ဒွန်နီယင်း

ဝီကီပီးဒီးယား မှ
Donnie Yen
Yen on 19 March 2023
ဇာတိ အမည်甄子丹
မွေးဖွားYen Ji-Dan
(1963-07-27) ၂၇ ဇူလိုင်၊ ၁၉၆၃ (အသက် ၆၀)
Guangzhou, Guangdong, China
အခြား အမည်များZhen Zi-Dan, Yen Chi Tan, Yen Zi Dan
အလုပ်အကိုင်
  • Actor
  • martial artist
  • film director
  • producer
  • action choreographer
တက်ကြွလှုပ်ရှားနှစ်များ1981–present
သားသမီး3
ရရှိသည့်ဆုများFull list
ဝက်ဘ်ဆိုဒ်donnieyen.asia
Yen in Flash Point (2007)
အမြင့်၅ ft ၈ in (၁.၇၃ m)[ကိုးကားချက်လိုသည်]
ကိုယ်လေးချိန်၁၆၅ lb (၇၅ kg; ၁၁ st ၁၁ lb)
စတိုင်
အဆင့်
  •   တိုက်ကွမ်ဒို ခါးပတ်နက် အဆင့် ၆
  •   ဂျူဒို ခါးပါတ်နက်
  •   ဘရာဇီးဂျူဂျစ်ဆု ခါးပတ်ခရမ်း
  •   ဝူရှူးပြိုင်ပွဲများတွင် ရွှေတံဆိပ်

ဒွန်နီယင်း [၁] (၁၉၆၃ ဇူလိုင် ၂၇ ဖွား)သည် ဟောင်ကောင်ရုပ်ရှင်သရုပ်ဆောင်၊ သိုင်းပညာရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ အက်ရှင်သရုပ်ပြ၊ စတန့်သမားနှင့် ဘက်စုံ ဝူရှူးပြိုင်ပွဲ ချန်ပီယံ ဖြစ်သည်။ [၂] [၃]

ယင်းသည် ဟောင်ကောင် ထိပ်တန်း အက်ရှင်မင်းသားများထဲမှ တစ်ဦး ဖြစ်သည်။ [၄] ကိုယ်ခံပညာရပ် သိုင်းမျိုးစုံကို တတ်မြောက်ပြီးလျှင်၊ ထိုက်ချိ၊ လက်ဝှေ့၊ ကစ်ဘောက်ဆင်၊ ဂျစ်ကွန်ဒို၊ ဟပ်ကီဒို၊ တိုက်ကွမ်ဒို၊ ကရာတေး၊ မွေထိုင်း၊ နပမ်း၊ ဘရာဇီးဂျူဂျစ်ဆု၊ ဝင်ချွန်းသိုင်း နှင့် ဝူရှူးတို့ကို ကျွမ်းကျင်သည်။ ၂၀၀၀ ပြည့်လွန်နှစ်များအစောပိုင်း အာရှတွင် ရေပန်းအစားဆုံး ရုပ်ရှင်မင်းသား တစ်လက် ဖြစ်သည့် ယင်းသည် အာရှတွင် အနုပညာကြေး အမြင့်ဆုံး ရရှိသော သရုပ်ဆောင် ဖြစ်သည်။[၅] ၂၀၁၃ တွင် ရုပ်ရှင်လေးကားနှင့် ကြော်ငြာ ခြောက်ခုမှ ဟောင်ကောင်ဒေါ်လာ သန်း ၂၂၀ ရရှိခဲ့သည်။[၆]

တရုတ်ပြည်တွင် ဝင်ချွန်းသိုင်းကို လူကြိုက်များလာအောင် ဖြန့်ဝေသော ယင်းကို အများက အသိအမှတ်ပြုကြသည်။[၇] [၈] နိုင်ငံတကာတွင် ရေပန်းစားခဲ့သည့် ၂၀၀၈ ခု ရုပ်ရှင် Ip Man တွင် ဝင်ချွန်းသိုင်းပညာရှင် Ip Man အဖြစ် သရုပ်ဆောင်သည်။ အကျိုးဆက်က တရုတ်ပြည်မကြီးနှင့် အာရှ၏ အခြားဒေသများတွင် ဝင်ချွန်းသိုင်းသင်တန်းကျောင်းများ မှိုလိုပေါက်လာကာ၊ သင်ယူလိုသူ သင်တန်းသားများ အလွန်အကြူး တိုးပွားလာခဲ့သည်။[၉] Ip Man ၏သားအကြီးဆုံးဖြစ်သူ Ip Chun က ယင်းကို မိသားစုသိုင်းပညာကို လူကြိုက်များစေရန်နှင့် ဖခင်၏ သိုင်းပညာကိုအမှတ်ရစေသည့်အတွက် သူကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ [၁၀] သူသည် Chirrut wemwe ကို Rogue One : Star Wars Story (2016) နှင့် xXx: Xander Cage Cage (2017) တွင် သရုပ်ဆောင်ခြင်းအတွက် နိုင်ငံတကာအသိအမှတ်ပြုခဲ့သည်။

