နေဝင် အိပ်တန်းတက် (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
နေဝင် အိပ်တန်းတက်
အခြေခံအချက်အလက်
ဒါရိုက်တာဝိုင်း
ဇာတ်ညွှန်းလင်္ကာရည်ကျော်
အခြေခံထားသည်မှာလင်္ကာရည်ကျော် ရေးသည့် နေဝင် အိပ်တန်းတက်
သရုပ်ဆောင်
နိုင်ငံမြန်မာ
ဘာသာစကားဗမာ

နေဝင် အိပ်တန်းတက် သည် ၂၀၁၇ ခုထုတ် မြန်မာ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ လင်္ကာရည်ကျော်၏ ဝတ္ထုကို ဝိုင်း ဇာတ်ညွှန်းခွဲ ရိုက်ကူးသည်။ [၁] ပြေတီဦးထွန်းအိန္ဒြာဗိုပိုင်ဖြိုးသုနှင့် ရဲမွန်တို့ အဓိက သရုပ်ဆောင်ထားသည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

မန္တလေးရှိ ဒေါက်တာ မြတ်ထွန်း၌ ဝေဒနာသည် ဇနီး မသစ္စာ ရှိသည်။ ဒေါက်တာ မင်းခန့်မှာ ဒေါက်တာမြတ်ထွန်း၏ အားလုံးရသော တပည့်ဖြစ်သည်။ ဆောင်းပါးယူရန်ဟူသည့် အကြောင်းပြချက်မှ စကာ မေကြာဖြူ ဟူသည့် မိန်းမငယ်က ဒေါက်တာမြတ်ထွန်းအား အရောတဝင်ပြုလာသည်။ မေကြာဖြူမှ အနောက်တိုင်း၌ ပညာသင် အလုပ်လုပ်နေသူ ဖြစ်သည်။ ယခုမူ မြန်မာပြည် ပြန်လာကာ ဂျာနယ်တိုက်ထောင်ထားသည်။ အသက်နှင့် သိက္ခာအရ ခပ်ဖယ်ဖယ်နေရသော်လည်း စိတ်ကမူ သာယာမိသည်။ မကြာမကြာလာနေသည့် မေကြာဖြူအား သဘောကျနေသူမှာ ဒေါက်တာမင်းခန့် ဖြစ်သည်။ တစ်ခါသော် ပြင်ဦးလွင်သို့ တာဝန်နှင့်သွားကာ အလည်လွန်၍ မေကြာဖြူ၏အိမ်၌ အိပ်သည်။ မေကြာဖြူက ဗိုက်အောင့်သည်ဆိုကာ စည်းရုံးရေးဆင်းသော်လည်း လွန်စွာဣန္ဒြေကြီးသည့် ဒေါက်တာမြတ်ထွန်းက ကြံ့ကြံ့ခံခဲ့သည်။ ညနက်သော် သွေးဆင်း၍ သူငယ်ချင်း သားဖွားမီးယပ်ဆရာဝန်ထံ ညကြီးမင်းကြီး သွားပြရသည်။ ကနဦးတွင် ထိုဆရာဝန်က အထင်လွဲသေးသည်။ သို့သော် မကြာမီပင် ပြေလည်သွားသည်။

နောက်တစ်နေ့တွင် မန္တလေးမှ ဒေါ်သစ္စာ ဆေးရုံတင်ရကြောင်း သတင်းရ၍ အမြန်ဆင်းလာသည်။ ဒေါ်သစ္စာက မေကြာဖြူမှာ ဖိုးခွား၏အစ်မဟု ပြောသည်။ သို့မှသာ အဖြစ်အပျက်ကို သဘောပေါက်လာသည်။ ဖိုးခွားမှာ မန္တလေးသို့ ခေတ္တလာစဉ် သွေးဆိပ်တက်သဖြင့် ဆေးရုံတင်ရသူ ဖြစ်သည်။ အခြေအနေမကောင်းသဖြင့် ဒေါက်တာမင်းခန့်ကိုသာ သင့်လျော်သလို စီမံရန် လွှဲလိုက်သည်။ ဤသည်ကို ဆရာဝန်ကြီးက တာဝန်မဲ့စွာ ကိုယ်တိုင်လာမကြည့်ဟု ယူဆကာ ဒေါက်တာမြတ်ထွန်း သိက္ခာကျ ဘဝပျက်စေရန် မေကြာဖြူက ကြံစည်ခြင်း ဖြစ်သည်။

မကြာမီပင် ဒေါ်သစ္စာ ဆုံးသည်။ မေကြာဖြူလည်း အဖြစ်မှန်ကို သဘောပေါက်ကာ နိုင်ငံခြားသို့ ပြန်သွားသည်။ နောင်သော် ဒေါက်တာမြတ်ထွန်း ရန်ကုန် ပြောင်းရပြီး ဒေါက်တာမင်းခန့် ပညာတော်သင်ရကာ နိုင်ငံခြား သွားရသည်။ ဒေါက်တာမြတ်ထွန်း၏ အောင်သွယ်မှုဖြင့် မေကြာဖြူနှင့် ဒေါက်တာမင်းခန့်တို့ အဆင်ပြေသွားကာ လောကကြီး နေသားတကျ ဖြစ်သွားလေသည်။

ဇာတ်ဆောင်များ[ပြင်ဆင်ရန်]

  • ဒေါက်တာ မြတ်ထွန်း အဖြစ် ပြေတီဦး
  • မေကြာဖြူ အဖြစ် ပိုင်ဖြိုးသု
  • ဒေါက်တာ မင်းခန့် အဖြစ် ရဲမွန်
  • ဒေါ် သစ္စာ အဖြစ် ထွန်းအိန္ဒြာဗို

ကိုးကား[ပြင်ဆင်ရန်]

  1. လင်္ကာရည်ကျော်။ "နေဝင် အိပ်တန်းတက်"။ နန်းဒေဝီ စာပေ။ ၂၀၁၀ ခု၊ ဇူလိုင်။