နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း

ဝီကီပီးဒီးယား မှ
Immigration all over the world.
ရွှေ့ပြောင်းနေထိုင်မှု နှုန်းထားများ (၂၀၁၆) ၊ အပေါင်း (အပြာ)၊ အနုတ် (လိမ္မော်)၊ ယခင်အတိုင်း (အစိမ်း)၊ နှင့် အချက်အလက်မရှိ (မီးခိုး) ပုံကြီးမြင်နိုင်ရန် ဓာတ်ပုံပေါ်သို့ နှိပ်ကြည့်ပါ။
အာဂျင်တီးနားသို့ရောက်ရှိဥရောပရွှေ့ပြောင်းနေထိုင်သူ

၂၀၀၈ ခုနှစ်အတွက် အသားတင် ရွှေ့ပြောင်းနေထိုင်မှုနှုန်း - အပေါင်း (အပြာ)၊ အနုတ် (လိမ္မော်)၊ ယခင်အတိုင်း (အစိမ်း)၊ နှင့် အချက်အလက်မရှိ (မီးခိုး)။ နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်းသည် လူသစ်များကို နေထိုင်ရာနေရာ သို့မဟုတ် မှီတင်းနေထိုင်ရာ လူဦးရေနှင့် မိတ်ဆက်ခြင်းဖြစ်သည်။ ၎င်းသည် ဇီဝဗေဒဆိုင်ရာ အယူအဆဖြစ်ပြီး လူဦးရေနှင့် ပတ်ဝန်းကျင်ဆက်စပ်မှုကို လေ့လာသောပညာရပ်တွင် အရေးပါပြီး၊ နိုင်ငံတစ်ပါးသို့ သွားရောက်အခြေစိုက်နေထိုင်ရန် မိမိနိုင်ငံမှထွက်ခွာခြင်း နှင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခြင်း တို့နှင့် ကွဲပြားခြားနားသည်။

စာရင်းဇယား အချက်အလက်များ[ပြင်ဆင်ရန်]

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများကြီးကြပ်ရေးအဖွဲ့အစည်း(IOM)က ယနေ့ကမ္ဘာတစ်ဝန်းလုံးတွင် ရွှေ့ပြောင်းနေထိုင်သူ သန်း ၃၀၀ ကျော်ခန့် ရှိသည်ဟုပြောဆိုသည်။ ၂၀၀၅ ခုနှစ်တွင် ဥရောပတိုက်သည် နိုင်ငံခြားတိုင်းပြည်မှ ရွှေ့ပြောင်းလာရောက်နေထိုင်သူ လူဦးရေရ၀.၆သန်းကို အိမ်ရှင်အဖြစ် အများဆုံးလက်ခံခဲ့ပြီး နောက်ဆုံးနှစ်အတွက် အချက်အလက်များကို လည်းရရှိနိုင်သည်။ မြောက်အမေရိကတိုက်သည် ဒုတိယ အများဆုံး လက်ခံခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၄၅.၁ သန်း ကျော်ရှိ ကာ အာရှတိုက်သည် ၂၅.၃ သန်း နီးပါးကို အိမ်ရှင်အဖြစ် လက်ခံခဲ့သည်။ ယနေ့ခေတ်အခါ၌ ရွှေ့ပြောင်းနေထိုင်သူ အလုပ်သမားအများစုမှာ အာရှတိုက်မှ ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂက ၂၀၀၅ ခုနှစ်တွင် ကမ္ဘာအနှံ့အပြား၌ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူ ၁၉၁ သန်း နီးပါးရှိပြီး ၎င်းအရေအတွက်မှာ ကမ္ဘာ့လူဦးရေ၏ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းသည် ၁၉၉၀ ခုနှစ်မှစ၍ ၂၆ သန်း မြင့်တက်လာမှုကို ဖော်ပြသည်။ ၎င်းရွှေ့ပြောင်းနေထိုင်သူများ အနက် ၆၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများတွင်နေထိုင်နေကြပြီး ၁၉၉၀ ခုနှစ်တွင် တိုးမြင့်လာခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံများတွင် ပြောင်းလဲမှုမရှိခြင်းမှာ ခိုလှုံသူဒုက္ခသည်များ လျော့နည်းလာခြင်းက အဓိကအကြောင်းရင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်း (ကုန်သွယ်ခြင်းလုပ်ငန်းများ အားလုံးတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း အချိုးအစား) နှင့် နှိုင်းယှဉ်လျှင် ၎င်းက ၂၀ရာခိုင်နှုန်း ထက်ကျော်လွန်သည်။ ၎င်းတို့မွေးဖွားရာ နိုင်ငံ၏ပြင်ပတွင် နေထိုင်သူအရေအတွက်မှာ နောင်အနာဂတ်၌ မြင့်တက်လာမည်ဟု ခန့်မှန်းသည်။

၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၏ သန်းခေါင်စာရင်းမှတ်တမ်းများအရ အနောက်အလယ်ပိုင်းဒေသ၊ ဥရောပအချို့ဒေသများ၊ အာရှတို်က်အနောက်တောင်ပိုင်းရှိ ဒေသငယ်များနှင့် အရှေ့အိန္ဒိယ ဒေသအနည်းငယ်တို့တွင် လာရောက်နေထိုင်သူဦးရေ ရာခိုင်နှုန်းအမြင့်ဆုံး ရှိခဲ့သည်။ သို့သော် နိုင်ငံတွင်း လာရောက်နေထိုင်ခြင်း သန်းခေါင်စာရင်းမှတ်တမ်းများသည် မှတ်တမ်းမရှိသော ရွှေ့ပြောင်းနေထိုင်သူ အလုပ်သမားများ၏ ဖုံးကွယ်ထားလိုသော သဘာဝကြောင့် အကြောင်းမလှစွာ ခိုင်မာမှုနည်းပါးလျက် ရှိသည်။ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများ ကြီးကြပ်ရေး အဖွဲ့အစည်းက ယနေ့ကမ္ဘာအနှံ့အပြားတွင် နိုင်ငံခြားတိုင်းပြည်မှ ရွှေ့ပြောင်းလာရောက် နေထိုင်သူများ ခန့်မှန်းခြေအရေအတွက်မှာ သန်း၂၀၀ကျော်ခန့် ဖြစ်သည်ဟု ခန့်မှန်းသည်။

ဂေါလ်အပ်(Gallup)၏ မကြာသေးသော စစ်တမ်းများအရ အရွယ်ရောက်ပြီးသောသူ သန်း ၇၀၀ ခန့်သည် အခွင့်အရေးရရှိလျှင် အခြားတိုင်းပြည်သို့ အပြီးရွှေ့ပြောင်းနေထိုင်လိုကြသည်။ အမေရိကန်ပြည်ထောင်စုသည် ထိပ်တန်းဆန္ဒရှိသော သွားရောက်လိုသည့် နိုင်ငံဖြစ်သည်။

နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်းကို နားလည်သဘောပေါက်ခြင်း[ပြင်ဆင်ရန်]

နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း နောက်ကွယ်ရှိ အထွေထွေယူဆချက်

နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း ယူဆချက်တစ်ခုမှာ တွန်းအားပေးချက်များနှင့် ဆွဲဆောင်ချက်များအကြား ခွဲခြားသိမြင်ခြင်း ဖြစ်သည်။ တွန်းအားပေးချက်များဆိုသည်မှာ မူလနိုင်ငံမှ နိုင်ငံတစ်ပါးသို့ သွားရောက်အခြေစိုက်နေထိုင်ရန် ထွက်ခွာခြင်း၏ အဓိက အကြောင်းရင်းကို ရည်ညွှန်းသည်။ စီးပွားရေးအရ ရွှေ့ပြောင်းသောကိစ္စရပ်တွင် (ပုံမှန်အားဖြင့်အလုပ်သမားများ ရွှေ့ပြောင်းခြင်း ) အလုပ်လုပ်ခနှုန်းထားများမှာ ထင်ရှားသော ကွဲပြားခြားနားမှုများဖြစ်သည်။ နိုင်ငံအသစ်မှ လုပ်ခတန်ဖိုးမှာ တစ်ဦးတစ်ယောက်၏ မူလနိုင်ငံမှလုပ်ခတန်ဖိုးထက် သာလွန်ပြီး ခရီးသွားလာမှု ကုန်ကျစရိတ် မမြင့်မားပါက ပြောင်းရွှေ့ရန် ရွေးချယ်ပေလိမ့်မည်။ အထူးသဖြင့်၁၉ရာစုနှစ်တွင်အမေရိကန်ပြည်ထောင်စု၏စီးပွားရေးချဲ့ထွင်မှုကြောင့်လာရောက်နေထိုင်မှုနှုန်းမှာ မြင့်တက်လာခဲ့ပြီး ထိုအကျိုးဆက်ကြောင့် လူဦးရေ၏ ၂၀% မှာ နိုင်ငံခြားတွင်မွေးဖွားခဲ့သူများဖြစ်၍ ယနေ့ နှုန်း၏ ၁၀% ဖြစ်ပြီး သိသာထင်ရှားသော အလုပ်သမားအင်အားစုကို ဖြစ်စေခဲ့သည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများမှ ဆင်းရဲသောသူ တစ်ဦးချင်းမှာ ၎င်းတို့၏မူလနိုင်ငံများထက် သာ၍မြင့်မားသော လူနေမှုအဆင့်အတန်းကို ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် ရရှိနိုင်သည်။

