နှောင်းတမြေ့မြေ့ (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
(နှောင်းတမြေ့မြေ့(ရုပ်ရှင်) မှ ပြန်ညွှန်းထားသည်)

နှောင်းတမြေ့မြေ့ သည် ၁၉၇၅ ခုတွင် ရိုက်ကူးသော မြန်မာရုပ်ရှင် တစ်ကားဖြစ်သည်။ ဥက္ကလာရုပ်ရှင်အတွက် မြတ်ထန်၏ ဝတ္ထုကို မောင်၀ဏ္ဏ ရိုက်ကူးပြီး ဇော်လွင်သုမောင်ဗဂျီအောင်စိုး နှင့် ချိုပြုံးတို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၇၅ ခု၊ ဩဂုတ်လ ၂၂ ရက်တွင် ရုံတင်ပြသသည်။ [၁]

ယင်းဇာတ်ကားကို စိုးသူရန်အောင်နှင့် ထွန်းအိန္ဒြာဗို တို့ပါဝင် သရုပ်ဆောင်ပြီး သက်မောင်မောင်မှ ၁၉၉၉−ခုနှစ်တွင် ထပ်မံရိုက်ကူးခဲ့သည်။

မောင်၀ဏ္ဏ ရိုက်ကူးသော နှောင်းတမြေ့မြေ့သည် အဖြူအမည်းဇာတ်ကားဖြစ်ပြီး သက်မောင်မောင် ရိုက်ကူးသည်မှာ ဆေးရောင်စုံဇာတ်ကားဖြစ်သည်။ ဒါရိုက်တာ သက်မောင်မောင် ရိုက်ကူးခဲ့သော ဇာတ်ကားတွင် ထွန်းအိန္ဒြာဗိုက မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်အောင်မင်း။ "တလအတွင်း မြန်မာ့ရုပ်ရှင်နှင့် တေးဂီတ"။ သပြေ တေးမဂ္ဂဇင်း၊ အမှတ်စဉ် ၉။ ၁၉၇၅၊ ဩဂုတ်။ စာ ၉၀-၉၄။