မာတိကာသို့ ခုန်သွားရန်

ဒေးဗစ် အိုင် စတိန်းဘာ့ဂ်

ဝီကီပီးဒီးယား မှ

ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (အင်္ဂလိပ်: David I Steinberg) သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီတွင် တည်ရှိသည့် ဂျော့ဂျ်တောင်း တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဖြစ်သည်။

ဒေးဗစ် စတိန်းဘာ့ဂ်သည် မြန်မာ့အရေး ကျွမ်းကျင်သူ၊ ကိုရီးယားအရေး၊ အရှေ့တောင်အာရှ အရေးနှင့် အာရှဆိုင်ရာအမေရိကန် မူဝါဒ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ဂျော့ဂျ်တောင်း တက္ကသိုလ်၊ အာရှလေ့လာရေးဌာန၏ ပါမောက္ခလည်း ဖြစ်သည်။[][]

အမေရိကန် အကူအညီပေးရေးအေဂျင်စီ (USAID) ၏ အာရှ အကောင်အထည်ဖော်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ဖိလစ်ပိုင်၊ ထိုင်း၊ မြန်မာ့အရေးများကိုလည်း ဆောင်ရွက်ခဲ့သည်။

စာအုပ်ပေါင်း ၁၄ အုပ် ရေးသားခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာစာအုပ်များမှာ ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး (၂၀၁၂)၊ မြန်မာ့အရေးသိကောင်းစရာ (၂၀၁၀)၊ မြန်မာပြည်မှ ပဋိပက္ခ (၂၀ဝ၆)၊ မြန်မာနိုင်ငံတော် (၂၀ဝ၁) တို့ ဖြစ်သည်။ ဆောင်းပါးပေါင်း ၁၀ဝ ကျော်၊ အတွေးအမြင်ပေါင်း ၃၀ဝ ကျော်ကိုလည်း ရေးသားခဲ့သည်။

Steinberg သည် ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၄ ခုနှစ် အသက် ၉၆ နှစ်တွင် ကွယ်လွန်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. David I Steinberg georgetown.edu။ February 11, 2017 တွင် ပြန်စစ်ပြီး။
  2. Steinberg, David I. worldcat.org။ February 11, 2017 တွင် ပြန်စစ်ပြီး။
  3. David Steinberg, prominent expert on Myanmar, dies at 96 washingtonpost.com။ December 06, 2024 တွင် ပြန်စစ်ပြီး။