ဓမ္မဝိလာသ (ဝတ္ထု)

ဝီကီပီးဒီးယား မှ

လင်းယုန်သစ်လွင် ရေးသားပြီး ပုဂံစာအုပ်တိုက် မှ စာမျက်နှာ ၆၄၀၊ အဖိုး ၅ကျပ် နှင့် ထုတ်ဝေသည်။ ၁၉၇၁ ခုနှစ် အမျိုးသားစာပေဆု ဝတ္ထုရှည် ဆုရ စာအုပ်ဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသ၊ ညောင်တုန်းနယ် တဝိုက်တွင် ဂျပန်တော်လှန်ရေးခေတ် အဖြစ်အပျက်များကို အခြေခံ၍ ရေးဖွဲ့ထားသည်။ ဂျပန့်ခေတ် က ဂျပန်စစ်သားများ မြန်မာအမျိုးသား လူငယ်လူရွယ်များအား အတင်းအဓမ္မ ချွေးတပ်ဆွဲပုံနှင့် လူအများ ကျီးလန့်စာစား ဖြစ်နေရပုံ တို့ကိုလည်း ဖော်ပြထားသည်။ ဝတ္ထု၌ လှေသမ္ဗန်သမားတို့၏ ဘဝအပြင်၊ ရပ်ရွာ၏ အကျိုးဆောင်သော ရဟန်းတပါး၊ တော်လှန်ရေးသမားနှင့် ဆင်းရဲဒုက္ခ ရောက်နေသော အမျိုးသမီးတဦး၏ ဘဝကို ရုပ်လုံးပေါ်အောင် ရေးဖွဲ့ထားလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံ စာပေဆုများ (၁၉၇၁ − ၁၉၇၉)။ စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲစာစဉ်။ စာပေဗိမာန်။ ၁၉၈၀ ပြည့်နှစ်။ |first= missing |last= (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)