နှစ်သောင်းကျပ်တန် ငွေစက္ကူ

ဝီကီပီးဒီးယား မှ
နှစ်သောင်းကျပ်တန် ငွေစက္ကူ
ကျပ်
ဖိုင်:20000kyatf.jpg
၂၀၀၀၀ ကျပ် (၂၀၂၃)
ISO 4217
ကုဒ်MMK
ယူနစ် ပိုင်းခြားသတ်မှတ်ပုံ
ငွေကြေးသင်္ကေတK
ငွေစက္ကူများ50 pyas, K1, K5, K10, K20, K50, K100, K200, K500, K1000, K5000, K10,000, K20,000
လူမှုပထဝီ
အသုံးပြုသူ(များ) မြန်မာ
ထုတ်ဝေခြင်း
ဗဟိုဘဏ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်
 ဝဘ်ဆိုဒ်cbm.gov.mm

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ကို ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့ အစိုးရ၏ ကြေညာချက်အရ ထိုခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည် ဖြစ်သည်။[၁]

ကျပ်ငွေ နှစ်သောင်းတန်အသစ်အား နေပြည်တော်တွင် တည်ထားသည့် မာရဝိဇယရုပ်ပွားတော် ပြီးစီးသည့် အထိမ်းအမှတ်နှင့် ဆင်ဖြူတော် ရဋ္ဌနန္ဒက၏ တစ်နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ် ဝေမည်ဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် အမှတ်တရ အနေဖြင့် ထည့်သွင်းလဲလှယ်ပေးမည်ဖြစ်ကြောင်းနှင့် လူတစ်ဦးလျှင် နှစ်သောင်းကျပ် တန် ငွေစက္ကူသုံးရွက်ခန့်သာ လဲလှယ်နိုင်မည်ဟု ဆိုသည်။[၂] [၃] [၄]

အစိမ်းနုရောင် ထို ကျပ်ငွေနှစ်သောင်းတန်အသစ်၏ အရှေ့ဘက်တွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး အနောက်ဘက်တွင် စစ်ကိုင်းနှင့် ဧရာဝတီတံတားပုံများ ရိုက်နှိပ်ထားသည်။[၅]

‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအမျိုးအစားသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ထုတ်ဝေမည်Myanmar Digital News (၂၄ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ၂၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ် စစ်ကောင်စီထုတ်ဝေDVB Burmese (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာVOA Burmese (၂၃ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ကျပ်နှစ်သောင်းတန် ငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး ငွေစက္ကူအဟောင်းအား အစားထိုးလဲလှယ်ပေးခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟုဆိုEleven Media (၂၄ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. စစ်ကောင်စီက နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေမည်RFA Burmese (၂၂ ဇူလိုင် ၂၀၂၃)။ ၂၄ ဇူလိုင် ၂၀၂၃ တွင် ပြန်စစ်ပြီး။