အကုသလကမ္မပထဆယ်ပါး

ဝီကီပီးဒီးယား မှ
(ဒုစရိုက် ၁၀ ပါး မှ ပြန်ညွှန်းထားသည်)

ဗုဒ္ဓဘာသာ၌ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀ ပါးရှိ၏။ ထိုတရား ၁၀ ပါးကို အကုသလကမ္မပထဆယ်ပါးဟု ခေါ်ဆိုသည်။ ထိုတရား ၁၀ ပါးကို ကာယကံဖြစ် ကျူးလွန်မှုဖြစ်စေသော တရား ၃ ပါး၊ ဝစီကံဖြင့် ကျူးလွန်မှုဖြစ်စေတက်သော တရား ၄ ပါးနှင့် မနောကံဖြင့် လွန်ကျူးမှုကို ဖြစ်စေသော တရား ၃ ပါးဟူ၍ ခွဲခြားနိုင်သည်။[၁] [၂]

ကာယဒုစရိုက် ၃ ပါး[ပြင်ဆင်ရန်]

  1. ပါဏာတိပါတ - သူ့အသက်ကိုသတ်ခြင်း၊
  2. အဒိန္နာဒါနာ - သူ့ဥစ္စာကို ခိုးယူခြင်း၊
  3. ကာမေသု မိစ္ဆာစာရာ - သူ့သားမယားကို သွားလာလွန်ကျူးခြင်း၊

ဤသုံးပါးသောမကောင်းမှုကို ကိုယ်ကာယဖြင့် ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃ ပါးမည်၏။

ဝစီဒုစရိုက် ၄ ပါး[ပြင်ဆင်ရန်]

  1. မုသာဝါဒ - မဟုတ်မမှန်သောစကားကို အမှန်လုပ်အဟုတ်ပြောဆိုခြင်း၊
  2. ပိသုဏဝါစာ - သူနှစ်ယောက်တို့၏အချစ်ကိုပျက်အောင် ကုန်းတိုက်ခြင်း၊
  3. ဖရုသဝါစာ - အကြမ်းအတမ်းငေါက်ငမ်းဆဲရေးခြင်း (ကြမ်းကြုတ်သောစကားကို ပြောဆိုခြင်း)၊
  4. သမ္ဖပ္ပလာပ - အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်း (သိမ်ဖျင်းသော စကားပြောဆိုခြင်း)၊

ဤလေးပါးသောမကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ဝစီဒုစရိုက် ၄ ပါးမည်၏။

မနောဒုစရိုက် ၃ ပါး[ပြင်ဆင်ရန်]

  1. အဘိဇ္ဈာ - "သူ၏ဥစ္စာကိုငါ့ဥစ္စာဖြစ်သော်ကောင်းလေစွ"ဟုစိတ်ကအောက်မေ့ခြင်း (အလိုကြီးခြင်း)၊
  2. ဗျာပါဒ - သူတစ်ပါးကို ငြိုးထားရန်မက်နှိပ်စက်ရအောင် စိတ်ကကြံဆောင်ခြင်း (စောင်းမြောင်းငြူစူခြင်း)၊
  3. မိစ္ဆာဒိဋ္ဌိ - 'ဘုရားဟောမှန် ကျမ်းဓမ္မခန်'ကိုပယ်လှန်စိတ်ထား အယူမှားခြင်း၊

ဤသုံးပါးသောမကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့် မနောဒုစရိုက် ၃ ပါးမည်၏။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ဒုစရိုက်

ကိုးကား[ပြင်ဆင်ရန်]

  1. (ဆင်ထဲဆရာတော်ကြီး။ ဆင်ထဲသင်္ဂြိုဟ်အကောက်နှင့် ကမ္မဘေဒဝိနိစ္ဆယကျမ်း၊ စာ ၁၉၁)
  2. မူလပဏ္ဏာသ။ ပါဠိ။ ၃၆၀။ အဋ္ဌကထာ။ ၂၃၄။ နိဒါနဝဂ္ဂသံယုတ်၊ ပါဠိ။ ၃၇၇။ အဋ္ဌကထာ။ ၁၃၃။