နေဝင်း၊ ဒေါက်တာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒေါက်တာနေဝင်း သည် ဆရာဝန်၊ နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ၂၀၀၈ ခုနှစ် အဖမ်းမခံရခင်ကာလတွင် တော်ဘုရားလေး(အောင်ဇေ) အမှတ်တရ စာပေဆုရွေးချယ်ရေး ကော်မတီဝင် ဖြစ်ခဲ့သည်။[၁]ဖခင်မှာ ဦးအောင်ခင်ဖြစ်သည်။ ဇနီးဖြစ်သူမှာ ဒေါ်သန္တာဖြစ်ပြီး သမီးမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်ဖြစ်သည်။[၂][၃]

ပထမအကြိမ်ထောင်ချခံရခြင်း[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ နိုင်ငံရေးမှုဖြင့် ထောင်ချခံခဲ့ရသည်။

ဒုတိယအကြိမ်ထောင်ချခံရခြင်း[ပြင်ဆင်ရန်]

နာဂစ်မုန်တိုင်း အပြီးတွင် မုန်တိုင်းကြောင့် ကွယ်လွန်သူများ၏ ရုပ်အလောင်းများကို သဂြိုဟ်ရန် ဆောင်ရွက်ခဲ့သည်။ပိုင်ရှင်မဲ့ရုပ်အလောင်းများကို သဂြိုဟ်ရန် အဖွဲ့ဖွဲ့မှုကြောင့် မတရားသင်းဖွဲ့စည်းမှု အက်ဥပဒေဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့သည်။ ချမှတ်သော ထောင်ဒဏ်မှာ ၂နှစ်ဖြစ်သည်။ သို့သော် ၂နှစ် နှင့် ၇ လ ထောင်ကျခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]