တိကျရှင်းလင်းသော ကုန်ကျစရိတ်များ၊ လက်မှတ်ခ နှင့် သွယ်ဝိုက်သော ကုန်ကျစရိတ်၊ အလုပ်ချိန်ဆုံးရှုံးခြင်း၊ လူမှုအသင်းအဖွဲ့များ ဆုံးရှုံးခြင်းတို့ပါဝင်သော မိမိနိုင်ငံမှ ထွက်ခွာခြင်း၏ ကုန်ကျစရိတ်မှာလည်း နိုင်ငံတစ်ပါးသို့ သွားရောက်အခြေစိုက်နေထိုင်သူများကို မူလနိုင်ငံများမှ အဝေးသို့သွားစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ၁၈ရာစုနှင့် ၂၀ရာစုအစောပိုင်းကာလ အတွင်း သယ်ယူပို့ဆောင်ရေးနည်းပညာများ တိုးတက်ခဲ့သည်နှင့်အညီ ခရီးသွားလာချိန်နှင့် ကုန်ကျစရိတ်များမှာ သိသိသာသာ လျော့နည်းလာခဲ့သည်။ ၁၇၀၀ ပြည့်လွန်နှစ်များတွင် အတ္တလန်တိတ် သမုဒ္ဒရာကိုဖြတ်ကျော်၍ ခရီးသွားခြင်းမှာ ပုံမှန် ၅ပါတ်မျှကြာမြင့်ခဲ့သော်လည်း ၁၉၀၀ ပြည့်လွန်နှစ်များဝန်းကျင်တွင် ၈ရက်ခန့်မျှသာကြာမြင့်ခဲ့သည်။

တွန်းအားပေးခြင်းနှင့် ဆွဲဆောင်ခြင်း အယူအဆ[ပြင်ဆင်ရန်]

အခွင့်ထူးစရိတ် နည်းလေ ရွှေ့ပြောင်းနေထိုင်မှုနှုန်း အလားအလာ မြင့်မားလေ ဖြစ်သည်။ ဆင်းရဲခြင်းမှလွတ်မြောက်ခြင်း ( ပုဂ္ဂိုလ်ရေးအရ သို့မဟုတ် နောက်ကွယ်ရှိ ဆွေမျိုးများအတွက်) သည် သမားရိုးကျ တွန်းအားပေးချက်တစ်ခု ဖြစ်သည်။ အလုပ်အကိုင်များရရှိနိုင်ခြင်းသည် ဆက်စပ်နေသော ဆွဲဆောင်ချက်များဖြစ်သည်။ သဘာဝဘေးအန္တရာယ်များ နှင့် ဆင်းရဲလာခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်မှုနှုန်းကို အားမြင့်စေနိုင်သည်။ ဤသို့သော ရွှေ့ပြောင်းနေထိုင်ခြင်း အမျိုးအစားမှာ ဦးတည်ရာနိုင်ငံတွင် တရားမဝင် ပြည်တွင်းသို့လာရောက်နေထိုင်ခြင်း ဖြစ်နိုင်သည်။ (နိုင်ငံတစ်ပါးသို့ သွားရောက်နေထိုင်ရန် မိမိနိုင်ငံမှ ထွက်ခွာခြင်းမှာ မြောက်ကိုးရီးယား၊ မြန်မာ နှင့် ဆိုမာလီယာ ကဲ့သို့သော အချို့နိုင်ငံများတွင် တရားမဝင်ပါ။)

