နော်တင်ဟေး

ဝီကီပီးဒီးယား မှ
Notting Hill

နော်တင်အေး
Notting Hill သည် ယူနိုက်တက်ကင်းဒမ်း တွင် တည်ရှိသည်
Notting Hill
Notting Hill
Location within the United Kingdom
OS grid referenceTQ245805
• Charing Cross၃.၅ mi (၅.၆ km) ESE
Greater London
နိုင်ငံအင်္ဂလန်
အချုပ်အခြာပိုင်ပြည်နယ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံ
Post townလန်ဒန်
Postcode districtW2, NW10, W10, W11
Dialling code020
ရဲ 
မီးသတ် 
လူနာတင်ကား 
ယူကေပါလီမန်
List of places
United Kingdom
51°30′35″N 0°12′15″W / 51.5096°N 0.2043°W / 51.5096; -0.2043ကိုဩဒိနိတ်: 51°30′35″N 0°12′15″W / 51.5096°N 0.2043°W / 51.5096; -0.2043

နော်တင်ဟေး (အင်္ဂလိပ်: Notting Hill) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်(အနောက်ပိုင်း) ရှိ ခရိုင်တခုဖြစ်သည်။ [၁] နော်တင်အေးကို မြို့ပြဆန်ခြင်းနှင့် ယဉ်ကျေးမှုစုံရောသောပတ်ဝန်းကျင်ရှိခြင်းတို့ကြောင့် လူသိများသည်။ နှစ်စဉ် နော်တင်အေးပွဲတော်နှင့် ပေါတိုဘယ်လိုလမ်းရှိ ဈေးတန်းကို ကျင်းပ၏။ [၂]

၁၈၇၀ ဝန်းကျင်၌ နော်တင်ဟေးတွင် အနုပညာသမားများ ကျက်စားသည်။ [၃] ၂၀ ရာစုတွင် အိမ်ကြီးအိမ်ကောင်းများကို အိမ်ငှားလုပ်ငန်းများမှတဆင့် ခွဲခြမ်းငှားရမ်းကြသည်။ ကာရေဘီယံမှ ပြောင်းရွှေ့လာသူတို့က ၁၉၅၀ ဝန်းကျင်တွင် ရောက်လာပြီး ဈေးနည်းသောဤနေရာတွင် ငှားနေကြသည်။ သို့သော် ကျူးကျော်မြေပိုင်ရှင် ပီတာရက်ချမန်း၏ အနိုင်ကျင့်မှုများရှိခဲ့သည်နည်းတူ ၁၉၅၈ နော်တင်အေးလူမျိုးရေးပဋိပက္ခတွင်လည်း လူဖြူ တက်ဒီ့ကောင်လေးများအဖွဲ့၏ ပစ်မှတ်ဖြစ်ခဲ့၏။

ထိုစဉ်က ကျူးကျော်အိမ်ရာတို့ကြောင့် နာမည်ကြီးသော်လည်း ၂၁ ရာစုအစောပိုင်းမှစ၍ ပတ်ဝန်းကျင်သဘာဝပြောင်းလဲကာ နော်တင်အေးသည် ဖက်ရှင်ကျသောနေရာအဖြစ် သတင်းကြီးလာ၏။ [၄] မျက်နှာစာအိမ်တန်းများ၊ ဗစ်တိုးရီးယားခေတ်လက်ရာဖြင့် အိမ်ကြီးများ၊ ကြေးမြင့် ဈေးဝယ်စင်တာနှင့်စားသောက်ဆိုင်များဖြင့် လူစိတ်ဝင်စားစရာ ဖြစ်၏။ ဒေးလီးတယ်လီဂရပ်၏ ၂၀၀၄ ပါ ဆောင်းပါးတွင် "နော်တင်အေးအစုံ" ဟူသော ဝေါဟာရကို နာမည်ကြီးစပြုနေသော ရှေးရိုးစွဲဝါဒီ နိုင်ငံရေးသမားအုပ်စုကို ညွှန်း၍ ဆိုသည်။ [၅] နော်တင်အေးတွင် နေခဲ့သော ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေးဗစ်ကင်မရွန်းနှင့် အတွင်းဝန်ဖြစ်လာသည့် ဂျော့အော့စဘွန်းတို့ကို ရည်၏။

ကိုးကား[ပြင်ဆင်ရန်]

  1. "London's Places Archived 6 September 2015 at the Wayback Machine." (PDF). London Plan. Greater London Authority. 2011. p. 46.
  2. "Portobello Road". London Online. Archived from the original on 23 February 2010.
  3. 'Notting Hill and Bayswater Archived 28 September 2007 at the Wayback Machine.', Old and New London: Volume 5 (1878), pp. 177-88.
  4. "West London". London Hotels .com. Archived from the original on 6 January 2011.
  5. Watt, Nicholas (28 July 2004). "Tory Bright Young Things". The Guardian. London.