ဘဝအစပိုင်း[ပြင်ဆင်ရန်]

ယင်းကို တရုတ်ပြည်၊ ကွမ်ကျိုးမြို့တွင် မွေးဖွားသည်။ သူ့မိခင် Bow-sim Mark သည် ပြည်တွင်းကိုယ်ခံပညာရပ် တမျိုး ဖြစ်သော ဖူစတိုင် ဝူတန်းသိုင်း နှင့် ထိုက်ချိပညာရှင် ဖြစ်ကာ၊ သူ့ဖခင်မှာ ယင်းယွင်လုံသည် သတင်းစာအယ်ဒီတာ ဖြစ်သည်။[၁၁] သူ့အသက် နှစ်နှစ်သားတွင်၊ မိသားစုက ဟောင်ကောင်သို့ ပြောင်းရွှေ့သည်၊ နောက် အမေရိကားသို့ ထပ်ပြောင်းပြီး၊ အသက် ၁၁ နှစ်တွင် ဘော်စတွန်၌ အခြေချသည်။[၁၂] သူ့ညီမ ခရစ်ယင်း သည်လည်း သိုင်းပညာရှင်နှင့် သရုပ်ဆောင် ဖြစ်ကာ၊ ၂၀၀၇ ခု ရုပ်ရှင် Johnny Tao: Rock Around the Dragon တွင် ပါဝင်သည်။

ငယ်စဉ်ကသူ့အမေ၏လွှမ်းမိုးမှုအောက်တွင် ယန်းသည် ကိုယ်ခံပညာကို စိတ် ဝင်စားလာပြီး ထိုက်ချိ နှင့်အခြားတရုတ်ရိုးရာ ကိုယ်ခံပညာ အပါအဝင် ဂိုဏ်းပေါင်းစုံမှ သိုင်းမျိုးစုံကို စတင်စမ်းသပ်ခဲ့သည်။ ယင်းသည်ကိုးနှစ်အရွယ်တွင် ကွန်ဖူး စသင်ယူသည်။ ကျောင်းထွက်ပြီးနောက် အသက် ၁၄ နှစ်တွင် ဝူရှူးကို အလေးအနက်ထား လေ့ကျင့်ခဲ့သည်။ ဘော်စတွန်ရှိ တိုက်ခိုက်ရေးဇုန် တွင် အချိန်အလွန်အမင်းကုန်လွန်နေသည်ကို သူ့မိဘများက စိုးရိမ်သောကြောင့် ပေကျင်း ဝူရှူးအဖွဲ့ နှင့် ၄ နှစ်သင်တန်းတက်ရန် သူ့ကို ဘေဂျင်းသို့ စေလွှတ်ခဲ့သည်။ [၁၂] ယင်းသည် အမေရိကန်ပြည်ထောင်စုသို့ ပြန်လာရန် ဆုံးဖြတ်သောအခါ ဟောင်ကောင်သို့ ခဏဝင်သည်။ ဤတွင် သူသည် လှုပ်ရှားမှုဆိုင်ရာမှတ်တမ်းပညာရှင် Yuen Woo-ping နှင့်တွေ့ဆုံခဲ့သည်။ ယင်းသည် တိုက်ကွမ်ဒိုကို ၁၆ နှစ်လောက်တွင် စတင်ခဲ့သည်။