တွန်းအားပေးခြင်းနှင့် ဆွဲဆောင်ခြင်း အယူအဆတို့၏ အဓိကပြဿနာမှာ သုံးခေါက်ချိုး ဖြစ်ခြင်းပင်၊ ပထမအဆင့်အနေဖြင့် ၎င်းတို့သည် ထင်ရှားသိသာမှုကို ဖော်ပြထားသည်။ (အဓိပ္ပာယ်မှာ ဆင်းရဲသောနေရာဒေသများမှ သူများသည် ပို၍ချမ်းသာသောနေရာဒေသများသို့ သွားရောက်ရန် ရှာဖွေကြပေလိမ့်မည်။)၊ ဒုတိယအဆင့်အနေဖြင့် ၎င်းတို့သည် ရွှေ့ပြောင်းနေထိုင်မှုနူန်း ပေါ်ထွက်လာခြင်းကိုရှင်းပြနိုင်ခြင်းမရှိသေးပါ(တွန်းအားပေးခြင်းနှင့် ဆွဲဆောင်ခြင်းသည်သာ တည်ရှိမည်ဆိုလျှင် အဆင်းရဲဆုံးနိုင်ငံများမှ သူများသည် အချမ်းသာဆုံးသောနိုင်ငံများသို့ ရွှေ့ပြောင်းကြပေလိမ့်မည်။ တကယ်တမ်းတွင် ထိုကဲ့သို့ ရွှေ့ပြောင်းမှုမျိုးမှာ မရှိသလောက်ပင်)။ တတိယအဆင့်အနေဖြင့် ၎င်းတို့သည် ပေါ်ထွက်လာသော ရွှေ့ပြောင်းနေထိုင်ခြင်းပုံစံများ၏ တည်ငြိမ်မှုကို ရှင်းမပြနိုင်ကြသေးပါ (အဓိပ္ပာယ်မှာ နိုင်ငံ က မှ နိုင်ငံ ခ သို့ ပြောငး်ရွှေ့မှု စတင်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် အချိန်အတော် ကြာမြင့်သည်အထိ ရှိနေမည်။ ရွှေ့ပြောင်းရေးအတွက် တွန်းအားနှင့် ဆွဲအားပေးခဲ့သည့် အစဦးအခြေအနေများ နောက်ထပ် မရှိလျှင်ပင် တည်ရှိနေပေလိမ့်မည် (ဂျာမန် အမှု ဖြစ်သော ဂက်စတာဘိတ်တာ(Gastarbeiter) သို့မဟုတ် ဧည့်သည်အလုပ်သမားအစီအစဉ်က ဤဖြစ်ရပ်ကို ပြသနေသည်။

ရွှေ့ပြောင်းရခြင်းအကြောင်းအရင်းများ[ပြင်ဆင်ရန်]

နိုင်ငံတစ်ပါးသို့ သွားရောက်နေထိုင်ရန် မိမိနိုင်ငံမှ ထွက်ခွာခြင်းနှင့် နိုင်ငံတစ်နိုင်ငံတွင်း ဝင်ရောက်နေထိုင်ခြင်းသည် အလုပ်ခန့်အပ်ခြင်းစာချုပ်အရ တစ်ခါတစ်ရံ မဖြစ်မနေလုပ်ကိုင်ရခြင်းများဖြစ်သည် - ဘာသာရေးသာသနာပြုအဖွဲ့နှင့် ဝန်ထမ်းများ ၏ထုတ်လုပ်ခြင်း(သို့မဟုတ်)ဝန်ဆောင်မှုပေးခြင်း အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် သံတမန်ရေးရာလုပ်ငန်းများ ၏ ဝန်ထမ်းများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ‘နိုင်ငံရပ်ခြား’ တွင်အလုပ်လုပ်ရန်တို့ ဖြစ်သည်။ ၎င်းတို့ကို ‘မိမိနိုင်ငံ၏ပြင်ပတွင်နေထိုင်သူ’ အဖြစ် မကြာခဏ ရည်ညွှန်းပြီး ၎င်းတို့၏ အလုပ်ခန့်အပ်ခြင်းအခြေအနေများ မှာ (အလားတူအလုပ်များအတွက်) အိမ်ရှင်နိုင်ငံတွင် လျှောက်ထားသူများနှင့် ထပ်တူထပ်မျှ သို့မဟုတ် ပို၍ကောင်းမွန်သည်။ အချို့သောရွှေ့ပြောင်းသူများအတွက်၊ ပညာရေးသည်အဓိကကျသော ဆွဲအားဖြစ်သည် (နိုင်ငံတကာ ကျောင်းသား အများစုမှာ နိုင်ငံတွင်း ဝင်ရောက်နေထိုင်သူများဟု သတ်မှတ်ခံရခြင်းမရှိသော်လည်း)။

