နေစိုး
တရားသူကြီးချုပ် ဝဏ္ဏကျော်ထင်၊ ဦး နေစိုး | |
|---|---|
| ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် | |
| တာဝန်သက်တမ်း ၁ နိုဝင်ဘာလ ၂၀၂၁ – ၁ မတ် ၂၀၂၆ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| သမ္မတ |
|
| ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
| ယခင်လူ | ဦးဝင်းမြင့်ကျော် |
| ဆက်ခံသူ | ဦးမြတ်စံ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၉၆၂ သာဝတ္တိရွာ၊ ခင်ဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
| လူမျိုး | မြန်မာ |
| ပညာရေး | ရန်ကုန်တက္ကသိုလ် |
| အလုပ်အကိုင် | တရားသူကြီး |
| ဆုတံဆိပ်များ | ဝဏ္ဏကျော်ထင်ဘွဲ့ (၂၀၂၄) |
ဦးနေစိုး(၁၉၆၂ဖွား)သည် မြန်မာတရားသူကြီး ဖြစ်သည်။၎င်းသည် လက်ရှိတွင် ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထိုတာဝန်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည်။ [၁]
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]ဦးနေစိုးကို ၁၉၆၂ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သာဝတ္ထိကျေးရွာတွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် တက္ကသိုလ်စာပေးစာယူသင်တန်း(ရန်ကုန်တက္ကသိုလ်)မှရရှိခဲ့သည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]တရားရေး ဝန်ထမ်းအဆင့် (၄)အဖြစ် ၁၉၈၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ရင်း နောက်ဆုံး ချင်းပြည်နယ်တရားရေး ဦးစီးမှူးအဆင့်ထိ ရာထူးအဆင့်ဆင့်တိုးခံရသည်။သူ၏ တရားရေးဝန်ထမ်း လုပ်သက်မှာ ၃၃ နှစ် ရှိသည်။[၂]
တရားလွှတ်တော်တရားသူကြီးဘဝ
[ပြင်ဆင်ရန်]၎င်းသည် တရားသူကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းမခံရမီက[၃] ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တရားရေးဦးစီးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]၎င်းသည် အိမ်ထောင်ရှိသူဖြစ်ပြီး သား (၁) ဦးနှင့် သမီး (၁) ဦးရှိသည်။
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၄ အားဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။ [၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အစဉ်အဆက်ပြည်နယ်တတရားသူကြီးချုပ်များ။ ၂၀၂၁ တရားရုံးနှစ်စဉ်အစီရင်ခံစာ။ 14 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးများ။ ချင်းပြည်နယ်တရားလွှတ်တော်ရုံး။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်နယ်တရားလွှတ်တာ်၌ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ။ Myanmar National Post (၃၀ ဇူလိုင် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း။ Ministry of Information။ 2 August 2025 တွင် ပြန်စစ်ပြီး။