ယင်းသည် ဂီတပညာရှင်မျိုးရိုးမှ ဆင်းသက်လာသည်။ သူ့အမေက ဘော်စတွန်မှာကိုယ်ခံပညာသင်ကြားပေးနေတာအပြင် အဆိုတော်လည်း ဟုတ်သည်။ သူ့အဖေမှာ တယောပညာရှင်ဖြစ်သည်။ [၁၃] စန္ဒယားအပါအဝင် ဂီတတူရိယာများ တီးခတ်ခြင်းကို ငယ်စည်ကတည်းကပင် မိဘများက သင်ကြားပေးသည်။[၁၄] [၁၅] ဟစ်ဟော့အကနှင့် ဘရိတ်ဒန့်စ်ကိုလည်း ကတတ်သည်။[၁၆] [၁၇] [၁၈]

ဝမ်းစာ[ပြင်ဆင်ရန်]

ကိုယ်ခံပညာသမိုင်း, စတိုင်နှင့် ဒဿန[ပြင်ဆင်ရန်]

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

ယင်းသည် ဟောင်ကောင် ကြော်ညာအမှုဆောင် ဖြစ်သူ ဇနီးဦး လျန်ကျင့်ချေကို ၁၉၉၀ တွင် စတွေ့သည်။ ၁၉၉၀ တွင် စတင် ချိန်းတွေ့ပြီး၊ သုံးနှစ်ကြာသောအခါ ၁၉၉၃ နိုဝင်ဘာတွင် အမေရိကန်၌ လျှို့ဝှက်စွာ လက်ထပ်သည်။ အိမ်ထောင်ရေးသည် တစ်နှစ်မပြည့်ခင်ပင် အဆုံးသတ်သွားသည်။ ကွာရှင်းပြီးစီးပြီးမှ သူတို့ရင်သွေးကို လျန်မှာ လွယ်ထားကြောင်း သိရပြီး၊ ၁၉၉၅ တွင် ဂျက်ဖ်ကို မွေးသည်။[၁၉] [၂၀]

ယင်းသည် ၂၀၀၃ တွင် စတွေ့သော အလှမယ်ဟောင်း ဝမ်စစ်ဆီနှင့် သုံးလ ဆုံတွေ့ပြီးနောက် လက်ထပ်လိုက်သည်။ သူတို့စုံတွဲမှ ဂျက်စမင်နှင့် ဂျိမ်း ကလေးနှစ်ဦး မွေးသည်။[၁၉]

ယင်းက သူသည် MMA အဖွဲ့အစည်းက ပြုလုပ်သော Ultimate Fighting Championship ၏ ဖန်အကြီးစား ဖြစ်ကာ၊ ပွဲစဉ်တိုင်းနီးပါးကို ကြည့်ရှုကြောင်း ဆိုသည်။ အင်တာဗျူးများတွင် သူသာ ပခုံးဒဏ်ရာ မရခဲ့ပါက ထိုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေကောင်း နေလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။[၂၁]

ပရဟိတလုပ်ငန်း[ပြင်ဆင်ရန်]

၂၀၁၂ ခုနှစ်တွင် ဒွန်နီယင်း နှင့်သူ၏ဇနီး ဝမ်စစ်ဆီတို့က လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်နှင့် ဒေသခံလူမှုအသိုင်းအဝိုင်းတွင် ဝန်ဆောင်မှုပေးရန်လူတို့ကို အားပေးသည့် အွန်လိုင်းလူမှုရေးစင်တာတစ်ခုဖြစ်သော Go.Asia ကို ပူးတွဲတည်ထောင်ခဲ့သည်။ [၂၂]

၂၀၁၄ ခုနှစ်အောက်တိုဘာလတွင် WE Day Vancouver အတွက်လူငယ် ၂၀,၀၀၀ ရှေ့တွင် ဧည့်သည်တော်ဟောပြောသူအဖြစ် ဒွန်နီယင်း ကိုဖိတ်ကြားခဲ့သည်။ [၂၃]

၂၀၁၅ ခုနှစ်တွင် ယင်းသည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်၍ ဒုက္ခသည်များအတွက် အလှူငွေများနှင့် လက်ဆောင်များယူဆောင်သွားပေးခဲ့သည်။ [၂၄] ယင်းသည် Save the Children အဖွဲ့၏ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံ့မှုဆိုင်ရာ သံအမတ်လည်းဖြစ်သည်။