ချမ်းသာ ကြွယ်ဝသောနိုင်ငံများမှ ပို၍ကောင်းမွန်သောရာသီဥတုရှိပြီး ကုန်ကျစရိတ် သက်သာသောနိုင်ငံများ သို့ အငြိမ်းစားယူရွှေ့ပြောင်းခြင်းသည် ပုံစံသစ်နိုင်ငံတကာ ရွှေ့ပြောင်းခြင်းဖြစ်သည်။ ဥပမာများတွင် အငြိမ်းစား ဗြိတိသျှနိုင်ငံသားများသည် စပိန် (သို့မဟုတ်) အီတလီနိုင်ငံသို့ လာရောက်နေထိုင်ခြင်း နှင့် အငြိမ်းစား ကနေဒါနိုင်ငံသားများ U.S သို့ (အဓိကအားဖြင့် U.S ရှိ ဖလော်ရီဒါ နှင့် တက္ကဆက်ပြည်နယ်များသို့) လာရောက်နေထိုင်ခြင်းများ ပါဝင်သည်။ စီးပွားရေးအရ မဟုတ်သော တွန်းအားပေးအချက်များတွင် ဖိစီးနှိပ်စက်မှု (ဘာသာရေးနှင့် အခြား တစ်နည်းနည်းအားဖြင့် )၊ မကြာခဏ မတော်မတရား အပြုခံရခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူမျိုးစု မျိုးဖြုတ်ခြင်းလူမျိုးစု မျိုးဖြုတ်ခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း အပါအဝင်နှင့် စစ်အတွင်း အရပ်သားများ ဘေးအန္တရာယ် စွန့်စားမှုများ ပါဝင်သည်။ နိုင်ငံရေးလှုပ်ရှားမှုများမှာ အစဉ်အလာအားဖြင့် ဒုက္ခသည်များသွားလာမှုနှုန်းကို တွန်းအားပေးသည်- ဥပမာအားဖြင့် အာဏာရှင်စနစ်မှ လွတ်မြောက်ရန်အတွက်ဖြစ်သည်။

အချို့သောရွှေ့ပြောင်းခြင်းများမှာ မိသားစုပြန်လည်ပေါင်းစည်းရေး သို့မဟုတ် နိုင်ငံမတူသော နိုင်ငံသားများလက်ထပ်ခြင်း ကဲ့သို့ ဆွေမျိုးတော်စပ်မှုအပေါ် အခြေခံသောပုဂ္ဂိုလ်ရေးအကြောင်းများ ကြောင့် ဖြစ်သည် (ဥပမာ မိသားစု သို့မဟုတ် လုပ်ဖော်ကိုင်ဖက် နှင့်အတူနေရန် )။ အချို့ကိစ္စများတွင် တစ်စုံတစ်ဦးသည် ပြောင်းလဲသွားသော မျိုးချစ်စိတ် ပုံစံအဖြစ် နိုင်ငံသစ်သို့ ထွက်ခွာ နေထိုင်ချင်ကြပေလိမ့်မည်။ ပြစ်ဒဏ်စီရင်ခံရခြင်း မှရှောင်တိမ်းခြင်း (ဥပမာ ဖမ်းဆီးခံရခြင်းမှ ရှောင်တိမ်းခြင်း) သည် ပုဂ္ဂိုလ်ရေးအကြောင်းရင်းခံ အချက်ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများသည် ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများကို ဖုံးကွယ်ထားခြင်း သို့မဟုတ် ရှာဖွေတွေ့ရှိခံရခြင်းမှရှောင်တိမ်းရန် အခြားလွတ်မြောက်ရာလမ်းကိုရှာဖွေခြင်းများ ပြုလုပ်နိုင်သော်လည်း ပြစ်မှုသည် နိုင်ငံတကာက အသိအမှတ်ပြုသော ပြစ်မှုဖြစ်လျှင် ဤသို့သော မိမိနိုင်ငံမှ ထွက်ခွာခြင်း နှင့် အခြားနိုင်ငံတွင်း ဝင်ရောက်နေထိုင်ခြင်းသည် သာမန်အားဖြင့် တရားဝင်မဟုတ်ပေ။ ဥပမာ စစ်ရာဇဝတ်မှုအပြစ်ရှိသူများမှာ ၎င်းတို့ကိုယ်ကို စစ် သို့မဟုတ် သဘောထားကွဲလွဲမှုများ၏ ဒုက္ခသည်များအဖြစ် ပြောဆိုပြီး အခြားသောနိုင်ငံတစ်ခု အတွင်းတွင် ခိုလှုံခွင့်တောင်းခံခြင်း စသည့် သာဓကများရှိသည်။

ရွှေ့ပြောင်းနေထိုင်ခြင်းမှ ပေါ်ထွက်လာသော စံသဘောထားကွဲလွဲမှု[ပြင်ဆင်ရန်]

နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း၏ အဟန့်အတားများမှာ ဥပဒေကခွင့်မပြုသည်သာမက လာရောက်နေထိုင်ခြင်း၏ ဖြစ်ရိုးဖြစ်စဉ်နှင့် လူမှုရေးအဟန့်အတားများမှာလည်း အလွန် အရေးပါနိုင်သည်။ လာရောက်နေထိုင်သူများမှာ ရင်းနှီးကျွမ်းဝင်သော အရာခပ်သိမ်းဖြစ်သည့် ၎င်းတို့၏မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများ၊ အထောက်အပံ့ပေးသော အသိုင်းအဝိုင်းနှင့် ဓလေ့ထုံးတမ်း အစဉ်အလာ တို့ကိုလည်း ၎င်းတို့၏ တို်င်းပြည်မှ ထွက်ခွါလာသောအချိန်တွင် ထားခဲ့ကြရသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း များသောအားဖြင့် အရှုံးခံ၍ ရောင်းချပြီး ပြောင်းရွှေ့စရိတ်အဖြစ် အသုံပြုသည်။ ၎င်းတို့သည် နိုင်ငံအသစ်တခုသို့ ရောက်သောအခါ အလုပ်ရှာဖွေခြင်း၊ နေထိုင်ရန်နေရာ၊ ဥပဒေအသစ်များ၊ ဓလေ့ထုံးစံ စည်းမျဉ်းသစ်များ, ဘာသာစကား သို့မဟုတ် လေယူလေသိမ်းနှင့် ပတ်သက်သော အကြောင်းခြင်းရာများ၊ ဖြစ်နိုင်ဖွယ်ရာရှိသော လူမျိုးရေးပဋ္ဋိပက္ခ နှင့် အခြားသော ၎င်းတို့နှင့် ၎င်းတို့၏မိသားစုများကို ချန်လှပ်ထားခြင်း အပြုအမူ စသည့် များပြားလှသော မရေရာမသေချာမှုများ တို့တွေ့ကြုံရသည်။ ယင်းအတားအဆီးများမှာ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းကို ကန့်သတ်သည့် သဘောဆောင်သည် (အခြားသောတိုက်များသို့ မှီတင်းနေထိုင်ကြသောသူများ အစုအဝေးအလိုက် ရွှေ့ပြောင်းခြင်း၊ ကြီးမားများပြားသောလူဦးရေများ တလိမ့်လိမ့်ဖန်တီးခြင်းနှင့် ၎င်းတို့၏ အခြေခံဖွဲ့စည်းမှုနှင့် ဝန်ဆောင်မှုများအပေါ် ဆက်စပ်နေသော အားထုတ်လုပ်ကိုင်ခြင်းများ၊ ရွှေ့ပြောင်းခြင်းတွင် ၎င်းရှိရင်းစွဲ ကန့်သတ်ချက်များကို လျစ်လျူရှုခြင်းတို့ ဖြစ်ပေါ်နေသော နေရာများ)။

နိုင်ငံရေးအရ ရွှေ့ပြောင်းနေထိုင်ခြင်းသည် အခြားသောအကြောင်းအရာများ ဖြစ်သော နိုင်ငံတော်လုံခြုံရေး၊ အကြမ်းဖက်ဝါဒနှင့် အထူးသဖြင့် အနောက်ဥရောပတိုက်တွင်အဓိကကိုးကွယ်လျက် ရှိသော လက်ရှိအစ္စလာမ်ဘာသာနှင့် ပို၍ပို၍ဆက်စပ်ဖြစ်ပေါ်လျက် ရှိသည်။ လုံခြုံရေးနှင့်သက်ဆိုင်သော ထိုအကြောင်းအရာများသည် ဂျီလန်း-ပို့စတန် မိုဟာမက် (Jyllands-Posten Muhammad) ကာတွန်းများ အငြင်းပွားမှုကို အနောက်ဥရောပတွင် မွတ်စလင်များ ရွှေ့ပြောင်းနေထိုင်ခြင်းမှ ပေါ်ထွက်လာသော စံသဘောထားကွဲလွဲမှု ဥပမာအနေဖြင့် ညွှန်ပြသည့် ၂၀၀၅ခုနှစ် ပြင်သစ်နိုင်ငံ ပြည်တွင်းနိုင်ငံရေး ထကြွလှုပ်ရှားမှု ကို ရည်ညွှန်းကိုးကားသည်။ ထိုစဉ်တွင်၂၀၀၅ခုနှစ် ပြည်တွင်းနိုင်ငံရေး ထကြွလှုပ်ရှားမှုတွင် အများဆုံးပါဝင်သူများမှာ ပြင်သစ်နိုင်ငံသားများ ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် လာရောက်နေထိုင်သူများမဟုတ်ကြောင်း၊ ၎င်းတို့ ကန့်ကွက်ဆန္ဒပြရခြင်း၏ အနှစ်သာရမှာ တူညီသောအခွင့်အရေးရပိုင်ခွင့်များကို ငြင်းပယ်ခြင်းနှင့် နိုင်ငံ၏ တစ်စိတ်တဒေသတွင် သိသာထင်ရှားသော လူမျိုးခွဲခြားရေးဝါဒတို့ကြောင့်ဖြစ်ကြောင်း၊ စသည့်အချက်များကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။ အားလုံးသော ယင်းအသင်းအဖွဲ့များကြောင့် ဥရောပနိုင်ငံ အများအပြားတွင် လာရောက်နေထိုင်ခြင်းသည် စိတ်ခံစားချက်နှင့်သက်ဆိုင်သော နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်တစ်ခု ဖြစ်လာသည်။

လူ့ကျင့်ဝတ်[ပြင်ဆင်ရန်]

လွတ်လပ်စွာလှုပ်ရှားခွင့်သည် အများပြည်သူနှင့်ဆိုင်သောအခွင့်အရေးဟု မကြာခဏ အသိအမှတ် ပြုခဲ့သော်လည်း လွတ်လပ်ခွင့်သည် နိုင်ငံတော်၏ နယ်နိမိတ်အတွင်း လှုပ်ရှားမှုများအတွက်သာလျှင် အကျုံးဝင်သည် - ၎င်းကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် (သို့မဟုတ်) လူ့အခွင့်အရေးဥပဒေအရ အာမခံနိုင်သည်။ ထို့အပြင် ဤလွတ်လပ်ခွင့်သည် နိုင်ငံသားများအတွက်သာ ကန့်သတ်ထားပြီး နိုင်ငံသားမဟုတ်သောသူများ မပါဝင်ပါ။ လက်ရှိတွင် မည်သည့်နိုင်ငံကမျှ အပြည့်အဝ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ၎င်း၏နယ်နိမိတ်အတွင်း ခွင့်ပြုထားခြင်းမရှိပါ။ နိုင်ငံတကာ လူအခွင့်အရေး သဘောတူညီချက်သည် အခြားနိုင်ငံသို့ ဝင်ရောက်ရန် အထွေထွေအခွင့်အရေးကို ပေးအပ်ထားခြင်းမရှိပါ။ လူအခွင့်အရေးကြေညာစာတမ်း ပါအပိုဒ် ၁၃ အရ၊ လူတို်င်းလူတိုင်းတွင် နိုင်ငံတစ်နိုင်ငံမှ ထွက်ခွာခြင်း သို့မဟုတ် ဝင်ရောက်ခြင်း အခွင့်အရေးရှိပြီး နိုင်ငံတွင်း လှုပ်ရှားခွင့်(နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်ခြင်း)လည်း ရှိသည်။

အချို့သော အငြင်းပွားဖွယ်ရာများမှာ နိုင်ငံအတွင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား လွတ်လပ်စွာလူပ်ရှားခွင့်သည် အခြေခံလူအခွင့်အရေး ဖြစ်ပြီး ကန့်သတ်မှုများပါသော ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာမူဝါဒများ၊ နိုင်ငံ့ စံနမူနာများသည် လွတ်လပ်စွာ လူပ်ရှားခွင့်ရှိသော ဤလူအခွင့်အရေးကို ချိုးဖေါက်သည်ဟု ဆိုသည်။ ယင်းကဲ့သို့ အငြင်းပွားမှုများသည် မင်းမဲ့ဝါဒ နှင့် လွတ်လပ်ရေးဝါဒ ကဲ့သို့သော နိုင်ငံတော်ကို ဆန့်ကျင်သော သဘောတရားများ အကြားတွင် ဖြစ်လေ့ရှိသည်။ ဒဿနပညာရှင်နှင့် "တံခါးဖွင့်ဝါဒ" အတွက်လှုပ်ရှားသူဖြစ်သည့် ဂျက်ကော့အက်ပဲက "လူသားများကို ခြားနားစွာ ဆက်ဆံခြင်းသည် ၎င်းတို့သည် နို်င်ငံတော်နယ်နိမိတ်နှင့် ဆန့်ကျင်ဖက်အခြမ်းတွင် မွေးဖွားခဲ့ခြင်းကြောင့် ၎င်းကို ဒဿနိကဗေဒဆိုင်ရာ ခေတ်ရေစီးကြောင်း၊ ဘာသာရေး သို့မဟုတ် လူ့ကျင့်ဝတ်ဆိုင်ရာ သဘောတရား တို့တွင် မည်သည့်သဘောထားနှင့်မဆို ဘောင်ဝင်ရန် ညှိယူရေးမှာ ခက်ခဲလှသည်။" ဟု ရေးသားခဲ့သည်။

