နံနက်
နံနက် သည် နေထွက်ချိန်မှ နေမွန်းတည့်ချိန်အထိ ကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။[၁] နံနက်ခင်းအတွက် မည်သည့်အချိန်တွင် စတင်ပြီး မည်သည့်အချိန်တွင် ပြီးဆုံးသည်နှင့် ပတ်သက်၍ တိကျသည့် အချိန်သတ်မှတ်ထားချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးတစ်ယောက်၏ ဘဝနေထိုင်မှုပုံစံနှင့် နေ့ခင်းအချိန်များသည် နှစ်အလိုက် ပြောင်းလဲမှုများ ရှိနေသည့်အတွက် ဖြစ်သည်။ သို့သော်လည်း နံနက်သည် နေမွန်းတည့်သည့်အချိန်တွင် ပြီးဆုံးပြီး မွန်းလွဲအချိန် စတင်သည်။ နံနက်ခင်းကို ညသန်းခေါင်အချိန်မှ နေမွန်းတည့်အချိန်၊ နေထွက်ချိန် (နေထွက်ချိန်သည် နှစ်အလိုက် ပြောင်းလဲမှု ရှိသည်။) မှ နေမွန်းတည့်အချိန်၊ အိပ်ရာထသည့်အချိန်မှ နေမွန်းတည့်အချိန် စသည်ဖြင့် အဓိပ္ပာယ်သတ်မှတ်နိုင်သည်။[၂]
ရုပ်ပုံများ[ပြင်ဆင်ရန်]
Yosemite Valley in the morning
The first rush hour of the day is during the morning, London, April 2012
Maple tree with red leaves in the morning mist. Western Estonia
ကိုးကား[ပြင်ဆင်ရန်]
- ↑ Oxford Dictionary။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 October 2019 တွင် ပြန်စစ်ပြီး။
- ↑ Learner's Dictionary