မာတိကာသို့ ခုန်သွားရန်

မွန်းလွဲ

ဝီကီပီးဒီးယား မှ
The bay of Sorrento during the late afternoon
The Türkenschanzpark[de] in Vienna during the early afternoon

မွန်းလွဲ သည် နေ့တစ်နေ့၏ သတ်မှတ်ထားသည့် အချိန်ကာလတစ်ခု ဖြစ်သည်။ နေ့လယ် ၁၂ နာရီအချိန် သို့မဟုတ် ထမင်းစားချိန်မှ ညနေအချိန် (သို့) ညနေ ၅ (သို့) ၆ နာရီ မတိုင်မီကာလသည် မွန်းလွဲ ဖြစ်သည်။[][] မွန်းလွဲဆိုသည့် စကားလုံးကို တိုက်ရိုက်ကောက်လျှင် မွန်းတည့်ချိန်ပြီးနောက်ဖြစ်ပေါ်သည့် အချိန်ကိုကိုယ်စားပြုသည်။

ဝေါဟာရ

[ပြင်ဆင်ရန်]

Afternoon ဟူသည့် ဝေါဟာရသည် “after” နှင့် “noon” မှ ဆင်းသက်လာသည်။[]

ဖြစ်ရပ်များ

[ပြင်ဆင်ရန်]

မွန်းလွဲချိန်သည် နေ၏ အထွတ်အထိပ်သို့ ရောက်ရနေရာမှ အကျဘက်သို့ ရောက်ရှိသည့် ကာလ ဖြစ်သည်။ မွန်းလွဲအချိန်ကာလတွင် နေသည် အနောက်ဘက်ဆီသို့ ကောင်းကင်၏ အလယ်ဗဟိုနေရာမှ အနောက်ဘက်ဆီသို့ ရွေ့လျားသည်။ မွန်းလွဲချိန်၏ နောက်ပိုင်းကာလတွင် နေသည် အထူးတောက်ပပြီး ဖိတ်ဖိတ်တောက်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နေသည် ကောင်းကင်၌ ထောင့်ကျဉ်းတစ်ခုတွင် ကျရောက်နေချိန် ဖြစ်သောကြောင့် ဖြစ်သည်။ စက်မှုဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံအများစုတွင် စံသတ်မှတ်ထားသည့် အလုပ်လုပ်ချိန်သည် မနက်ခင်းမှ မွန်းလွဲချိန် နောက်ပိုင်း (သို့မဟုတ်) ညနေခင်းပိုင်းအထိ ဖြစ်သည်။ မနက် ၉ နာရီမှ ညနေ ၅ နာရီ (အချို့နိုင်ငံများတွင် ၆ နာရီ) ဖြစ်သည်။ စာသင်ကျောင်းများသည် မွန်းလွဲပိုင်းအချိန်တွင် ကျောင်းဆင်းလေ့ရှိကြသည်။[][]

ကိုးကား

[ပြင်ဆင်ရန်]
  1. Definition of evening in English Collins 13 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 April 2019 တွင် ပြန်စစ်ပြီး။
  2. Oxford English Dictionary, Third Edition (online), entries at afternoon and evening.
  3. Noon Merriam-Webster။ October 9, 2014 တွင် ပြန်စစ်ပြီး။
  4. Aggarwal၊ Anjali; Upadhyay၊ Ramesh (2013)။ Heat Stress and Animal ProductivitySpringer Publishing။ p. 172။ ISBN 978-8-132-20879-2
  5. Nine-to-fiver Merriam-Webster။ October 9, 2014 တွင် ပြန်စစ်ပြီး။