ဒေါပဒီ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဒေါပဒီ | |
---|---|
ကညာစင် ၅ဦး အဖွဲ့ဝင် | |
![]() ဒေါပဒီ ၏နီပေါရုပ်တု | |
အခြား အမည်များ |
|
နှီးနွယ်မှု | |
စာသား | |
လိင် | အမျိုးသမီး |
ကိုယ်ရေး အချက်အလက် | |
မွေးဖွား | ပဉ္စာလတိုင်း |
ကွယ်လွန် | |
မိဘများ |
|
မွေးချင်း |
|
အိမ်ထောင်ဖက် | ပဏ္ဍဝညီနောင်၅ပါး |
ကလေး | ဥပပဏ္ဍဝ |
ဒေါပဒီ (သင်္သကရိုက်: द्रौपदी, ရောမအက္ခရာ: draupadī) သည် မဟာဘာရတဇာတ်တော် ၌ အဓိကအမျိုးသမီးဇာတ်ကောင်ဖြစ်သည်။ သူမကို ဒြော်ပဒီ၊ ကရစ်သျှနား (ကဏှာ၊ ကၖၑ္ဏါ)၊ ယညာသေနီ (ယဇ္ဉာသေနီ) နှင့် ပဉ္စာလီ ဟုလည်းလူသိများ သည်။ သူမ ကို စာပေ ပညာရှင် အချို့က မဟာဘာရတစစ်ပွဲ ၏ အကြောင်းအရင်း ဟု ခိုင်းနှိုင်းဖော်ပြကြသည်။ သူမ သည် ပဏ္ဍဝညီနောင် ၅ပါး ၏ ဇနီး ဖြစ်ပြီး ယဇ်ပူဇော်ပွဲ၏ မီးပုံမှ မွေးဖွားသော ဒြုပဒမင်း ၏ သမီးတော်ဖြစ်သည်။
ပဉ္စာလတိုင်း၊ ဒြုပဒမင်း စိုးစံစဉ် မင်းကြီး၌ သားတော် မထွန်းကားသောကြောင့် ဂုရုရသေ့များကိုတိုင်ပင်၍ နတ်ဘုရားတို့ကောင်းချီးရစေရန် မီးပူဇော်ပွဲ ကျင်းပခဲ့သည်။ နတ်ဘုရားတို့၏ ကောင်းချီးကြောင့် သားတော် ဓိဋ္ဌဇုဏ်(ဓၖၑ္ဋဒျုမ္န) နှင့် သမီးတော် ဒေါပဒီ မင်းသမီးတို့သည် အရွယ်ရောက်ပြီး လုလင်၊ လုံမပျိုများ အဖြစ် ယဇ်မီးပုံမှ မွေးဖွားလာခဲ့သည်။ ကရစ်သျှနဘုရားရှင် ၏ ဦးဆောင်မှုဖြင့် ဒေါပဒီမင်းသမီး၏ ကြင်ယာတော်ရွေးပွဲ ကိုကျင်းပရာ လေးတော်ဖြင့် ရေကန်၏ အရိပ်ကိုကြည့်ကာ ရေထဲ၌ ငါး၏ မျက်လုံးကိုပစ်ခွင်း နိုင်သော အဇ္ဇုန မင်းသားမှ အနိုင်ရ၍ ဒေါပဒီ မင်းသမီးအား ကြင်ယာတော်အဖြစ် ရရှိခဲ့သည်။ ယောက္ခမတော် ဖြစ်သည့် မယ်တော်မိဖုရားကြီး ကုန္တီ ၏ မှားယွင်းမိန့်ကြားမှုကြောင့် ဒေါပဒီမင်းသမီးသည် ပဏ္ဍဝ ညီနောင်ငါးပါး၏ ကြင်ယာတော်ဖြစ်လာခဲ့သည်။ အကြီးဆုံး ပဏ္ဍဝ ယုဓိဋ္ဌိရမင်းသားကြီး ဣန္ဒပတ္ထနဂိုရ် (ဣန္ဒြပြသ္တ) တွင် ထီးနန်းထူထောင်၍ မင်းဧကရာဇ် ဖြစ်လာသောအခါ ဒေါပဒီအား ဧကရီမိဖုရားခေါင်ကြီး အဖြစ် တင်မြှောက်ခဲ့သည်။ နောင်တော်မင်းကြီး ယုဓိဋ္ဌိရ ဘိသိက် ပွဲကျင်းပရာ နန်းတော်သို့ ပဏ္ဍဝ တို့၏ ဝမ်းကွဲညီနောင် ဒုယျောဓန တက်ရောက်ခဲ့သည်။ နန်းတော်၌ ကရိသျှဏ ဘုရားရှင်မှ ၎င်း၏ မိတ်ဆွေဖြစ်သူ စေဒိမင်း သိသုပါလအား ခေါင်းဖြတ်ကွပ်မျက်သော အခြင်းအရာကြောင့် ပဏ္ဍဝညီနောင်ငါးပါး နှင့် ကောရဝမင်းသားတစ်ရာ တို့ အချင်းများကြသည်။ ကောရဝမင်းသား ဒုယျောဓန နန်းတော်မှ ထွက်ခွာသောအခါ ရေပြင်ကို ကြမ်းခင်း အမှတ်ဖြင့်နင်းမိ၍ ရေထဲကျခဲ့သည်။ တချို့သော ကျမ်းဂန်နှင့် နှောင်းပိုင်း သရုပ်ဖော် မှုများတွင် ပဏ္ဍဝ မိဖုရား ဒေါပဒီ မှ ရေကန်ထဲကျသော ဒုယျောဓန အား 'မျက်မမြင်၏သားသည် မျက်မမြင်ဖြစ်ပေသည် (ဒုယျောဓန၏ဖခင် ဓတရဋ္ဌမင်းသည် မျက်မမြင်ဖြစ်သည်)' ဟု ပြက်ရယ်ပြုသည်ဟု အနှံ့အပြားဆိုလေ့ရှိကြသော်လည်း မူရင်းကျမ်းဂန်အဟော အခိုင်အမာမရှိပေ ။ ပဏ္ဍဝတို့အား ငယ်စဉ်ကတည်းက မနာလိုမုန်းတီးရှိသော ဒုယျောဓန သည် ဣန္ဒပတ္ထ နန်းဘိသိက်ပွဲမှ အချင်းအရာအား အငြိုးအတေး ထား၍ ပဏ္ဍဝတို့ ပျက်စီးစေရန်အလို့ငှာ ကြံစည်တော့သည်။ ဒုယျောဓန ၏ မိခင် ဘက်မှတော်စပ်သော ဦးရီးတော် ဂန္ဓာရတိုင်းပြည့်ရှင် သာကုဏိ ၏ အကြံဖြင့် ကြွေအံကစားပွဲကိုကျင်းပခဲ့သည်။ သာကုဏိမင်း ၏ ကြွေအံတုံး မှာ ၎င်း ၏ ဖခင် သုဗလ မင်း၏ အရိုးဖြင့်စီမံထားသည့် သိဒ္ဓိဝင် ကြွေအံတုံးဖြစ်နေရာ ဒုယျောဓန အဖို့ ပဏ္ဍဝ တို့အား အနိုင်ရရန်သေချာခဲ့သည်။ ကြွေအံပွဲ၌ မင်းကြီး ယုဓိဋ္ဌိရသည် မိမိနှင့်တကွ ပိုင်ဆိုင်သော ပစ္စည်းများ၊ ညီတော်များ နှင့် ဇနီးသည် ဒေါပဒီကိုပါ ဆုံးတော့သည်။ မင်းသား ဒုယျောဓန မှလူပုံအလယ်တွင် ဒေါပဒီ ၏ အဝတ်များကိုချွတ်ပစ်ရန် ညီတော် ဒုသာသနအား အမိန့်ပေးခဲ့သည်။ သို့သော်လည်း ကရိသျှဏ ဘုရားရှင်၏ ကာကွယ်ပေးမှုကြောင့် ဒေါပဒီ သည် အရှက်ကွဲရခြင်း အဖြစ်မှလွတ်မြောက်ခဲ့သည်။ ဒေါပဒီမှ ဒုသာသန ၏ နှလုံးသွေးဖြင့် ၎င်း ၏ ဆံပင်ကိုဆေးကြောရမှ ဆံပင်ထုံးဖွဲ့ မည်ဟု မင်းပရိသတ်အလယ်တွင် သစ္စာပြုတိုင်တည်ခဲ့သည်။ ထိ ကျိန်စာအား ထိတ်လန့်သော ဓတရဋ္ဌ မင်းကြီး မှ သားတော် ဒုယျောဓန အား ပဏ္ဍဝ တို့ပိုင်ဆိုင်သော အရာများကို ပြန်ပေးရန်ပြောဆိုသော်လည်း ဒုယျောဓန သဘောမတူသော အခါ ပဏ္ဍဝ တို့ နယ်နှင်ဒဏ် ၁၃နှစ် ကျခံပြီးပါက ပိုင်ဆိုင်မှု တို့ကို ပြန်ပေးမည် ဟု ဓတရဋ္ဌ မင်း ကတိပြုကာမျှ မပြေလည်မှု များ ပြီးဆုံးခဲ့သည်။ နယ်နှင်ဒဏ်ခံရစဉ် ကာလတစ်လျှောက် ဒေါပဒီ က ကီစက၊ ဇယဒြထ နှင့် ဝါသုကိ စသော ကောက်ကျစ်သော မင်းဆိုးများ၏ နှောင့်ယှက်ရန်ပြု ခြင်း ကိုခံရလေသည်။ လောကဓံပေါင်းစုံ ကျော်ဖြတ်ပြီးနောက် နယ်နှင်ဒဏ် ၁၃နှစ် ပြည့်လေရာ ဓတရဋ္ဌမင်းအား ကတိအတိုင်း ပိုင်ဆိုင်မှုတို့အားတောင်းဆိုခြင်း ကို ဒုယျောဓန မှ ကန့်ကွက်ရာမှ မဟာဘာရတ စစ်ပွဲကြီးစတင်လေသည်။ ဒေါပဒီ သည် ထိုစစ်ပွဲ တွင် ဒုယျောဓန၊ သာကုဏိ၊ ကဏ္ဏ၊ အဿတ္ထာမ၊ ဇယဒြထ တို့၏ အသက် တို့ကို တရားမျှတမှု အဖြစ်ရယူနိုင် ခဲ့သော်လည်း ၎င်း ၏ ခမည်းတော်၊ အစ်ကိုတော်များ နှင့် သားတော်များ အား ဆုံးရှုံခဲ့ရသည်။ ထို့နောက် ယုဓိဋ္ဌိရ မင်း ဟတ္ထိနာပူရ နှင့် ဣဒ္ဒပတ္ထ ၌ ထီးနန်း ပြန်လည် စိုးစံ၍ နန်းစံသက် ၃၆နှစ် ပြည့်သော ကာလဝယ် နန်းစွန့်၍ ညီတော်များနှင့် မိဖုရားခေါင် ဒေါပဒီ တို့နှင့် အတူ တရားကျင့်ကြံ ရန် တောထွက်ခဲ့သည်။ လမ်းတွင် ညီတော်ဘီမ၊ အဇ္ဇုဏ၊ နကုလ၊ သဟဒေဝ နှင့် ဒေါပဒီ တို့ သေဆုံးပြီးနောက် ယုဓိဋ္ဌိရမင်း တစ်ဦးတည်းသာ အသက်ရှင်လျက် နတ်ပြည်ရောက်ခဲ့သည်။