မာတိကာသို့ ခုန်သွားရန်

နေတိုးအဖွဲ့၏ စစ်ဘက်ရာထူးများ

ဝီကီပီးဒီးယား မှ

နေတိုးအဖွဲ့သည် စစ်ဖက်မဟာမိတ်အဖွဲ့ ဖြစ်သည့်အလျောက် နိုင်ငံအသီးသီးမှ တပ်မတော်များပါဝင်ကြသည်။ ထိုတပ်မတော်များ၏ ရာထူးအဆင့်အတန်းကို တန်းတူဖြစ်စေရန် နေတိုးအဖွဲ့အနေဖြင့် ဖန်တီးပေးရသည်။

သတ်မှတ်ပုံ

[ပြင်ဆင်ရန်]

၁၉၇၈ ခုနှစ်တွင် နေတိုးအဖွဲ့သည် နိုင်ငံအသီးသီးမှ တပ်မတော်များ၏ ရာထူးအဆင့်များကို တန်းတူဖြစ်စေရန်အလို့ငှာ "STANAG 2116" အမည်ရှိသော စာတမ်းတစ်စောင်ကို ထုတ်လုပ်ခဲ့၍ "စံပြုအဆင့်အတန်းစကေး" ဟူ၍သတ်မှတ်ခဲ့သည်။

ပြန်တမ်းဝင်အရာရှိများ

[ပြင်ဆင်ရန်]

ပြန်တမ်းဝင်အရာရှိများအတွက် အဆင့်စကေးကို အိုအက်ဖ်-၁ မှ အိုအက်ဖ်-၁၀ အထိသတ်မှတ်သည်။ အိုအက်ဖ် (OF) သည် "officer" ကို အတိုချုံ့ယူထားခြင်းဖြစ်သည်။[]

နေတိုးကုဒ် အဆင့်အုပ်စု[] ကြည်းတပ်ရာထူး ရေတပ်ရာထူး လေတပ်ရာထူး/အာကာသတပ်ရာထူး
OF-10 ခေါင်းဆောင်ပိုင်း/ထိပ်တန်းအရာရှိများ (General Officers) General of the Army Admiral of the fleet General of the Air Force/General of the Space Force
OF-9 General Admiral General
OF-8 Lieutenant general Vice admiral Lieutenant general
OF-7 Major general Rear admiral Major general
OF-6 Brigadier general Commodore Brigadier general
OF-5 အကြီးတန်းအရာရှိများ (Senior Officers) Colonel Captain Colonel
OF-4 Lieutenant Colonel Commander Lieutenant Colonel
OF-3 Major Lieutenant commander Major
OF-2 အငယ်တန်းအရာရှိများ (Junior Officers) Captain Lieutenant Captain
OF-1 Second lieutenant၊ Lieutenant Sub-Lieutenant၊ Lieutenant (junior grade) Second lieutenant၊ Lieutenant
OF-(D) အလုပ်သင်အရာရှိ Officer cadet/Officer candidate Officer cadet/Officer candidate Officer cadet/Officer candidate

အရာခံဗိုလ်များ

[ပြင်ဆင်ရန်]

နိုင်ငံအများစုတွင် အရာခံဗိုလ်ရာထူးကို အခြားအဆင့်အဖြစ် ထည့်သွင်းသော်လည်း အမေရိကန်ပြည်ထောင်စု၏ တပ်မတော်များ၌ အရာခံဗိုလ်ရာထူးကို သီးခြားထားရှိထားသည်။ အရာခံဗိုလ်ရာထူးကို WO-1 မှ WO-5 အထိ သတ်မှတ်ထားသည်။

အခြားအဆင့်များ

[ပြင်ဆင်ရန်]

အခြားအဆင့်များအတွက် အဆင့်စကေးကို အိုအာ ၁ မှ ၉ အထိ သတ်မှတ်သည်။ အိုအာ (OR) သည် "other ranks" ကို အတိုချုံ့ယူထားခြင်းဖြစ်သည်။[]

  • OR-9 – OR-5: ပြန်တမ်းဝင်မဟုတ်အရာရှိများ
  • OR-4 – OR-1: အခြားအဆင့်/စာရင်းဝင်အဆင့် (Other ranks/Enlisted ranks)[]

မြန်မာ့တပ်မတော်နှင့် နှိုင်းယှဉ်ချက်

[ပြင်ဆင်ရန်]
နေတိုးကုဒ် ရာထူးအဆင့်
OF-10 ဗိုလ်ချုပ်မှူးကြီး
OF-9 ဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး
OF-8 ဒုတိယဗိုလ်ချုပ်ကြီး
OF-7 ဗိုလ်ချုပ်
OF-6 ဗိုလ်မှူးချုပ်
OF-5 ဗိုလ်မှူးကြီး
OF-4 ဒုတိယဗိုလ်မှူးကြီး
OF-3 ဗိုလ်မှူး
OF-2 ဗိုလ်ကြီး
OF-1 ဗိုလ်ဒုတိယဗိုလ်
OF-(D) ဗိုလ်လောင်းအလုပ်သင်ဗိုလ်

ဆက်စပ်ဖတ်ရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. NATO glossary of abbreviations used in NATO documents and publications / Glossaire OTAN des abréviations utilisées dans les documents et publications OTAN (PDF)။ 2010။ p. 235။ 31 October 2017 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး22 April 2022 တွင် ပြန်စစ်ပြီး
  2. 1 2 NATO Codes For Grades Of Military Personnel။ Brussels, Belgium: NATO Standardization Office။ 16 June 2022။ APersP-01(A)(3)။
  3. NATO glossary of abbreviations used in NATO documents and publications / Glossaire OTAN des abréviations utilisées dans les documents et publications OTAN (PDF)။ 2010။ p. 238။ 31 October 2017 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး22 April 2022 တွင် ပြန်စစ်ပြီး