မာတိကာသို့ ခုန်သွားရန်

ဒူဗရော့ဗ်နစ်ခ်မြို့

ဝီကီပီးဒီးယား မှ
ဒူဗရော့ဗ်နစ်ခ်မြို့

Dubrovnik
မြို့တော်
(ထိပ်) ဒူဗရော့ဗ်နစ်ခ်မြို့ဟောင်း၊ (ဒုတိယတန်း ဝဲ) စပွန်ဇာနန်းတော် (ဒုတိယတန်း ယာ) ရက်တာ၏ နန်းတော် (တတိယတန်း ဝဲ) မြို့တံတိုင်းများ (တတိယတန်း ယာ) ဒူဗရော့ဗ်နစ်ခ် ကက်သီဒရယ် ဘုရားကျောင်း (အောက်ဆုံး) မြို့၏ အဓိကလမ်း စထရာဒမ်
(ထိပ်) ဒူဗရော့ဗ်နစ်ခ်မြို့ဟောင်း၊ (ဒုတိယတန်း ဝဲ) စပွန်ဇာနန်းတော် (ဒုတိယတန်း ယာ) ရက်တာ၏ နန်းတော် (တတိယတန်း ဝဲ) မြို့တံတိုင်းများ (တတိယတန်း ယာ) ဒူဗရော့ဗ်နစ်ခ် ကက်သီဒရယ် ဘုရားကျောင်း (အောက်ဆုံး) မြို့၏ အဓိကလမ်း စထရာဒမ် ၏ မြင်ကွင်းပုံ
Flag of ဒူဗရော့ဗ်နစ်ခ်မြို့
အလံ
Official seal of {{{official_name}}}
စည်းတံဆိပ်
နိုင်ငံခရိုအေးရှားနိုင်ငံ
ကောင်တီဒူဗရော့ဗ်နစ်ခ်-နာရက်ဗာ
ဒူဗရော့ဗ်နစ်ခ် ရှေးဟောင်းမြို့*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  ခရိုအေးရှား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, iii, iv
ကိုးကား ၉၅
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
သက်တမ်းတိုးခြင်း ၁၉၉၄
ပျောက်ပျက်ရန် စိုးရိမ်ရမှု ၁၉၉၁-၁၉၉၈
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ဒူဗရော့ဗ်နစ်ခ်မြို့ [dǔbroːʋniːk] ( );[] သည် အေဒြီယက်တစ်ပင်လယ် ပေါ်တွင် တည်ရှိသော ခရိုအေးရှားနိုင်ငံမှ မြို့တော်တစ်ခုဖြစ်ပြီး ဒယ်လ်မားရှား ဒေသတွင် တည်ရှိသည်။ မြေထဲပင်လယ် ဒေသ အတွင်း အထင်ရှားဆုံး ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ နေရာ တစ်ခု ဖြစ်သည့် အပြင် ဆိပ်ကမ်းမြို့ တစ်မြို့ နှင့် ဒူဗရော့ဗ်နစ်ခ်-နာရက်ဗာ ကောင်တီ၏ အချက်အချာ နေရာလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ ၄၂,၆၁၅ ဦး ရှိသည်။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခြင်း ခံခဲ့ရသည်။

မြို့၏ ကြွယ်ဝချမ်းသာမှုသည် သမိုင်းကြောင်းအရ ရေကြောင်းကုန်သွယ်ရေး အပေါ်တွင် မူတည်နေခဲ့ပြီး ရာဂူဆာ သမ္မတနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။ အထူးသဖြင့် ၁၅ ရာစု နှင့် ၁၆ ရာစု အတွင်း အလွန် ဖွံ့ဖြိုး တိုးတက်ခဲ့ပြီး ချမ်းသာကြွယ်ဝမှု နှင့် သံတမန်ရေးရာ ကျွမ်းကျင်မှုတို့ကြောင့် ကျော်ကြားခဲ့သည်။

၁၉၉၁ ခုနှစ် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲချိန်တွင် ဒူဗရော့ဗ်နစ်မြို့သည် ယူဂိုဆလပ် ပြည်သူ့ တပ်မတော် တွင် ပါဝင်သော ဆာ့ဘ် နှင့် မွန်တီနီဂရိုး စစ်သားတို့၏ သိမ်းပိုက်မှုကို ၇ လတာမျှ ကြာအောင် ခံခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် သိသာထင်ရှားစွာ ပျက်စီးမှုများ ရှိခဲ့သည်။[][][][][][][][] ၁၉၉၀ ခုနှစ်များ နှင့် ၂၀၀၀ ခုနှစ်များ၏ အစောပိုင်းတွင် ပြုပြင်ရေး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် ဒူဗရော့ဗ်နစ်ခ်သည် မြေထဲပင်လယ်ဒေသ၏ ထိပ်ဆုံး ကမ္ဘာလှည့် ခရီးသွား နေရာ တစ်ခု အဖြစ် ပြန်လည် အသက်ဝင်လာခဲ့သည်။ [၁၀][၁၁][၁၂][၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. Dùbrōvnīk (in Croatian)။ Hrvatski jezični portal 6 March 2017 တွင် ပြန်စစ်ပြီး။
  2. Wood၊ Paul (2 March 2001)။ Charges over Dubrovnik bombing bbc.co.uk 1 March 2017 တွင် ပြန်စစ်ပြီး။
  3. Anniversary Of Attack On Dubrovnik – Just Dubrovnik justdubrovnik.com (1 October 2013)။ 16 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2017 တွင် ပြန်စစ်ပြီး။
  4. B.Anzulovic: Heavenly Serbia: From Myth to Genocide, NYU Press, 1999
  5. K. Morrison: Montenegro: A Modern History, I. B. Tauris, 2009
  6. Dr. Katheleen Wilkes devoted her life to the victory of Croatia http://www.croatianhistory.net/etf/wilkes.html
  7. Business – Serbs Retreat, Release Their Grip On Dubrovnik – But Sarajevo Attack Continues; 20 Killed – Seattle Times Newspaper nwsource.com 27 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2017 တွင် ပြန်စစ်ပြီး။
  8. New York Times, November 1991, Serbia's Spiteful War, https://www.nytimes.com/1991/11/06/opinion/serbia-s-spiteful-war.html
  9. New York Times, November 1992, As Siege Ends, Croats Return to Ruined City, https://www.nytimes.com/1992/11/03/world/as-siege-ends-croats-return-to-ruined-city.html
  10. Dubrovnik voted second best cruise destination in the Mediterranean – Dubrovnik VIDI Travel Guide 20 March 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2017 တွင် ပြန်စစ်ပြီး။
  11. The Most Visited Tourist Destination in Croatia in 2015 is…
  12. Top 10 Mediterranean Destinations
  13. Dubrovnik and around Guide – Croatia Travel 16 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 October 2017 တွင် ပြန်စစ်ပြီး။