နဖားကြူး
ပုံပန်းသွင်ပြင်
(နဖားကြူး မှ ပြန်ညွှန်းထားသည်)
| Crypsirina cucullata | |
|---|---|
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Passeriformes |
| မျိုးရင်း: | Corvidae |
| မျိုးစု: | Crypsirina |
| မျိုးစိတ်: | C. cucullata |
| ဒွိနာမ | |
| Crypsirina cucullata Jerdon, 1862 | |

နဖားကြူး (Crypsirina cucullata) သည် မြန်မာနိုင်ငံတွင်သာ တွေ့ရလေ့ရှိသည့် ငှက်အမျိုးအစား ဖြစ်သည်။ ၎င်းတို့ နေထိုင်ကျက်စားရာနေရာများ နည်းပါးလာမှုနှင့် ရင်ဆိုင်နေရသည်။ ဦးခေါင်း၊ အမြီးဖျားနှင့် တောင်ပံဖျားတို့ အမည်းရောင်ဖြစ်၍ ကျန်တစ်ကိုယ်လုံး မီးခိုးရောင် ဖြစ်သည်။
ကျက်စားရာဒေသများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းများတွင် အဓိကတွေ့ရသည်။ အမြင့်ပေ ၉၀၀ အောက်တွင် တွေ့ရပြီး ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်း ဒေသကြီးများနှင့် ကချင်ပြည်နယ်တွင် အများဆုံးတွေ့ရသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Crypsirina cucullata". IUCN Red List of Threatened Species 2012. IUCN.
- ↑ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း အတွဲ(၁)၊ စာစောင်(၂)
| ဤ စာကလေးနှင့် အလားတူငှက်မျိုးနွယ်ဝင် ငှက်အကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |