နိုးဖုကုကျောင်းတော်

ဝီကီပီးဒီးယား မှ
နိုးဖုကုကျောင်းတော်
能福寺
Nōfuku-ji's new honden
named Tsukinowa-eiden
အချက်အလက်များ
တည်နေရာ1 Kita Sakasegawa-chō, Hyōgo-ku, Kobe, Kobe, Hyōgo Prefecture
ဘာသာရေး နှီးနွယ်မှုTendai
နတ်ဘုရားYakushi Nyorai
နိုင်ငံJapan
ဗိသုကာ
တည်ထောင်သူSaichō
ပြီးစီး805

နိုးဖုကုကျောင်းတော် သည် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ သမိုင်းဒဏ္ဍာရီများအရ ဤကျောင်းတော်ကို ၈၀၅ ခုနှစ်တွင် ရဟန်း ဆိုင်းချောက ဂျပန်နိုင်ငံ၊ ဟယောဂိုစီရင်စု၊ ခိုဘဲမြို့၊ ဟယောဂိုရပ်ကွက်၊ ဆကဆီဂဝမြောက်ပိုင်းတွင် တည်ဆောက်ခဲ့သည်။ ရဟန်းဆိုင်းချောသည်ထိုကျောင်းတော်၏ ခန်းမတွင် သူကိုယ်တိုင် ပြုလုပ်ထားသည့် ယကုရှိဗုဒ္ဓရုပ်ပွားတော်ကို ထားရှိခဲ့သည်။ ထိုကျောင်းတော်ကိုလည်း နိုးဖုခုဂိုကိုကုမုဆုကျောင်းတော် (能福護国密寺) ဟု အမည်ပေးခဲ့သည်။

ဤကျောင်းတော်သည် အဲဒိုခေတ် အစောပိုင်းမှသည် မဲအိဂျိခေတ် အစပိုင်းအထိ တိုကျိုမြို့၏ Shōren-in ကျောင်းတော်ခွဲတစ်ခုအဖြစ် ရှိခဲ့သည်။

အဓိကအဆောက်အဦ[ပြင်ဆင်ရန်]

နိုးဖုကုကျောင်းတော်၏ အကြွင်းကျန် အဆောက်အဦများသည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် Tsukinowa-eiden (月輪影殿) အဆောက်အဦဖြင့် အစားထိုးထားသည်။ ၎င်းအစားထိုးအဆောက်အဦသည်လည်း ၁၉၅၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအစားထိုး အဆောက်အဦသည် ၁၉၉၅ ခုနှစ် ဟန်ရှင်းငလျင်ကြီးအတွင်း ပျက်စီးခဲ့ရပြီး ၁၉၉၇ တွင် ပြန်လည်ပြုပြင်ခဲ့ရသည်။

ဟယောဂိုဗုဒ္ဓရုပ်ပွားတော်ကြီး[ပြင်ဆင်ရန်]

Private Tōshō Inari-Daimyōjin (當勝稲荷大明神?) Shinto shrine besides Hyōgo Daibutsu

ဟယောဂိုဗုဒ္ဓရုပ်ပွားတော်ကြီး (兵庫大仏) သည် ဟယောဂိုစီရင်စုတွင် တည်ရှိသည့် ကြီးမားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ၎င်းကို မူလတည်ဆောက်ခဲ့သည်မှာ ၁၈၉၁ ခုနှစ်တွင် ချမ်းသာသည့်ကုန်သည်တစ်ဦးက လှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဤရုပ်ပွားတော်သည် ဂျပန်နိုင်ငံတွင် တတိယမြောက်အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် အရည်ပျော်ခဲ့ကာ ၁၉၉၁ တွင် သတ္ထုအစားထိုးမှုဖြင့် ရုပ်ပွားတော်အသစ်တစ်ခုကို အစားထိုးခဲ့သည်။ လက်ရှိရုပ်ပွားတော်သည် ၁၁ မီတာ (အောက်ခံအပါအဝင် - ၁၈ မီတာ) ရှိပြီး တန် ၆၀ အလေးချိန် ရှိသည်။ မျက်တော်ဖွင့်အခမ်းအနားကို (Kaigen-kuyō (開眼供養)) ၁၉၉၁ ခုနှစ် မေလတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 34°40′06″N 135°10′17″E / 34.668220°N 135.171392°E / 34.668220; 135.171392

ကိုးကား[ပြင်ဆင်ရန်]