မာတိကာသို့ ခုန်သွားရန်

ဒေါင်းမင်း

ဝီကီပီးဒီးယား မှ
ဒေါင်းမင်း
အင်္ဂလန်နိုင်ငံ ဘာမင်ဟမ် သဘာဝ စင်တာတွင် တွေ့ရစဉ်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Galliformes
မျိုးရင်း: Phasianidae
မျိုးဇာတ်: Polyplectronini
မျိုးစု: Polyplectron
မျိုးစိတ်:
P. bicalcaratum
ဒွိနာမ
Polyplectron bicalcaratum
မျိုးစိတ်ခွဲများ

See text

Synonyms

Pavo bicalcaratus Linnaeus, 1758[]
Polyplectron chinquis Temminck, 1815[]

ဒေါင်းမင်းကို ဒေါင်းကုလားဟူ၍လည်း ခေါ်သည်။ ဇီဝဗေဒအလိုအားဖြင့် ယင်းကို 'ပေါ်လီပလက်တရွန် ဗိုင်ကယ်ကာ ရာတမ်' ဟုခေါ်သည်။ မျိုးရင်းမှာ 'ဂယ်လီဖောမီး' ဖြစ်သည်။ ဒေါင်းမင်းအဖို၏ အလျားသည် အမြီးအပါအဝင် ၂၂ လက်မမှ လက်မ ၃ဝ ထိရှိသည်။ အမြီးတစ်ခုတည်းပင်လျှင် ၁၂ လက်မမှ ၁၆ လက်မထိရှိသည်။ အမသည် အထီးထက် ကိုယ်ထည်သေး၍၊ အမွှေးအရောင်မှာလည်း ပို၍ မွဲခြောက်သည်။ ဒေါင်းကွက်များလည်း ပို၍နည်းသည်။

ဒေါင်းမင်း၏တွန်သံမှာ လည်ချောင်းသံပါ၍ စူးရှသည်။ ရစ်ငှက်ကဲ့သို့ ထပ်တလဲလဲ လျင်မြန်စွာ အော်လေ့ရှိသည်။ ကချင်တောင်များတွင် နွေနှင့် မိုးဥတုများ၌ ထိုဒေါင်းမျိုး၏ အော်သံ ကို ကြားရသည်။ အမြဲစိမ်းသစ်တောနှင့် ထူထပ်သော ဝါးရုံတောများတွင် အမြဲနေလေ့ရှိသည်။ ဒေါင်းမင်းအဖို ကသောအခါ ပြန့်ကား၍နေသော အမြီးနှင့်အတောင်တို့သည် အလွန်ကြည့်၍ ကောင်း ပေသည်။

သားပေါက်ချိန်မှာ မတ်လနှင့် ဧပြီလဖြစ်သည်။ ဒေါင်းမင်းဖိုနှင့် ဒေါင်းမင်းမသည် ရာသက်ပန် ပေါင်းဘက်သည်ဟု ဆိုကြသည်။ တမြုံလျှင် ဥပေါင်း ၂ လုံးမှ ၅ လုံးထိရှိသည်။ ဥအရွယ်မှာ အိမ်ကြက်မဥ ငယ်ငယ်လောက်ရှိသည်။ ထိုဒေါင်းမျိုးကို ဟိမဝန္တာတောင်၊ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တနင်္သာရီဒေသ၊ ယိုးဒယားနိုင်ငံတို့တွင် တွေ့ရသည်။ ထိုဒေသတို့အပြင် ဒေါင်းငှက်တို့အတွက် ဥတုသပ္ပါယ မျှတသော အမြဲစိမ်းသစ်တောများရှိရာ ဒေသများ၌လည်း ယင်းတို့ကို တွေ့ရတတ်သည်။ []


ကိုးကား

[ပြင်ဆင်ရန်]
  1. BirdLife International (2013). "Polyplectron bicalcaratum". IUCN Red List of Threatened Species 2013. IUCN. 
  2. ၂.၀ ၂.၁ Gray၊ George Robert (1867)။ List of the Specimens of Birds in the Collection of the British Museum5။ London, UK: British Museum။ p. 23။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)