နေကြတ်ခြင်း နှင့် လကြတ်ခြင်း

ဝီကီပီးဒီးယား မှ
နေအပြည့်ကြတ်ခြင်း

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးသည် နေကို လှည့်ပတ်သည်။ ကမ္ဘာမြေကြီးကို က လှည့်ပတ်သည်။ လ၏အချင်းသည် နေအချင်း၏ ၄၀၀-ပုံ ၁-ပုံသာ ရှိသည်။ သို့သော် နေသည် လထက် အဆ ၄၀၀-မျှ ကမ္ဘာမြေပြင်မှ ပိုဝေးသောကြောင့် ကမ္ဘာမှကြည့်လျှင် နေနှင့်လတို့ကို တရွယ်တည်းလိုပင် မြင်ရသည်။

လနှင့်ကမ္ဘာတို့သည် အလင်းပိတ်ဝတ္ထုများဖြစ်သဖြင့် နေနှင့်ဝေးရာဘက်တွင် အရိပ်မှောင်နှင့် အရိပ်ပျော့များ ဖြစ်ပေါ်စေသည်။ ထိုအရိပ်များကြောင့် နေ၊ ကမ္ဘာနှင့် လတို့ တတန်းတည်း ကျရောက်သည့်အခါတွင် နေကြတ်ခြင်း (သို့မဟုတ်) လကြတ်ခြင်း ဖြစ်ပေါ်သည်။

လကြတ်ခြင်းဖြစ်စဉ်

နေနှင့် ကမ္ဘာကြား တည့်တည့်သို့ လရောက်သည့်အခါ လသည် နေကို ဖုံးကွယ်သွားသည်။ ထိုအခါ လ၏အရိပ်သည် ကမ္ဘာပေါ်သို့ကျရောက်ခြင်းကြောင့် နေကြတ်ခြင်း ဖြစ်ပေါ်သည်။ မြန်မာနိုင်ငံတွင် အပြည့်နီးပါး နေကြတ်ခြင်းကို ၁၅၀၇-ခုနှစ်မှစ၍ ၂၀၁၀-ဇန်နဝါရီလအထိ ၂၄-ကြိမ်ခန့် မြင်တွေ့ခဲ့ရကြောင်း စာရင်းများအရ သိရသည်။

နေနှင့်လ ကြားတည့်တည့်သို့ ကမ္ဘာရောက်သည့်အခါ ကမ္ဘာ၏အရိပ်သည် လပေါ်တွင် ကျရောက်သည်။ ထိုသို့ဖြစ်သည်ကို လကြတ်ခြင်းဟု ခေါ်သည်။ လကြတ်ခြင်းသည် လပြည့်နှင့် လပြည့်ကျော် တရက်နေ့များတွင် ဖြစ်ပေါ်တတ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတရတနာသိုက် (ကိုဒန်ရှားကုမ္ပဏီ)