ဒေးဒရဲတံတား
ဒေးဒရဲတံတား | |
---|---|
ကိုဩဒိနိတ် | 16°24′48″N 95°53′25″E / 16.4132241°N 95.8903438°Eကိုဩဒိနိတ်: 16°24′48″N 95°53′25″E / 16.4132241°N 95.8903438°E |
သယ်ဆောင်မှု | နှစ်လမ်းသွားကားလမ်း၊ လူသွားလမ်း |
ဖြတ်သန်းမှု | ဧရာဝတီမြစ် |
တည်နေရာ | ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် |
အမည် | ဒေးဒရဲတံတား |
ပြုပြင်ထိန်းသိမ်းသူ | ဆောက်လုပ်ရေး ဝန်ကြီးဌာန |
အချက်အလက်များ | |
တံတားဒီဇိုင်း | သံမဏိသံပေါင် |
စုစုပေါင်းအရှည် | ၄၀၈၈.၃ ပေ (၁၂၄၆.၁ မီတာ) |
အကျယ် | ကားလမ်း ၂၈ ပေ |
အမြင့် | ၃၆ ပေ (၁၁ မီတာ) |
ခံနိုင်ဝန်အား | ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန် တန် ၆၀ |
သမိုင်းကြောင်း | |
စတင်ဆောက်လုပ်ချိန် | ၁၀ ဇွန် ၂၀၀၀ |
လုပ်ငန်းပြီးဆုံးချိန် | ၂၃ မတ် ၂၀၀၃ |
ဖွင့်လှစ်သည့်နေ့ | ၂၃ မတ် ၂၀၀၃ |
ဒေးဒရဲတံတား သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် တို့ကို ဆယ်သွယ်ပေးထားသော ဧရာဝတီမြစ်ကူးတံတား တစ်စင်းဖြစ်သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ၂၀၀၀ ခုနှစ် ဇွန်လတွင် စတင်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
တံတားအချက်အလက်များ
[ပြင်ဆင်ရန်]ပင်မတံတားအုတ်မြစ်မှာ ဘိုးပိုင်သံကူကွန်ကရစ် အမျိုးအစား၊ တံတားတိုင်များမှာ သံကူကွန်ကရစ် အမျိုးအစားနှင့် တံတားအပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်သည်။ တံတားအရှည်မှာ ၄၀၈၈.၃ ပေ ဖြစ်ပြီး ၂၈ ပေ အကျယ်ရှိ နှစ်လမ်းသွားကားလမ်းနှင့် ၆ ပေစီကျယ်သော လူသွားလမ်းနှစ်ခု ပါရှိသည်။ ရေလမ်းကင်းလွတ်အကျယ် ၃၅၀ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၃၆ ပေရှိသည်။ ယာဉ်တစ်စီးချင်းခွင့်ပြုအလေးချိန်မှာ ၆၀ တန် ဖြစ်သည်။ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၃၅၅၀ နှင့် အမေရိကန်ဒေါ်လာ ၁.၆ သန်း ဖြစ်သည်။