နာဆီလီမက်

ဝီကီပီးဒီးယား မှ
နာဆီလီမက်
Nasi Lemak
နာဆီလီမက်အား ငါးကြော်အသေးလေးများ၊ မြေပဲ၊ ကြက်ဥပြုတ်၊ သိုးသားဟင်း၊ သခွားသီး နှင့် ဆမ်ဘယ်အချဉ်တို့ဖြင့် တည်ခင်းလေ့ရှိသည်။
အဓိကသုံးဆောင်မှုပင်မ စားပွဲ အထူးသဖြင့် နံနက်စာအတွက်
မူရင်းနိုင်ငံမလေးရှားနိုင်ငံ[၁][၂][၃][၄][၅]
ဒေသမလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းရှိ အချို့သော ဒေသများ (မီဒန်၊ရီအော နှင့် ရီအောကျွန်းများ)၊ စင်ကာပူဘရူနိုင်း၊ ဖိလစ်ပိုင် တောင်ပိုင်း နှင့် ထိုင်းနိုင်ငံတောင်ပိုင်း
ဆက်နွယ်သောအမျိုးသားအစားအစာမလေးရှား
ဖန်တီးသူမလေးရှား ဟင်းလျာများ
သုံးဆောင် အပူချိန်အပူ သို့မဟုတ် အခန်းအပူချိန်ဖြင့်
အဓိက ပါဝင်ပစ္စည်းအုန်းနို့ဖြင့် ချက်ထားသော ထမင်းကို ပန်ဒန်း စခရူပိုင်း အရွက် နှင့် ချက်ပြုတ်ထားပြီး ဆမ်ဘယ်အချဉ်၊ ငါးကြော်အသေးလေးများ၊ သခွားသီး နှင့် အခြား အရံဟင်းများဖြင့် တည်ခင်းလေ့ ရှိသည်။
[[wikibooks:Special:Search/Cookbook: နာဆီလီမက်
Nasi Lemak|Cookbook: နာဆီလီမက်
Nasi Lemak]]  [[commons:Special:Search/နာဆီလီမက်
Nasi Lemak|Media: နာဆီလီမက်
Nasi Lemak]]
စင်ကာပူတွင် နာဆီလီမက်အား ငှက်ပျောရွက်ဖြင့် ထုတ်၍ တည်ခင်းလေ့ ရှိသည်။

နာဆီလီမက် (Nasi lemak) သည် မလေးရှား ဟင်းလျာတစ်မျိုးဖြစ်ပြီး အနံ့ပါသော ထမင်းဖြစ်အောင် အုန်းနို့ နှင့် ပန်ဒန်း အရွက်တို့ဖြင့် ချက်ပြုတ်ထားခြင်း ဖြစ်သည်။ မလေးရှားတွင် နေရာအနှံ့တွေ့ရပြီး နိုင်ငံတော် အစားအစာဟု ဆိုကြသည်။[၆] ထို့ပြင် မလေးလူမျိုးများ ရှိကြသော အိမ်နီးချင်းဒေသများဖြစ်သည့် စင်ကာပူနိုင်ငံ [၇] ဘရူနိုင်းနိုင်ငံ နှင့် ထိုင်းနိုင်ငံတောင်ပိုင်းတို့တွင် တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ဆူမတြာကျွန်း၏ နေရဦအချို့တွင် တွေ့ရပြီး အထူးသဖြင့် မလေးများနေထိုင်ရာ ဒေသများ ဖြစ်သည့် ရီအော၊ ရီအောကျွန်းများ နှင့် မီဒန် တို့ ဖြစ်ကြသည်။ [၈] နာဆီလီမက်အား ဖိလစ်ပိုင်နိုင်ငံ မင်ဒါနောင်းရှိ ဘန်ဆာမိုရိုဒေသတွင် နေထိုင်သော ဖိလစ်ပိုင် မိုရိုလူမျိုးများကလည်း ချက်ပြုတ်လေ့ ရှိသည်။ မလေးစတိုင်လ် နံနက်စာအတွက် အလွန်လူကြိုက်များသော အစားအစာ တစ်မျိုးဖြစ်သည်။ နာဆီ ဒါဂန်း ဟု ခေါ်သော မလေးရှား အရှေ့ပိုင်း ကမ်းရိုးတန်း ပြည်နယ်များ ဖြစ်သည် တာရန်ဂါနူး၊ ကလန်တန် နှင့် ထိုင်းနိုင်ငံ ပတ္တာနီ၊ ယာလာ နှင့် နာရာသီဝပ် ဒေသ၊ အင်ဒိုနီးရှား နာတူနာ ဒေသတို့တွင် ရောင်းချသော အစားအစာနှင့် တူသယောင် ရှိသော်လည်း မတူပေ။ ထို နှစ်မျိုးစလုံးကို နံနက်စာ အဖြစ် စားသုံးလေ့ ရှိကြသည်။ နာဆီလီမက်ကို နည်းအမျိုးမျိုးဖြင့် တည်ခင်းနိုင်သဖြင့် တနေ့တာလုံး မည်သည့်အချိန်တွင် မဆို စားသုံးလေ့ ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "#CNNFoodchallnge: What's your national dish? | CNN Travel" (in en)၊ CNN Travel၊ 2015-09-18။ 
  2. Teh၊ Eng Hock (2009-09-17)။ Laksa and nasi lemak among our pride, says Yen Yen။ 16 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 August 2021 တွင် ပြန်စစ်ပြီး။
  3. Ahmad၊ Aida (2014-11-19)။ Nasi lemak - once a farmer's meal, now Malaysia's favourite။ 2018-11-16 တွင် ပြန်စစ်ပြီး။
  4. "Malaysia's top 40 foods" (in en)၊ CNN Travel၊ 2017-11-30။ 
  5. Ram၊ Sadho။ "Ipoh-Born Ping Coombes Wins MasterChef 2014 By Cooking Nasi Lemak And Wanton Soup" (in en)၊ SAYS.com၊ 2014-05-18။ 
  6. Dwayne A. Rules (7 April 2011)။ Nasi lemak, our 'national dish'The Star။ 2 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 November 2013 တွင် ပြန်စစ်ပြီး။
  7. Nasi lemak။ VisitSingapore.com။ 19 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2012 တွင် ပြန်စစ်ပြီး။
  8. Muhammad Irzal Adiakurnia။ "Mencicipi Harum dan Lembutnya Nasi Lemak Medan di Jakarta" (in Indonesian)၊ Kompas.com၊ 11 August 2017။