တန်းတူညီမျှမှု အခွင့်အရေးများ[ပြင်ဆင်ရန်]

နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်းကို ခွင့်ပြုပါက ၎င်းသည် ထုံးစံအတိုင်း ရွေးချယ်ခွင့် ရှိသည်။ လူဖြူ ဩစတြေးလျ ပေါ်လစီကဲ့သို့ လူမျိုးရေးဆိုင်ရာ ရွေးချယ်ခြင်းသည် တစ်ဖြည်းဖြည်း ကွယ်ပျောက်လာသည်။ သို့သော် များသောအားဖြင့် ပညာတတ်သော၊ တတ်ကျွမ်းသော ကြွယ်ဝသော သူများကို ဦးစားပေးသည်။ ဝင်ငွေနည်းပါးသော နိုင်ငံများမှ ဆင်းရဲသော လူများအပါအဝင် အခွင့်အရေးနည်းသောသူများမှာ ချမ်းသာသော နိုင်ငံများက ပေးသော တရားဝင်ဖြစ်ပြီး အကာအကွယ်လည်းပေးသည့် လာရောက်နေထိုင်ရာ အခွင့်အရေးများကို မရရှိနိုင်ပါ။ ဤတန်းတူညီမျှမှု မရှိခြင်းကိုလည်း ဒီမိုကရေစီစနစ်(အနည်းဆုံး အယူအဆဆိုင်ရာတွင်) ကျင့်သုံးသော နိုင်ငံများတွင် အသုံးပြုသည့် တန်းတူညီမျှမှု အခွင့်အရေးများဆိုင်ရာ စည်းမျဉ်းများနှင့် ကွဲလွဲမှုအဖြစ် အဝေဖန်ခံရသည်။ ကျွမ်းကျင်မှုမရှိသော သူများအတွက် တံခါးပိတ်ရခြင်းအကြောင်းရင်းမှာ မှတ်တမ်းမရှိဘဲ နိုင်ငံတွင်း လာရောက်နေထိုင်ကြခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ ဤပေါ်လစီ၏ ဆန့်ကျင်ဖက်သဘာဝသည်လည်း - ကျွမ်းကျင်မှုမရှိသော လာရောက်နေထိုင်သူများ၏ လုပ်အားကို ခေါင်းပုံဖြတ်ခံရပြီး ဆိုးကျိုးများ ဖြစ်စေသည့် အတွက် - လူမျိုးစုဆိုင်ရာ အငြင်းပွားချက်များအရ ဝေဖန်ခြင်း ခံနေရသည်။

လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်ကို ရည်ရွယ်သူ တစ်ဦးချင်းအား ရွေးချယ်ပေးအပ်သော နိုင်ငံတွင်းလာရောက်နေထိုင်မှု ပေါ်လစီများသည် အိမ်ရှင်နိုင်ငံအတွက် စီးပွားရေးတိုးတက်မှု ရှိစေရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဦးနှောက်ဖောက်စားခံရခြင်းဖြစ်သည့် ပညာတတ်လူနည်းစုကို ဆုံးရှုံးရသည့်အတွက် ဆင်းရဲသော နိုင်ငံ၏ အသားတင် အရှုံးကိုလည်း ဆိုလိုနိုင်သည်။ ဤသည်မှာ အစဦးပိုင်းတွင် လူများကို ရွှေ့ပြောင်းအခြေချရန် လှုံ့ဆော်ပေးသော လူနေမှုအဆင့်အတန်းဆိုင်ရာ တစ်ကမ္ဘာလုံး တန်းတူညီမျှမှုရှိရေးကို ပိုမိုဆိုးရွားစေနိုင်သည်။ ‘ကျွမ်းကျင်အလုပ်သမား ပြိုင်ဆိုင်မှု’ ဥပမာတစ်ခုမှာ ပထမကမ္ဘာနိုင်ငံများခေါ် ဖွံ့ဖြိုးပြီးနိုင်ငံများက တတိယကမ္ဘာနိုင်ငံများခေါ် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျန်းမာရေးလုပ်သားများကို အမြဲ ခေါ်ယူအလုပ်အကိုင်ပေးခြင်းဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]