နက်စ်ဒက်ခ်

ဝီကီပီးဒီးယား မှ
NASDAQ
အမျိုးအစားစတော့ဈေးကွက်
တည်နေရာနယူးယောက်၊ အမေရိကန်ပြည်ထောင်စု
စတင်တည်ထောင်ခြင်းဖေဖော်ဝါရီ ၄၊ ၁၉၇၁; ၅၃ နှစ် အကြာက (၁၉၇၁-၀၂-04)
ပိုင်ရှင်နာ့စ်ဒက်ခ် အိုအမ်အိတ်စ် အုပ်စု
အဓိက ပုဂ္ဂိုလ်များရောဘတ် ဂရေဖယ်လ် စီအီးအို
အိတ်ချ် ဖာလောင်း ဘော်လ်ဒွင် ဥက္ကဋ္ဌ
ငွေကြေးအမေရိကန်ဒေါ်လာ
စာရင်းရှိ ကုမ္ပဏီပေါင်း၃၂၀၀
ညွှန်းကိန်းများNASDAQ Composite
NASDAQ-100
NASDAQ Biotechnology Index
ဝက်ဘ်ဆိုက်ဒ်nasdaq.com

နက်စ်ဒက်ခ် စတော့ဈေးကွက် (အင်္ဂလိပ်: NASDAQ; /ˈnæzˌdæk/ ( )) ဆိုသည်မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စတော့ဈေးကွက်ဖြစ်သည်။ NASDAQ သည် အမေရိကန်ပြည်ထောင်စုရှိ အီလက်ထရွန်းနစ် ဖန်သားပြင်များဖြင့် စတော့ အရောင်းအဝယ်ပြုလုပ်သော ဈေးကွက်များတွင် အကြီးဆုံးဖြစ်သည်။ စုစုပေါင်း ကုမ္ပဏီ ၃၂၀၀ ကျော်မျှ စာရင်းရှိပြီး ကမ္ဘာပေါ်ရှိ အခြား စတော့ဈေးကွက်များထက် ပိုများသောစာရင်းရှိပြီး တစ်နေ့တာအတွက် ကုန်သွယ်မှုပမာဏ(trading volume)မှာလည်း ပို၍ များပြားသည်။[၁]

NASDAQ ကို ၁၉၇၁ ခုနှစ်တွင် စတော့ရှယ်ယာရောင်းဝယ်သူများ အဖွဲ့ (National Association of Securities Dealers) (NASD) မှ စတင်ထည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီသည် ၂၀၀၀ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အတွင်း အပိုင်းပိုင်းခွဲ၍ မိမိဘာသာရောင်းချခဲ့သည်။ ယခုအခါ NASDAQ OMX Groupမှ ပိုင်ဆိုင်၍ လည်ပတ်မှုပြုနေပြီး ထိုကုမ္ပဏီ၏ ရှယ်ယာမှာ သူပိုင်ဆိုင်သော စတော့ဈေးကွက်တွင် ၂၀၀၂ ခုနှစ်မှ စတင်၍ ရောင်းချနေခဲ့ပြီး Securities and Exchange Commission (SEC) မှ ဈေးကွက်အတွင်း စတော့ရောင်းဝယ်မှုများကို စောင့်ကြပ်ကြည့်ရှုနေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. NASDAQ Performance ReportNASDAQ Newsroom။ The Nasdaq Stock Market (2007-01-12)။ 2007-02-15 တွင် ပြန်စစ်ပြီး။