မာတိကာသို့ ခုန်သွားရန်

ဒေဂျာဗျူ

ဝီကီပီးဒီးယား မှ
"ဒေဂျာဗူး"ကို ဤနေရာသို့ ညွှန်းသည်။ အခြားအဓိပ္ပာယ်များအတွက် ဒေဂျာဗူး (သံတူကြောင်းကွဲ)ကို ကြည့်ပါ။

ဒေဂျာဗျူ(ပြင်သစ်: déjà-vu ပြင်သစ်: [deʒavy] ( ))[† ၁] သို့မဟုတ် ‌ဒေဂျာဗူး(အင်္ဂလိပ်: Déjà vu)[† ၂]ဟူသည် တစ်စုံတစ်ဦးက ပစ္စုပ္ပန်ကာလက အခြေအနေကို ယခင်က တွေ့ကြုံဖူးသည်ဟု ခံစားရခြင်းဖြစ်စဉ် ဖြစ်သည်။[][][][]

၎င်းသည် ယခင်က အတွေ့အကြုံ၏ အချိန်၊ နေရာနှင့် အကြောင်းအရာများသည် မသေချာမရေရာ၍ တူညီရန်မဖြစ်နိုင်သော မှတ်ဉာဏ်တု တစ်ခုသာ ဖြစ်သည်။[][] စစ်တမ်းကောက်ယူထားသော လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ၎င်းတို့၏ဘဝတွင် ဤဖြစ်စဉ်ကို အနည်းဆုံးတစ်ကြိမ်ခန့် တွေ့ကြုံဖူးကြောင်း အစီရင်ခံထားကြသည်။[][]

တစ်ချို့က ဤဖြစ်စဉ်ဖြစ်ရခြင်းမှာ ယခင်ဘဝက တူညီသော အဖြစ်အပျက်ကို ပြန်အောက်မေ့မိခြင်းဟု ယူဆကြသည်။ တစ်ချို့ကမူ အပြိုင်လောကများဆီမှ မိမိ၏ တခြားပုံစံ(ဤလောကရှိ မိမိနှင့် မတူသောပုံစံ) ရှိသောသူက တူညီသော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ချိန်နှင့် တပြိုင်နက်တည်း ကြုံတွေ့သောအခါ ဤဖြစ်စဉ်ကို ခံစားကြရသည်ဟု ယူဆကြသည်။

မှတ်စု

[ပြင်ဆင်ရန်]
  1. အင်္ဂလိပ်: already seen "မြင်ဖူး၊ တွေ့ဖူး"ဟု အဓိပ္ပာယ်ရ၏။
  2. အင်္ဂလိပ် အသံထွက်: ˌdeɪʒɑː ˈvuː

ကိုးကား

[ပြင်ဆင်ရန်]
  1. "A Review of the Deja Vu Experience" (2003). Psychological Bulletin 129 (3): 394–413. doi:10.1037/0033-2909.129.3.394. PMID 12784936. 
  2. "Recognition without identification, erroneous familiarity, and déjà vu" (2010). Current Psychiatry Reports 12 (3): 165–173. doi:10.1007/s11920-010-0119-5. PMID 20425276. 
  3. Schnider, Armin. (2008). The Confabulating Mind: How the Brain Creates Reality. Oxford University Press. pp. 167–168. ISBN 978-0-19-920675-9
  4. Blom, Jan Dirk. (2010). A Dictionary of Hallucinations. Springer. pp. 132-134. ISBN 978-1-4419-1222-0
  5. "The Meaning of Déjà Vu", Eli Marcovitz, M.D. (1952). Psychoanalytic Quarterly, vol. 21, pages: 481–489
  6. The déjà vu experience, Alan S. Brown, Psychology Press, (2008), ISBN 0-203-48544-0, Introduction, page 1
  7. Brown (2004). "The déjà vu illusion": 256–259. 
  8. The psychology of learning and motivation. Vol. 53။ London။ 2010။ pp. 33–62။