နေတိုးအဖွဲ့၏ စစ်ဘက်ရာထူးများ
နေတိုးအဖွဲ့သည် စစ်ဖက်မဟာမိတ်အဖွဲ့ ဖြစ်သည့်အလျောက် နိုင်ငံအသီးသီးမှ တပ်မတော်များပါဝင်ကြသည်။ ထိုတပ်မတော်များ၏ ရာထူးအဆင့်အတန်းကို တန်းတူဖြစ်စေရန် နေတိုးအဖွဲ့အနေဖြင့် ဖန်တီးပေးရသည်။
သတ်မှတ်ပုံ[ပြင်ဆင်ရန်]
၁၉၇၈ ခုနှစ်တွင် နေတိုးအဖွဲ့သည် နိုင်ငံအသီးသီးမှ တပ်မတော်များ၏ ရာထူးအဆင့်များကို တန်းတူဖြစ်စေရန်အလို့ငှာ "STANAG 2116" အမည်ရှိသော စာတမ်းတစ်စောင်ကို ထုတ်လုပ်ခဲ့၍ "စံပြုအဆင့်အတန်းစကေး" ဟူ၍သတ်မှတ်ခဲ့သည်။
ပြန်တမ်းဝင်အရာရှိများ[ပြင်ဆင်ရန်]
ပြန်တမ်းဝင်အရာရှိများအတွက် အဆင့်စကေးကို အိုအက်ဖ်-၁ မှ အိုအက်ဖ်-၁၀ အထိသတ်မှတ်သည်။ အိုအက်ဖ် (OF) သည် "officer" ကို အတိုချုံ့ယူထားခြင်းဖြစ်သည်။[၁]
နေတိုးကုဒ် | ကြည်းတပ်ရာထူး | ရေတပ်ရာထူး | လေတပ်ရာထူး/အာကာသတပ်ရာထူး |
---|---|---|---|
OF-10 | General of the Army | Admiral of the fleet | General of the Air Force/General of the Space Force |
OF-9 | General | Admiral | General |
OF-8 | Lieutenant general | Vice admiral | Lieutenant general |
OF-7 | Major general | Rear admiral | Major general |
OF-6 | Brigadier general | Commodore | Brigadier general |
OF-5 | Colonel | Captain | Colonel |
OF-4 | Lieutenant Colonel | Commander | Lieutenant Colonel |
OF-3 | Major | Lieutenant commander | Major |
OF-2 | Captain | Lieutenant | Captain |
OF-1 | Second lieutenant၊ Lieutenant | Sub-Lieutenant၊ Lieutenant (junior grade) | Second lieutenant၊ Lieutenant |
OF-(D) | Officer cadet/Officer candidate | Officer cadet/Officer candidate | Officer cadet/Officer candidate |
အရာခံဗိုလ်များ[ပြင်ဆင်ရန်]
နိုင်ငံအများစုတွင် အရာခံဗိုလ်ရာထူးကို အခြားအဆင့်အဖြစ် ထည့်သွင်းသော်လည်း အမေရိကန်ပြည်ထောင်စု၏ တပ်မတော်များ၌ အရာခံဗိုလ်ရာထူးကို သီးခြားထားရှိထားသည်။ အရာခံဗိုလ်ရာထူးကို WO-1 မှ WO-5 အထိ သတ်မှတ်ထားသည်။
အခြားအဆင့်များ[ပြင်ဆင်ရန်]
အခြားအဆင့်များအတွက် အဆင့်စကေးကို အိုအာ ၁ မှ ၉ အထိ သတ်မှတ်သည်။ အိုအာ (OR) သည် "other ranks" ကို အတိုချုံ့ယူထားခြင်းဖြစ်သည်။[၂]
မြန်မာ့တပ်မတော်နှင့် နှိုင်းယှဉ်ချက်[ပြင်ဆင်ရန်]
နေတိုးကုဒ် | ရာထူးအဆင့် |
---|---|
OF-10 | ဗိုလ်ချုပ်မှူးကြီး |
OF-9 | ဒုတိယဗိုလ်ချုပ်မှူးကြီး/ဗိုလ်ချုပ်ကြီး |
OF-8 | ဒုတိယဗိုလ်ချုပ်ကြီး |
OF-7 | ဗိုလ်ချုပ် |
OF-6 | ဗိုလ်မှူးချုပ် |
OF-5 | ဗိုလ်မှူးကြီး |
OF-4 | ဒုတိယဗိုလ်မှူးကြီး |
OF-3 | ဗိုလ်မှူး |
OF-2 | ဗိုလ်ကြီး |
OF-1 | ဗိုလ်၊ ဒုတိယဗိုလ် |
OF-(D) | ဗိုလ်လောင်း၊ အလုပ်သင်ဗိုလ် |
ဆက်စပ်ဖတ်ရန်[ပြင်ဆင်ရန်]
- နေတိုး (စစ်မဟာမိတ်စာချုပ်အဖွဲ့)
- နေတိုးကြည်းတပ်မတော်၏ ရာထူးနှင့်အဆောင်အယောင်များ (ပြန်တမ်းဝင်အရာရှိ)
- နေတိုးကြည်းတပ်မတော်၏ ရာထူးနှင့်အဆောင်အယောင်များ (ပြန်တမ်းဝင်မဟုတ်အရာရှိ)
- နေတိုးရေတပ်မတော်၏ ရာထူးနှင့်အဆောင်အယောင်များ (ပြန်တမ်းဝင်အရာရှိ)
- နေတိုးရေတပ်မတော်၏ ရာထူးနှင့်အဆောင်အယောင်များ (ပြန်တမ်းဝင်မဟုတ်အရာရှိ)
- နေတိုးလေတပ်မတော်၏ ရာထူးနှင့်အဆောင်အယောင်များ (ပြန်တမ်းဝင်အရာရှိ)
- နေတိုးလေတပ်မတော်၏ ရာထူးနှင့်အဆောင်အယောင်များ (ပြန်တမ်းဝင်မဟုတ်အရာရှိ)
ကိုးကား[ပြင်ဆင်ရန်]
- ↑ NATO glossary of abbreviations used in NATO documents and publications / Glossaire OTAN des abréviations utilisées dans les documents et publications OTAN (PDF)။ 2010။ p. 235။ 31 October 2017 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 22 April 2022 တွင် ပြန်စစ်ပြီး။
- ↑ NATO glossary of abbreviations used in NATO documents and publications / Glossaire OTAN des abréviations utilisées dans les documents et publications OTAN (PDF)။ 2010။ p. 238။ 31 October 2017 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ 22 April 2022 တွင် ပြန်စစ်ပြီး။