ဒေါနပန်း

ဝီကီပီးဒီးယား မှ
Artemisia pallens
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Asterales
မျိုးရင်း: Asteraceae
မျိုးဇာတ်: Anthemideae
မျိုးစု: Artemisia
မျိုးစိတ်:
A. pallens
ဒွိနာမ
Artemisia pallens
Wall. ex DC.

ဒေါနပန်းသည် လှပသော ပန်းပွင့်လေးများ မဟုတ်ပါ။ သပြေပန်းကဲ့သို့ အရွက်များသာ ရှိပြီး မွှေးပျံ့သော ရနံ့ ရသည့်ပန်း ဖြစ်သည်။ တခြားသော အရွက်များကဲ့သို့ မဟုတ်ပဲ ငွေဖြူရောင် အမွှေးလေးများ ဖုံးနေသောကြောင့် အရွက်များသည် မီးခိုးရောင် သို့မဟုတ် အဖြူရောင် သန်းနေကြသည်။ ရာသီအလိုက် ပွင့်သော ၁၂ လ ရာသီပန်း ဖြစ်သည်။

Dried davana plant used as aromatic bouquet.

မျိုးရင်းသည် နေကြာမျိုးရင်း ဖြစ်သည်။ မျိုးကွဲများထဲ၌ အများစုသည် ရနံ့ရှိသော ပင်​ပျော့သာ ဖြစ်သည်။ ဒေါနပန်းသည် ရေနည်းခံပင် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံတွင် ဘုရားပန်းအဖြစ် အသုံးပြုကြသည်။ အိန္ဒိယနိုင်ငံတွင် ဒေါနပန်းများပွင့်ချိန် အိန္ဒိယ နတ်ဘုရားတပါး ဖြစ်သည့် ရှိဘ နတ်ဘုရားကို သစ္စာ တရားဖြင့် ပေးအပ်ပူဇော်ကြသည်။ ဒေါနပန်းသည် lord of Shiba ရှိဘ နတ်ဘုရား၏ အနှစ်သက်ဆုံး ပန်းတမျိုးလည်းဖြစ်သည်ဟု ဆိုကြသည်။ ဒေါနပန်းကို ပန်းစည်းများ၊ ပန်းကုံးများ ပြုလုပ်ရာတွင် ပန်းအခြောက်များ၊ အစိုများဖြင့် ရောကာ အသုံးပြုကာ အလှဆင်ကြပါသည်။

ဒေါနအရွက်များ မွှေးရခြင်းမှာ နံ့ထွက်ဆီတမျိုး ဖြစ်သော davana oil က အဓိက ပါဝင်ပစ္စည်းအဖြစ် အပင်၌ ရှိနေခြင်းကြောင့် ဖြစ်သည်‌။ ဒေါနပင်မှ စစ်ထုတ်ယူထားသော ဒေါနဆီ (aniviral)သည် တန်ဖိုးကြီးမားပြီး အလွန်အသုံးဝင်ပါသည်။ အဆီကို သင်းပျံ့ပြီး ချိုမြသည့် သစ်သီးရနံ့ရစေသော ရေမွှေးပြုလုပ်ရာတွင် အသုံးပြုပါသည်။ ဒေါနဆီကို အရေပြားမှာ လိမ်းလျှင် ရလာသော ရနံ့မှာ မတူကွဲပြားပြီး အများနှင့်ကွဲပြားသော လူတဦး အဖြစ်သိသာစေပါသည်။ ထူးခြားသော ရေမွှေးရနံ့တစ်ခုပင်။

ဘယဆေး ဖော်ရာမှာ ဆေးစွမ်းထက်သော အသုံးဝင် အပင်လည်းဖြစ်သည်။ အအေးမိခြင်းကို သက်သာစေပြီး သွေးဖိအားကိုလည်း ကျစေပါသည်။ ဒေါနရနံ့သည် အိပ်မပျော်သော လူများကို နှစ်ခြိုက်စွာ အိပ်ပျော်စေပါသည်။ အင်းဆက်အကောင် ကိုက်သော နေရာတွင် ဒေါနဆီ တစက်ချလိုက်လျှင် အရေပြားယားယံခြင်း မဖြစ်ပဲ အမြန်သက်သာလာစေသည်။

ကိုးကား[ပြင်ဆင်ရန်]