နိသဇ္ဇိဓုတင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

နိသဇ္ဇိဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ နိသဇ္ဇိဓုတင် ဆောက်တည်သည့် ရဟန်းသည် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း ဣရိယာပုထ် (၃) မျိုးဖြင့်သာ နေရ၏။ လျောင်းသော ဣရိယာပုထ်ဖြင့် မနေရ၊ လဲလျောင်း၍ မနေရ။[၁]

ဆောက်တည်ပုံ[ပြင်ဆင်ရန်]

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “သေယျံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “လဲလျောင်းအိပ်စက်ခြင်းကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “နေသဇ္ဇိကင်္ဂံ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “ထိုင်လျက် နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

သတိပြုရန်[ပြင်ဆင်ရန်]

ဤဓုတင်အကျင့်ကို စွမ်းနိုင်သမျှ ကျင့်ကြံ‌လေလျှင် ကိလေသာ ပါး၍ ကုသိုလ်တရား ပွား၍ အကျိုးများ၏။ သို့သော် ဓုတင်ဆောက်တည်သူသည် မိမိမှာ ဓုတင်ဆောက်တည်သူဖြစ်ကြောင်းကို အခြားသူတို့ကို သိအောင် ပြောပြလျှက် ကျင့်ပါမူ ဓုတင်္ဂ အပ္ပိစ္ဈတာ (ဓုတင်၌ အလိုလောဘနည်းခြင်း) ဂုဏ်နှင့် မဟပ်မိတော့ပေ။[၁]

ဓုတင် ပျက်စီးခြင်း[ပြင်ဆင်ရန်]

လျောင်း၌ အိပ်စက်ခြင်းကို ပြုကာမျှနှင့်ပင် ဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ချမ်းမြေ့ဆရာတော် (၁၉၉၂ ခုနှစ်၊ ဧပြီလ)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ၅၅ (က)၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)