၂၀၁၅ ဒီဇင်ဘာတွင် ယင်းသည် Yen's Honour Protection Fund ဖြစ်သော အလှူရန်ပုံငွေကို ထူထောင်လိုက်ပြီး၊ အနုပညာအသိုင်းအဝိုင်းမှ နာမည်ကြီးများကို ဂုဏ်သိက္ခာနှင့် အသရေဖျက် နာမည်ပျက်ခြင်းမှ ဥပဒေနှင့် ကာကွယ်မှု ပြုပေးရန် ရည်ရွယ်သည်။ ရန်ပုံငွေသည် လိုအပ်သူများအားကူညီရန်နှင့် (အထူးသဖြင့်ထိခိုက်နစ်နာမှုများ၏ နှလုံးနှင့်ဂုဏ်သိက္ခာကိုပြန်လည်ထူထောင်ရန်) ရှာဖွေသည်။ ဤ ရန်ပုံငွေကို ထူထောင်ရသည်မှာ အကြောင်းရှိသည်။ ယင်းကို အသရေဖျက်ပြီး၊ မိသားစုများကို ချိမ်းခြောက်ရန် အင်တာနက်အသုံးပြုသူများကို ငှားရမ်းခဲ့သည့် ကိန်းဝေကော နှင့် တရားတပေါင် ရင်ဆိုင်ရာ အနိုင်ရပြီးနောက် ဤသို့ အကြံရလာခြင်း ဖြစ်သည်။ [၂၅]

၂၀၂၀၊ ဖေဖော်ဝါရီလတွင် တရုတ်နှင့်အခြားကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွား သည့် ကိုရိုနာကပ်ရောဂါတွင် ဒွန်နီယင်းသည် ဝူဟန်ရှိ ရှေ့တန်းဆေးဘက်ဆိုင်ရာလုပ်သားများအတွက် ဟောင်ကောင်ဒေါ်လာ ၁ သန်း လှူဒါန်းသည်။ Coronavirus ကိုတိုက်ဖျက်ရာ၌ တရုတ်ရှိ ဆေးဘက်ဆိုင်ရာလုပ်သားများအားလုံးကို ကျေးဇူးတင်စကား ပြောသော ဗီဒီယိုကလေးကိုလည်း သူထုတ်လုပ်ခဲ့သည်။ ထိုဗီဒီယိုကို တရုတ်လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သော ဝေးပေါ်၌ တင်လိုက်ရာ ဖော်လိုဝါ ၁၁ သန်းကျော် တိုးပွားသွားသည်။ သူနှင့်သူ၏သားသမီးနှစ် ဦး အတူဆွဲထားသော ပန်းချီကားကို ရှေ့တန်းဆေးဘက်ဆိုင်ရာလုပ်သားများဆီသို့ လှူဒါန်းခဲ့သည်။ [၂၆]

ရုပ်ရှင်ဇာတ်ကား[ပြင်ဆင်ရန်]

ဆုများနှင့်အမည်စာရင်းများ[ပြင်ဆင်ရန်]

Year Award Category Nominated work Result
1993 Hong Kong Film Awards Best Supporting Actor Once Upon a Time in China 2 ဆန်ခါတင်
2002 Taurus World Stunt Awards Best Fight Iron Monkey ဆန်ခါတင်
2003 Golden Horse Awards Best Action Choreography The Twins Effect ဆုရရှိ
2004 Hong Kong Film Awards Best Action Choreography ဆုရရှိ
2006 Hong Kong Film Awards Best Action Choreography SPL: Sha Po Lang ဆုရရှိ
2007 Hong Kong Film Awards Best Action Choreography Dragon Tiger Gate ဆန်ခါတင်
Golden Bauhinia Awards Best Action Choreography ဆုရရှိ
Golden Horse Awards Best Action Choreography Flash Point ဆုရရှိ
2008 Hong Kong Film Awards Best Action Choreography ဆုရရှိ
Taurus World Stunt Awards Best Action in a Foreign Language Film ဆုရရှိ
2009 Beijing College Student Film Festival Best Actor Ip Man ဆုရရှိ
Hong Kong Film Awards Best Actor ဆန်ခါတင်
Huabiao Film Awards Outstanding Abroad Actor ဆုရရှိ
2010 Hundred Flowers Awards Best Actor Bodyguards and Assassins ဆန်ခါတင်
2011 Hong Kong Film Awards Best Action Choreography Legend of the Fist: The Return of Chen Zhen ဆန်ခါတင်
3rd Macau International Movie Festival Best Actor The Lost Bladesman ဆုရရှိ
Golden Horse Awards Best Action Choreography Dragon ဆုရရှိ
2012 Hong Kong Film Awards Best Action Choreography ဆန်ခါတင်
2014 Hong Kong Film Awards Best Action Choreography Special ID ဆန်ခါတင်
8th Asian Film Awards Asian Outstanding Actor N/A ဆုရရှိ
2015 Youku Night Awards 2014's Most Influential Actor N/A ဆုရရှိ
15th Huading Awards Best Actor The Monkey King ဆုရရှိ
Hong Kong Film Awards Best Action Choreography Kung Fu Jungle ဆုရရှိ
2017 Foshan Film Awards Best Actor N/A ဆုရရှိ
Lifetime Achievement Award N/A ဆုရရှိ


