နေရင်း မဏိရတနာဆရာတော်

ဝီကီပီးဒီးယား မှ

မဏိရတနာ ဆရာတော် သည် အင်းဝခေတ်၊ ၁ဝ၇၆ ခုနှစ် တွင် နန်းတက်သော မှန်နန်းဆင်ဖြူရှင် တနင်္ဂနွေမင်းလက် ထက်တွင် ကျော်စောထင်ရှားသော ဆရာတော်ဖြစ်သည်။ ပခန်း ကြီးမြို့စီရင်စု၊ နေရင်းရွာ ဇာတိဖြစ်သည်။ ဘွဲ့တော်ရှင်အရိယာ လင်္ကာရ ဖြစ်၏။ နေရင်းရွာ အနောက်မြောက်၊ မဏိရတနာ ကျောင်းတိုက်၌ သီတင်းသုံးတော်မူသဖြင့်နေရင်း မဏိရတနာ ဆရာတော်ဟု ခေါ်တွင်သည်။ ဆရာတော်သည် နိဿယအများ အပြား ရေးသားပြုစုတော်မူခဲ့သည်။ အနက်မြန်မာသန်လှသည်။ ကျမ်းဂန်ရေးသောအခါ ပုရပိုက်တွင် ဦးစွာတင်၍ အကြမ်းမရေး ဘဲ၊ ပေ၌သာ ကညစ်ဖြင့် တောက်လျှောက် အချောရေးတော်မူ သည်။ ပြုစုသော ကျမ်းများမှာ၊ (၁) ကစ္စာယန ဝဏ္ဏနာနိဿယ၊ (၂) ကစ္စာယန သုတ္တနိဒ္ဒေသနိဿယ၊ (၃) ခုဒ္ဒသိက္ခာ နိဿယ၊ (၄) ဇိနာလင်္ကာရအဋ္ဌကထာနိဿယ၊ (၆) ဋီကာကျော်နိဿယ၊ (၇) ဘိက္ခုကင်္ခါ ဝိတရဏီ အဋ္ဌကထာ နိဿယ၊ (၈) မူလ သိက္ခာနိဿယ၊ (၉) သင်္ခေပဝဏ္ဏနာဋီကာနိဿယ၊ (၁ဝ) သဒ္ဒ သာရတ္ထဇာလိနီ စာကိုယ်နိဿယ၊ (၁၁) သုတ်ပါထေယျ ပါဠိ တော်နိဿယ၊ (၁၂) သုတ်ပါထေယျ အဋ္ဌကထာနိဿယသစ်၊ (၁၃) သုတ်မဟာဝါ ပါဠိတော်နိဿယသစ်၊ (၁၄) သုတ်မဟာဝါ အဋ္ဌကထာနိဿယသစ်၊ (၁၅) သုတ်သီလက္ခန်ပါဠိတော် နိဿယသစ်၊ (၁၆) သုတ်သီလက္ခန ် အဋ္ဌကထာနိဿယသစ်၊ (၁၇) သမ္မောဟ ဝိနောဒနီအဋ္ဌကထာ နိဿယ၊ (၁၈) အဋ္ဌသာ လိနီအဋ္ဌကထာနိဿယ တို့ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)