တော်ဘုရားလေး(အောင်ဇေ) အမှတ်တရ စာပေဆု
ပုံပန်းသွင်ပြင်
စာရေးဆရာ အောင်ဇေ၊ (တော်ဘုရားလေး) အမှတ်တရ စာပေဆုပေးပွဲ အခမ်းအနားကို ၂၀၀၆ ခုနှစ်မှ စတင်၍ နှစ်စဉ် ကျင်းပသည်။ ကျန်ရစ်သူ ဇနီး ဒေါ်ခင်မေနှင့် သမီး ဒေဝီသန့်စင်တို့က ပြုလုပ်ခြင်း ဖြစ်သည်။
၂၀၀၇-ခုနှစ်အတွက်
[ပြင်ဆင်ရန်]- ဒေါက်တာသန်းထွန်းရေးသားသည့် “တနေ့တလံ ပုဂံဘယ်ပြေးမလဲ” စာအုပ်နှင့်
- စာရေးဆရာကိုချစ်၏ ဝတ္တုတိုပေါင်းချုပ် စာအုပ်များ ရရှိခဲ့သည်။
၂၀၀၈-ခုနှစ်အတွက်
[ပြင်ဆင်ရန်]- နှင်းပန်းအိမ်၏ "ရိုးချောင်းဘေးက ကြာ" ဝတ္တုတို ရရှိခဲ့သည်။
၂၀၀၉-ခုနှစ်အတွက်
[ပြင်ဆင်ရန်]- ဝတ္ထုတိုပေါင်းချုပ်ဆုကို ညိုထွန်းလူ ရရှိခဲ့ပြီး
မဂ္ဂဇင်းအကောင်းဆုံးဆုကို “ပိတောက်ပွင့်သစ်”မှ ရရှိခဲ့သည်။
၂၀၁၂-ခု ဆဋ္ဌမ အကြိမ်မြောက်
[ပြင်ဆင်ရန်]- နိုင်ငံရေး စာပေဆု - လေထီး ဦးအုန်းမောင်၏ (နှစ်ပေါင်း ၅၀ ကြာသောအခါ)
- ကဗျာပေါင်းချုပ်ဆု- မောင်အောင်ပွင့်၏ (ငြိမ်းချမ်းရေးညစာ)
- ဝတ္တုတိုဆု- ညီပုလေး၏ (တတိယမြို့တော်သားရဲ့အလွမ်း)