင်းချကာ အိုပါးမား ဟု အမည်ပေးခဲ့သည်။ အဆိုပါသင်္ဘောကျဉ်းက ရောင်းချရန်ကြိုးပမ်းခဲ့ရာ ဟောင်ကောင်အရှေ့တိုင်းပင်လယ်ပြင်သင်္ဘောလိုင်းတည်ထောင်သူ C. Y. Tung က ဝယ်ယူ၍ သင်္ဘောကို မီတာအနည်းငယ်ပိုမိုရှည်လျှားစေ၍ ပဲ့ပိုင်းနှင့် ဦးပိုငါးကြား (၁၅၆,၀၀၀)တန် ထပ်မံပိုဆောင်းစေခဲ့ပြန်သည်။ နှစ်နှစ်အကြာဝယ် Seawise Giant ဆိုသောအမည်ဖြင့် ပင်လယ်ပြင်သို့တဖန်ရောက်ရှိခဲ့ပြန်သည်။ Seawise [IPA /‘siːwaɪz/] စကားလုံးမှာ ပိုင်ရှင်၏နာမည် C. Y.'s [IPA /‘siːwaɪz/] ၏ အသံတူစကားလုံးဖြစ်သည်။ သူပိုင်သော တခြားသင်္ဘောများကိုလည်း Seawise စကားလုံးများဖြင့်မှည့်ခေါ်ရာ ထင်ရှားသော နောက်တစ်စီးမှာ Seawise University ပင်ဖြစ်သည်။

ပြုပြင်ပြီးနောက် အဆိုပါသင်္ဘောမှာ အသားတင်ဝန်(၅၆၄,၇၆၃) မက်ထရစ်တန် တင်ဆောင်နိုင်ပြီး အရှည်(၄၅၈.၄၅မီတာ သို့ ၁,၅၀၄.၂ပေ)၊ လိုအပ်သော အောက်ရေအနက် (၂၄.၆၁၁မီတာ သို့ ၈၀.၇၄ပေ)၊ ဆီလှောင်ကန် (၄၆)ကန်၊ ကုန်းပတ်အကျယ် (၃၁,၅၄၁စတုရန်း မီတာ သို့ ၃၃၉,၅၀၀ စတုရန်းပေ)အထိ ကြီးမား၏ ။ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းရန် ရေထုပေါင်းများစွာ ဆွဲစုပ်ခဲ့သည်။ ငါးမိုင်လောက်သာရောက်ရှိပြီးဆက်လက်မသွားနိုင်ခဲ့ပါ။ ပဲ့မှာ (၂၃၀)တန်၊ ဒလက်သည် (၅၀)တန်ရှိ၏ ။ အီရန်-အီရတ်စစ်ပွဲကာလ ၁၉၈၈, မေ ၁၄ တွင် အီရန်နိုင်ငံ လာရက်ကျွန်း၌ ကျောက်ချနေစဉ် အီရန်ဘက်မှရေနံသယ်ဆောင်လာမှုဖြင့် အီရတ်လေတပ်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးယိုယွင်းခဲ့ပြီး ထိုကမ်းရိုးတန်းရေတိမ်ပိုင်း၌နစ်မြုပ်ခဲ့သည်။ ပြင်ဆင်စရိတ်မှာ သင်္ဘောတန်ဖိုးထက်ပိုနေသဖြင့် စွန်ပစ်ခဲ့ကြသည်။ စစ်အပြီး နော်မန်နိုင်ငံတကာ ကုမ္ပဏီက ထိုအပျက်ကိုဝယ်ယူပြင်ဆင်ပြီး Happy Giant ဟု အမည်သစ်ရရှိသည်။ ပြင်ဆင်မှုကို စင်္ကာပူ ကက်ပဲလ်သင်္ဘောကျဉ်းသည် ပါရှန်းပင်လယ်ကွေ့မှ ဆွဲခေါ်ယူခဲ့ပြီး လုပ်ကိုင်ခဲ့ရာ (၁၉၉၁) အောတိုဘာတွင် Happy Giant အဖြစ်တဖန် တာဝန်ထမ်းဆောင်ခဲ့၏ ။ Jørgen Jahre က ထိုနှစ်ထဲတွင်ပင် အမေရိကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူ၍ Jahre Viking အမည်ရခဲ့ပြန်သည်။ ၁၉၉၁-၂၀၀၄ ထိ ထိုသင်္ဘောကို Loki Stream ASင ပိုင်ဆိုင်ကာ နော်ဝေးအလံအောက်တွငါ လုပ်ကိုင်ခဲ့၏ ။ ၂၀၀၄ ၌ First Olsen Tankers Pte. Ltd., ကထပ်မံဝယ်ယူပြန်ရာ အမည်သစ်မှာ Knock Nevis ပင်ဖြစ်သည်။ ပါရှန်းပင်လယ်ကွေ့ ကာတာကန်းရိုးတန်းရှိ အယ်လ် ရှဟီးန်ရေနံမြေ၌ ဆိုက်ကပ်ထားကာ ကမ်းလွန်ရေနံချက်စက်ရုံငယ်အသွင်ပြောင်းလဲခဲ့သည်။


