ဒွိကြယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဒွိကြယ်နှင့် သူတို့၏ တောက်ပမှု[၁][၂]

ဒွိကြယ် ဆိုသည်မှာ ကြယ် နှစ်လုံးတို့ တစ်လုံး၏ ပတ်လမ်းကြောင်းတွင်း အခြား တစ်လုံးက လှည့်ပတ်နေခြင်းပင်ဖြစ်သည်။ ကြယ်တစ်လုံးစီ အတွက် အခြားကြယ်သည် အဖော်ကြယ်ပင် ဖြစ်သည်။ ကြယ်အများစုမှာ နှစ်လုံးသို့ မဟုတ် နှစ်လုံးထက် ပို၍ ရှိသော ကြယ်စနစ်၏ အစိတ်အပိုင်းပင် ဖြစ်သည်။ ဒွိကြယ်မှာ နက္ခတ္တ ရူပဗေဒ တွင် အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး သိပ္ပံပညာရှင်များ အနေဖြင့် ကြယ်တို့၏ ပတ်လမ်းကြောင်းကို ကြည့်ခြင်း အားဖြင့် ၄င်းတို့၏ ဒြပ်ထုကို မှန်းဆ နိုင်သည်။ ထို အချက်အလက်ကို အသုံးပြုခြင်းအားဖြင့် ကြယ်တစ်လုံးစီ၏ ဒြပ်ထုကို တွက်ဆ၍ ရသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Gossman, D. (October 1989). "Light Curves and Their Secrets". Sky & Telescope: 410. 
  2. Eclipsing Binary Simulation. Cornell Astronomy.