နာရိုင်
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ကြီးမြတ်သောဘုရင်နာရိုင် นารายณ์มหาราช | |
(၁၆၅၆-၁၆၈၈) | |
နန်းသက် | ၁၆၅၆ အောက်တိုဘာလ ၂၆ရက် - ၁၆၈၈ ဇူလိုင်လ ၁၀ရက်/၁၁ရက် |
အမည်အပြည့်အစုံ | ဆော(မ်)ဒက် ဖရ နာရိုင် မဟာရာချ် (สมเด็จพระนารายณ์มหาราช) |
ငယ်မည် | |
ဘွဲ့အမည် | တတိယမြောက် ရာမဓိပတိ (รามาธิบดีที่ ๓) |
အမည်ကွဲ | |
နံတော် | |
မွေးဖွားသည့်နေ့ | ၁၆ ဖေဖော်ဝါရီ ၁၆၃၂ |
မွေးရာဇာတိ | |
ဖခမည်းတော် | ဖရာဆာတ်ထုံ(င်) |
မယ်တော် | သိရီသီတာ |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ကြင်ရာတော် | သူရိယုံ(င်) ရာ(တ်)သမိ |
နန်းစံရာ နေပြည်တော် | အယုဒ္ဓယ |
နတ်ရွာစံသည့်နေ့ | ၂၆ အောက်တိုဘာ ၁၆၅၆ |
နတ်ရွာစံသည့်နေရာ | |
မြှုပ်နှံရာနေရာ | |
ဆက်ခံခဲ့သောမင်း | သိရီ သုဓမ္မရာဇာ (ศรีสุธรรมราชา) |
ဆက်ခံမည့်မင်း | ဖေ(တ်)ရာဇာ (เพทราชา) |
မင်းဆက် | ဖရာဆာတ်ထုံ(င်)မင်းဆက် စတုတ္ထမြောက်မင်း |
ကြီးမြတ်သောဘုရင်နာရိုင် (ထိုင်း: สมเด็จพระนารายณ์มหาราช, RTGS: Somdet Phra Narai Maharat, အသံထွက် [sǒmdèt pʰráʔ nāːrāːj māhǎːrâːt] listen (ကူညီ·ချက်လက်)) သို့မဟုတ် တတိယမြောက် ရာမာဓိပတိ (ထိုင်း: รามาธิบดีที่ ๓ listen (ကူညီ·ချက်လက်)) သည် အယုဒ္ဓယပြည်၏ (၂၇) ဆက်မြောက် ဘုရင် ဖြစ်ပါသည်။ ဖရာဆာတ်ထုံ(င်) မင်းဆက်၏ နောက်ဆုံးနှင့် (၄) ဆက်မြောက် ဘုရင် ဖြစ်ပါသည်။ ဘုရင်နာရိုင်သည် ဖရာဆာတ်ထုံ(င်) မင်းဆက်၏ အကျော်ကြားဆုံး ဘုရင်တစ်ပါးဖြစ်ပြီး အယုဒ္ဓယပြည်ကို ၁၆၅၆ ခုနှစ် မှ ၁၆၈၈ ခုနှစ် အထိ အုပ်ချုပ်စိုးစံခဲ့ပါသည်။
အယုဒ္ဓယပြည်သည် ဘုရင်နာရိုင်လက်ထက်တွင် အကြွယ်ဝဆုံး ဖြစ်ခဲ့သည်။ ဘုရင်နာရိုင်လက်ထက်တွင် အယုဒ္ဓယပြည်သည် အရှေ့အလယ်ပိုင်း နှင့် အနောက်ဉရောပ အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့် အလွန်ကောင်းမွန်သည့် ကုန်သွယ်ရေးနှင့် သံတမန်ဆက်ဆံရေး လုပ်ဆောင်ချက်များ ရှိခဲ့သည်။ ဘုရင်နာရိုင်သည် သူစိုးစံစဉ်ကာလ နောက်ပိုင်းနှစ်များ၌ သူသဘောအကျဆုံး ဂရိလူမျိုး စွန့်စားရေးသမား ကွန်စတန်တင် ပေါ(လ်)ခွန်အား အာဏာများစွာ ပေးခဲ့သည့်အတွက် ယေဘုယျအားဖြင့် ကွန်စတန်တင် ပေါလ်ခွန်သည် အယုဒ္ဓယပြည်၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်။ ကွန်စတန်တင် ပေါ(လ်)ခွန်၏ စီစဉ်ပေးမှုဖြင့် အယုဒ္ဓယပြည်သည် လူးဝစ် (၁၄) လက်ထက် ပြင်သစ်ပြည်နှင့် အလွန်ရင်းနှီးသော သံတမန်ဆက်ဆံရေး ရှိခဲ့ပြီး ပြင်သစ်စစ်သားများ နှင့် သာသနာပြုများသည် အယုဒ္ဓယ၏ အထက်တန်းလွှာ အသိုင်းအဝိုင်း နှင့် ကာကွယ်ရေးတို့တွင် ပြည့်နှက်နေခဲ့သည်။ ပြင်သစ်အရာရှိများ အယုဒ္ဓယနန်းတွင်းတွင် ထဲထဲဝင်ဝင် ပါဝင်လာမှုကြောင့် ပြင်သစ်အရာရှိများ အချင်းချင်း ကြားတွင်သာမက ဒေသခံ အယုဒ္ဓယပြည်သား အရာရှိများနှင့်ပါ ဝိဝါဒကွဲမှုများ ဖြစ်ပေါ်လာခဲ့ကြပြီး အယုဒ္ဓယပြည်တွင် ၁၆၈၈ ခုနှစ် တော်လှန်ရေး ပေါ်ပေါက်လာခဲ့ကာ ဘုရင်နာရိုင်ခေတ် ကုန်ဆုံးခဲ့သည်။