နော့(က်)နေဗိစ်/ပင်လယ်ပျော်ဘီလူးနှင့်အခြား သင်္ဘောများ၊ အဆောက်အအုံများနှင့်ယှဉ်ပြထားပုံ-
  တမ်းပလိတ်:RMS, ၃၄၅ မီတာ
  နော့(က်)နေဗိစ်/ပင်လယ်ပျော်ဘီလူး, ၄၅၈ မီတာ

Knock Nevisကို Mont ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး Sierra Leoneနိုင်ငံအလံပြောင်းလဲခဲ့သည့် ပိုင်ရှင်အသစ်မှာ Amber Development Corporationပင်ဖြစ်ပြီး ၂၀၁၀ ဇန်နဝါရီသည် ဤသင်္ဘော၏ နောက်ဆုံးခရီးစဉ်လည်းဖြစ်သည်။ ထို့နောက် သင်္ဘောကိုဖျက်ဆီးခဲ့ကြ၏ ။ (၃၆)မက်ထရစ်တန်ရှိ ကျောက်ဆူးကိုကား ဟောင်ကောင်ရေကြောင်းပြတိုက်တွင်ထားရှိခဲ့သည်။

အရွယ်အစား မှတ်တမ်း[ပြင်ဆင်ရန်]

Seawise Giant သည် တည်ဆောက်ခဲ့သမျှသင်္ဘောများတွင်အရှည်ဆုံးဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအချို့ထက်ပိုမိုရှည်လျားသည်။ ၅၀၉.၂ မီတာ(၁၆၇၁ ပေ)မြင့်သည့် တိုင်ပေ ၁၀၁ အဆောက်အအုံ၊ အောက်ခြေမှထိပ်ဆုံးအင်တင်နာအထိ ၅၂၇.၃ မီတာ(၁,၇၃၀ ပေ)မြင့်သည့် ဝီလီမျှော်စင်(တရားဝင်အမည် ဆီးယားမျှော်စင်)တို့ထက်အနည်းငယ်တိုသည်။ ၄၂၅မီတာ(၁၄၈၃ ပေ)မြင့်သည့် ပက်ထရိုနပ်အမြွှာမျှော်စင်ထက်ကြီးမားသည်။

ပင်လယ်ပျော်သင်္ဘောသည်ဤမျှရှည်လျားပြီး ယာဉ်နှင့်ကုန် တန် ၂၆၀,၉၄၁ လေးသော်လည်း အလေးချိန်အများဆုံးသင်္ဘောမဟုတ်ပေ။ ယာဉ်နှင့်ကုန်တန်ချိန် ၂၇၄,၈၃၈ လေးသည့် ဘာတီလပ်စ်အမျိုးအစားမဟာကုန်တင်သင်္ဘော လေးစီးက အလေးချိန်ပိုများသည်။ ဘာတီလပ်စ်အမျိုးအစားမဟာကုန်တင်သင်္ဘောနှင့် ပင်လယ်ပျော်ဘီလူး တို့သည် တည်ဆောက်ခဲ့သမျှတွင်အကြီးဆုံးစက်တပ်ယာဉ်များဖြစ်ကြသည်။

Seawise Giantသည် ဂျရမီးကလာ့ဆန်၏ BBC အစီအစဉ်တွဲဖြစ်သည့် အစွန်းဆုံသော စက်ပစ္စည်းများ အပိုင်း၌ပါဝင်ခဲ့ပြီး ထိုအချိန်၌ Jahre Vikingဆိုသော အမည်ဖြင့်ဖြစ်သည်။ ထိုသင်္ဘောကပ္ပတိန်၏ပြောကြားချက်အရ သင်္ဘောသည်ရာသီဥတုကောင်းလျှင် ရေမိုင် (၁၆.၅)မိုင် သို့ (၃၀.၆ km per hour)၊ ထိုအရှိန်မှရပ်တန့်ရန် ခရီးအကွာအဝေး ၅.၅ မိုင် (၈.၉ ကီလိုမီတာ)လိုအပ်သည်ဟုဆိုသည်။ ကြည်လင်သောဥတုရှိက ကွေ့သွားနိုင်နှုန်းမှာ (၂မိုင် သို့ ၃ ကီလိုမီတာ)ရှိပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တမ်းပလိတ်:Cite ship register
  2. တမ်းပလိတ်:Csr
  3. ၃.၀ ၃.၁ ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named rss
  4. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named bluepulz1209

ထပ်မံ ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Watt၊ Nick။ "Skipper Shortage: Supply Not Keeping Pace"၊ ABC News Nightline၊ 4 January 2007။ 5 April 2008 တွင် ပြန်စစ်ပြီး 
  • Clarkson Research Studies Ltd. (1987)။ Tanker Register 1987။ International Publication Service။ ISBN 0-8002-4143-6

ပြင်ပလင့်များ[ပြင်ဆင်ရန်]