အက်စတာပင်

ဝီကီပီးဒီးယား မှ
အက်စတာပင်
Temporal range: 76–0 Ma
Campanian[၁]–recent
Twelve species of Asteraceae from the subfamilies Asteroideae, Carduoideae and Cichorioideae
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Asterales
မျိုးရင်း: Asteraceae
Bercht. & J.Presl[၂]
အမျိုးအစား မျိုးစု
Aster
မျိုးရင်းခွဲများ
ဇီဝမျိုးစုံမျိုးကွဲ[၃]
1,911 genera
Synonyms[၄]

အက်စတာပင်သည် ကွန်ပိုဆစ်တီး မျိုးရင်း တွင်ပါဝင်သည်။ အက်စတာမှာဂရိဘာသာစကားဖြစ်၍ ကြယ် ပွင့်ဟု အဓိပ္ပာယ်ရသည်။ ထိုအပင်မှပန်းပွင့်သည် ကြယ်ပွင့်နှင့် ယင်း၏ ရောင်ခြည်များ ဘေးသို့တန်းထွက်နေသည်နှင့် တူ သောကြောင့် အက်စတာဟု အမည်ပေးထားခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံရှိ ဥယျာဉ်များတွင် စိုက်သော အက်စတာ မျိုးကို ချိုင်းနားအက်စတာဟုခေါ်သည်။ ချိုင်းနားအက်စတာမျိုး ၏အပွင့်မှာ မိုက်ကယ်လမတ်ဒေဆီခေါ် အခြားအက်စတာပန်း မျိုး၏ အပွင့်ထက် နှစ်ဆကြီးသည်။ အရောင်တွင်လည်းအဖြူမှ စ၍ နှင်းဆီနှင့်ကြက်သွေးရောင်အပြင် အပြာနှင့်မရမ်းစေ့ရောင် အထိ အရောင်အမျိုးမျိုးကွဲလျက်ရှိသည်။


အခြား အက်စတာပန်းတစ်မျိုးကို မိုက်ကယ်လမတ် ဒေဆီဟုခေါ်ခြင်းမှာ ထိုပန်းသည် စက်တင်ဘာလတွင်ကျင်းပ သည့် မိုက်ကယ်လမတ်ခေါ် ဗရင်ဂျီပွဲနေ့အချိန်နှင့် တစ်ပြိုင် တည်း ပွင့်တတ်သောကြောင့် ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် အလေ့ကျပေါက်သော အက်စတာပင်ကို ရုက္ခဗေဒအမည်ဖြင့် အက်စတာထရိုင်ပိုလီယမ် ဟုခေါ်သည်။ ယင်းကို အင်္ဂလိပ် ဘာသာဖြင့် ပင်လယ်အက်စတာဟုခေါ်ရသည်။ ထိုသို့ ပင်လယ် အက်စတာဟု ခေါ်ရခြင်းအကြောင်းမှာကား ထိုအပင်များသည် ပင်လယ်ကမ်းရိုးတန်း တစ်ဝိုက်ရှိ ညွန်ပျောင်းများပေါ်တွင် အလေ့ကျ ပေါက်ရောက်ကြခြင်းကြောင့်ဖြစ်သည်။


အလွန်ထင်ရှား၍ လူကြိုက်အများဆုံး နွေရာသီတွင် ပေါက်ရောက်သည့် ပန်းမျိုးထဲတွင် အက်စတာပန်းမှာ အပါ အဝင် တစ်ခုဖြစ်သည်။


အက်စတာပန်းသည် လယ်ကွင်းများတွင်ပေါက်ရောက် လေ့ရှိသည့် ဒေစီပန်း၏ အမျိုးအနွယ်လည်း ဖြစ်သည်။ မိုင်ကယ်မတ်ဒေစီခေါ် အက်စတာပန်းပင်မျိုးကို နွေကူး ရာသီအတွင်း၌ ကိုင်းချိုး၍မျိုးပွားစိုက်ယူကြသည်။ ထို အက်စ တာပန်းပင်မျိုးသည် အစေ့မှစိုက်ပျိုးယူ၍ မရချေ။ ချိုင်းနား အက်စတာပန်းမျိုးကိုမူ အစေ့မှစိုက်ပျိုးယူရ သည်။ ထိုပန်းပင်သည် တစ်နှစ်ခံပင်ဖြစ်၍ ပန်းပွင့်ပြီးနောက် သေသွားလေသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. "Early evolution of the angiosperm clade Asteraceae in the Cretaceous of Antarctica" (2015). Proceedings of the National Academy of Sciences of the United States of America 112 (35): 10989–10994. doi:10.1073/pnas.1423653112. PMID 26261324. Bibcode2015PNAS..11210989B. 
  2. "Asteraceae Bercht. & J.Presl"Tropicos။ Missouri Botanical Garden14 July 2017 တွင် ပြန်စစ်ပြီး
  3. The Plant List: Compositae။ Royal Botanic Gardens Kew and Missouri Botanic Garden (2013)။ 11 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 November 2016 တွင် ပြန်စစ်ပြီး။
  4. Family: Asteraceae Bercht. & J. Presl, nom. cons.USDA, ARS, National Genetic Resources Program, National Germplasm Resources Laboratory။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 November 2021 တွင် ပြန်စစ်ပြီး။
  5. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)