ကိုးကား[ပြင်ဆင်ရန်]

  1. Martial arts superstar Donnie Yen reveals past financial struggles (in en) (2019-07-14)။
  2. Enter the Teacher to the Dragon of Martial Arts Films (23 January 2011)။
  3. Donnie Yen: The Evolution of an American Martial Artist (23 December 2000)။
  4. Sonia Kolesnikov-Jessop, August 19, 2009 "An Action Star Moves to the Lead". Retrieved 13 October 2009, Nytimes.com
  5. Donnie Yen Crossing Path With Cung Le in More Ways Than One။ Wu-Jing.ORG။ 27 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။
  6. Louis Koo is highest earning actor of 2013။ Yahoo! News Asia။
  7. Mike၊ Miller။ "Why Rogue One Star Donnie Yen Performed All of His Amazing Fight Scenes ‘Blind’"၊ 2016-12-12။ 
  8. Zhang၊ Rui (December 1, 2016)။ Donnie Yen leaves hand and foot prints in Hollywood- China.org.cn
  9. Ip Chun (葉準), 84yo wing chun legend (March 16, 2009)။
  10. 叶问之子叶准 否认和甄子丹闹不合 | 联合早报Singapore (20 May 2010)။ 29 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။
  11. Donnie Yen Biography (1963–)Biography။ Film Reference။
  12. ၁၂.၀ ၁၂.၁ Donnie Yen BiographyBiography။ Starpulse။ 8 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။ ကိုးကား အမှား - Invalid <ref> tag; name "StarPulse" defined multiple times with different content
  13. =The Legend of Westernised Chen Zhen, The Piano Virtuoso။ WuJing.Org (December 22, 2009)။ 7 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။
  14. Donnie Yen Biography။ DonnieYen.Net။ 4 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။
  15. Donnie Yen shows off his moves...on the Piano!! (December 23, 2009)။ 7 January 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။
  16. Mismatched Couples – Bboy Donnie Yen 1985 (Yuen Woo Ping)။ YouTube။
  17. Mismatched Couples Donnie Yen dance။ YouTube။
  18. Donnie Yen breakdance။ YouTube (12 September 2006)။
  19. ၁၉.၀ ၁၉.၁ Wai Yee, Yip (16 January 2016). "Donnie Yen’s secret to a happy marriage – listen to his wife". The Straits Times.
  20. "Donnie Yen Owes Nothing to His Ex-Wife". Jayne Stars. 30 November 2012.
  21. Donnie Yen would love to compete in UFC။ Reddit (22 September 2016)။
  22. Donnie Yen & Cissy Wang support Asia new charity online platform – Go.Asia (www.go.asia) to prove to the world that "Every Act Counts" | Dot.Asia (in en-US)။
  23. Donnie Yen is a Guest Speaker on We Day။ We Day (23 October 2014)။
  24. Donnie Yen identified as Ip Man in refugee camps။ Bendijin (2 March 2015)။ 20 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2020 တွင် ပြန်စစ်ပြီး။
  25. Donnie Yen to set up Charitable Organization after vindication။ Sina.Cn (3 December 2015)။
  26. Ip Man star Donnie Yen donates HK$1 million to frontline medical workers in Wuhan။ South China Morning Post (19 Feb 2020)။

ပြင်ပလင့်များ[ပြင်ဆင်ရန်]