နေရာချဝန်
နေရာချဝန်သည် ညီလာသဘင်အခမ်းအနားများ ၊ မုဒ္ဓါဘိသိက်၊ ဥကင်္သ ထီးဆောင်းမဂင်္လာ စသည့် အခမ်းအနားများတွင် တက်ရောက်လာကြသူ နန်းတွင်းအရာရှိကြီးများ ၊ ရှမ်းပြည်နယ်မှ စော်ဘွားကြီးများအား နေရာချထားပေးရသူ ဖြစ်သည်။
တုရင်ရာဇာ
[ပြင်ဆင်ရန်]နေရာချဝန်ရာထူးကို ညောင်ရမ်းခေတ်နှောင်းကာလ တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃) လက်ထက်ကပင် တွေ့ရှိရသည်။ တနင်္ဂနွေမင်းလက်ထက်တွင် နေရာချဝန် အြဖစ် ခန့်အပ်ခံခဲ့ရသူမှာ တုရင်ရာဇာ ဖြစ်သည်။ ယင်းတုရင်ရာဇာမှာ နောင်အင်ရုံစာတမ်းဖြင့် အမည်ထင်ရှားခဲ့သော အင်ရုံဝန်ကြီး ဖြစ်လာသည်။ အင်ရုံရွာ ကိုးရွာစား အရာရရှိခဲ့သူဖြစ်ဩဖင့် အင်ရုံရွာစား တုရင်ရာဇာဟု အမည်ထင်ရှားရာမှ နောင်ဝန်ကြီး ဖြစ်လာသောအခါ အင်ရုံဝန်ကြီးဟု ခေါ်ဆိုကြသည်။
နေရာချဝန်၏ ရာထူးအြပည့်အစုံမှာ ပြော့စမြောင်နေရာချရုံးတော်ဝန်ဟူ၍ ဖြစ်သည်။ နေရာချဝန်ဟူ၍ မြန်မာရာဇဝင်တစ်လျှောက်တွင် တုရင်ရာဇာတစ်ဦးကိုသာ တွေ့ရှိရသည်။
နေရာငါးသွယ်
[ပြင်ဆင်ရန်]မြေနန်းဝဲယာဆောင်တော်တွင် အိမ်ရှေ့မင်း အမှူးရှိသည့် မှူးမတ်အရာရှိ ကြီးများသည် တော် ၊ ဒူး ၊ စနည်း ၊ အတွင်း ဝေါ၊ အြပင် အဝေါ ဟူသော နေရာတော်ငါးသွယ်၌ စနစ်တကျနေရာယူကြရသည်။ အိမ်ရှေ့မင်းအပါအဝင် မှူးမတ်အရာရှိကြီးအချို့မှာ နေရာတော်ငါးသွယ်ထက်ကြီးမြင့်သောနေရာ၌ ထိုင်ကြရ၏။ ယင်းတို့မှာ အိမ်ရှေ့မင်း ၁ နေရာ ၊ မင်းသားကြီး ၉ နေရာ ၊ မင်းသားလတ် ၉ နေရာ ၊ မြင်းမှူးမင်းသား ၉ နေရာ ၊ စစ်သူကြီး ၁ နေရာ ၊ စော်ဘွားကြီး ၁၂ နေရာ ၊ နေရာလွတ် ၃ နေရာ ၊ စော်ဘွားကြီး နောက်နေ မှူးကြီးမတ်ကြီးနေရာ ၁၂ နေရာ တို့ဖြစ်သည်။ စုစုပေါင်း ၅၆ နေရာရှိသည်။ နေရာတော်ငါးသွယ်စနစ်မှာ အင်းဝခေတ်တွင် အထင်အရှား ရှိနြေပီဖြစ်၏။ အထက်ဖော်ပြပါ နေရာတော် ၅ သွယ်ထက် ကြီးမြင့်သောနေရာမှာ ကုန်းဘောင်ခေတ်တွင်မှ ထပ်တိုးလာခြင်းဖြစ်၏။ ယင်းနေရာကို တော်နေရာထက်အဆင့်မြင့်သော နေရာလေးသွယ်ဟူ၍ မှတ်သားခေါ်ဆိုကြသည်။ နေရာတော်ငါးသွယ်နှင့် ပတ်သက်၍ ကုသပျို့တွင် 'တော်ဒူးနှစ်မည်၊ စနည်းသဘင် ၊ တွင်းပြင်ဘဝေါ၊ သဘောရည်ရွေး ၊ နေရာပေး၍' စသည်ဖြင့် ရေးဖွဲ့ထားသည်။
တော်နေရာ
[ပြင်ဆင်ရန်]တော်ဟူသည် မွန်ဘာသာအမည်ဖြစ်ပြီး ကွန်းစင်ဟု အဓိပ္ပာယ်ရသည်။ တော်နေရာမှာ လက်ဝဲဘက် ၂၄ နေရာ၊ လက်ယာဘက် ၂၄ နေရာရှိသည်။ ကုန်းဘောင်ခေတ်တွင်မူ လတော်နေရာအြပင် တော်ချွန်နေရာဟူ၍လည်း ထပ်မံ ပေါ်ပေါက်လာသည်။ တော်ချွန်နေရာသည် တော်နေရာပိုင်းရှေ့ဆုံးထောင့် အချွန်မှစစားရသည်ကို ဆိုလိုသည်။ တော်ချွန်နေရာမှာလည်း လက်ဝဲ ၁ နေရာ လက်ယာ ၁ နေရာ ရှိသည်။ သူဌေးကြီးနေရာ ၁ နေရာစီနှင့် ပေါင်းလျှင်ဝဲ ၊ ယာ ၂ နေရာစီရှိ၏။ သူဌေးကြီးနေရာကိုမူ တော်နေရာဦးဟုခေါ်ဆိုသည်။
ဒူးနေရာ
[ပြင်ဆင်ရန်]ဒူး နေရာမှာ နေရာတော်ငါးသွယ်အနက် ဒုတိယအြမင့်ဆုံးနေရာ ဖြစ်သည်။ ဒူးနေရာမှာလည်း လက်ဝဲ ၊ လက်ယာ ၂၄ နေရာစီပါသည်။ သို့ဖြစ်၍ ဝဲယာနှစ်ဖက်စလုံး ၄၈ နေရာရှိသည်။
စနည်းနေရာ
[ပြင်ဆင်ရန်]စနည်း နေရာမှာ နေရာတော်ငါးသွယ်အနက် တတိယအြမင့်ဆုံးနေရာဖြစ်သည်။ ရွှေဘုံနိဒါန်းတွင် 'ငါးသွယ်ကို တော် ၊ ဒူး ၊ စနည်း ၊ ဘဝေါခေါ်သည်မှာ ရာမညတိုင်းသားတို့ ဘာသာဖြစ်သည်။ စနည်းဆိုသည်မှာ သေဉ်ရံဆိုသည်' ဟုဖော်ပြထားသည်။ စနည်းနေရာမှာ ဝဲယာ ၂၄ နေရာစီအတွက် နှစ်ခုပေါင်း ၄၈ နေရာရှိ၏။
အတွင်းဘဝေါ၊ အပြင်ဘဝေါ
[ပြင်ဆင်ရန်]ဘ ဝေါမှာ နေရာတော်ငါးသွယ်အနက် အနိမ့်ဆုံး အဆင့်ဖြစ်သည်။ ဘဝေါတွင်လည်း အတွင်းဘဝေါ ၂၄ နေရာ ၊ အြပင်ဘဝေါ ၂၄ နေရာရှိ၏။ ဝဲယာအတွက်ဆိုပါမူ အတွင်း ၄၈ ၊ အြပင် ၄၈ နေရာဖြစ်သည်။
နောက်တိုးနေရာများ
[ပြင်ဆင်ရန်]မူလ နေရာတော်ငါးသွယ်အြပင် သူဌေး ၁၆ နေရာ ၊ ယင်းအောက် သူကြွယ် ၁၂ နေရာ ၊ ယင်းအောက် ရှမ်းပြည်နယ်တပ်ပေါင်းမြို့စားများ ၈ နေရာ ၊ ယင်းအောက် မွန်အမတ်များ ၄ နေရာ ၊ ယင်းအောက် ယိုးဒယားအမတ် ၄ နေရာ ၊ ယင်းအောက်ရှမ်းအမတ် ၄ နေရာရှိသေးရာ နောက်တိုး နေရာများကပင် ၄၈ နေရာ ရှိနေပါသည်။
ပွဲတက်နေရာတော်ခင်း
[ပြင်ဆင်ရန်]ပွဲတက်နေရာ တော်ခင်းကျင်းပုံကို လေ့လာကြည့်လျှင် အိမ်ရှေ့မင်း ၁ နေရအပါအဝင် အဆင့်မြင့်နေရာ ၄ သွယ်မှ ၅၆ နေရာ ၊ နေရာတော်ငါးသွယ် လက်ဝဲဘက်အတွက် တော်ချွန်နှင့် တော်နေရာဦး အပါအဝင် ၁၂၂ နေရာ ၊ နောက်တိုး ၄၈ နေရာ ပေါင်းလျှင် စုစုပေါင်း ၂၂၆ နေရာရှိသည်။ လက်ယာဘက်တွင်လည်း အလားတူ (အိမ်ရှေ့မင်းတစ်နေရာလျှော့) ၂၂၅ နေရာရှိ၏။ ဤတွင် အနောက်ပွဲတက် အခမ်းအနား နေရာတော်ခင်းပုံမှာ အရှေ့နေရာတော်ခင်းပုံနှင့် ကွဲပြားခြားနားမှုရှိသည်။