ဒီမိုကရေစီလှုပ်ရှားမှုသမိုင်း

ဝီကီပီးဒီးယား မှ

(တည်းဖြတ်ရန်လို)

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုမှတ်တမ်း[ပြင်ဆင်ရန်]

၀၃/၀၇ - ချက် (Czeeh Emmbassy) သံရုံး အပြင်ဘက် ပြည်လမ်းတွင် ည ၉း၃၀ ၌ ဗုံးပေါက်ကွဲခဲ့သည်။

၀၃/၁၂ - အနောက်ကြို့ကုန်းရှိ စန္ဒာဝင်း၏ လက်ဖက်ရည်ဆိုင်တွင် RIT ကျောင်းသားအချို့နှင့် လူအချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ RIT ကျောင်းသားတစ်ယောက် ဒဏ်ရာရခဲ့ပြီး တရားခံတစ်ယောက် အဖမ်းခံရသည်။ တရားခံသည် ပြန်လွှတ်ပေးခံရပြီး RIT ကျောင်းသား ၂၀၀ ခန့် ပြည်သူ့ကောင်စီရုံးသို့ ချီတက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ လုံထိန်း (အဓိကရုဏ်းရဲ) များမှ လူအုပ်ကို ဖြိုခွဲခဲ့သည်။ RITကျောင်းသား မောင်ဖုန်းမော်သည် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ခြောက်ယောက် ခုနှစ်ယောက်ခန့်လည်း သေနတ်ဒဏ်ရာဖြင့်ပင် ရက်အနည်းငယ် ကြာပြီးနောက် သေဆုံးခဲ့သည်။ RIT ကျောင်းသားများနှင့် လူငယ်များ ကျောင်းဝင်းအနီး လက်ဖက်ရည်ဆိုင်တွင် ခိုက်ရန် ဖြစ်ပွားခဲ့သည်။ RIT ကျောင်းသားတစ်ယောက်နှင့် အခြားလူများပါ သေနတ်ဒဏ်ရာနှင့်သေဆုံးခဲ့သည်။

၀၃/၁၄ - RIT ကျောင်းသားများသည် ရန်ကုန်မြို့တွင်းရှိ အခြားတက္ကသိုလ်များ (သို့) လုံထိန်းများ၏ လူမဆန်မှုများကိုရှုံ့ချပြီး စက်တင်ဘာ(၅)တွင် ဆန္ဒပြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ RIT သို့သွားသောလမ်းများကို အစိုးရတပ်များမှ ပိတ်ဆို့ထားလိုက်သည်။

၀၃/၁၅ စစ်တပ်များRIT ကျောင်းအတွင်းဝင်ရောက်ပြီးကျောင်းသားများကိုဆူပူအုံကြွသူများအဖြစ်ကြေညာပြီး အစုလိုက်အပြုံလိုက်အဖမ်းခံခဲ့ရသည်။

၀၃/၁၆ရန်ကုန်တက္ကသိုလ်(ပင်မ)ကျောင်းသားများသည်ပြည်လမ်းအတိုင်းလှိုင်တက္ကသိုလ်ကျောင်းဝင်းနှင့် RITကျောင်းဝင်းသို့ချီတက်ကြသည်။ လုံထိန်းနှင့်စစ်တပ်များမှအင်းလျားကန်အနီးတွင်၎င်းတို့အားပိတ်ဆို့ခြင်း ခံခဲ့ရသည်။ ကျောင်းသားအများအပြားအသတ်ခံရပြီးရန်ကုန်တက္ကသိုလ်အတွင်းသို့ဝင်ရောက်တပ်စွဲသည်။

၀၃/၁ရကြံတောသုဿန်တွင်လူထောင်ပေါင်းများစွာမှမောင်ဖုန်းမော်၏ရုပ်အလောင်းကိုအခြားနေရာတွင်လျှို့ဝှက်စွာ မီးသဂြိုဟ်ရန်အတွက်အော်ဟစ်တောင်းဆိုကြသည်။ အစိုးရမှမောင်ဖုန်းမော်၏အလောင်းကိုသေဆုံးမှုအတွက် စစ်ဆေးနေသည့်အတွက်ထုတ်မပေးပါ။ အခြားရည်ရွယ်ချက်မရှိကြောင်းကြေညာခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းခဲ့ပြီးပင်မကျောင်းဝင်းအတွင်းတွင်ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ အစိုးရဆန့်ကျင်ရေးကြွေးကျော်သံများရန်ကုန်တက္ကသိုလ်အတွင်းမှပေါ်ထွက်လာခဲ့သည်။ ကျောင်းသားသမဂ္ဂဖွဲ့စည်းကြောင်းကြေညာခဲ့သည်။ ကျောင်းသားစည်းဝေးပွဲကျင်းပနေစဉ်တွင်ကျောင်းသား သမဂ္ဂအတွင်းရေမှူးသေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီးကျောင်းသား၁ဝဝခန့်အဖမ်းခံခဲ့ရပြီးအင်းစိန်ထောင်သို့ပို့ခံခဲ့ရသည်။

၀၃/၁၈ ထောင်ပေါင်းများစွာသောကျောင်းသားတို့သည်ဆူးလေဘုရားသို့ချီတက်ကြရာတွင်ပြည်သူများမှအားပေးကြပြီး ပါဝင်ချီတက်ကြသည်။ ခြေလျင်တပ်မ(၂၂/၆၆/၇၇)တို့ဖြင့်အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖမ်းဆီးခဲ့သည်။ဦးစိန်လွင်ကို ရန်ကုန်မြို့၏ရက်စက်သောလူသတ်သမားအဖြစ်သတ်မှတ်ခဲ့ပြီးသွေးစွန်းသောသောကြာနေ့အဖြစ်သတ်မှတ်ခဲ့သည်။ ကျောင်းနှင့်တက္ကသိုလ်များပိတ်သည်။ သံချပ်ကားများနှင်စစ်တပ်ကိုအဓိကရုဏ်းဖြစ်ရာနေရာတွင်တပ်စွဲထားသည်။ ဆန္ဒပြသူများကလည်းစစ်တပ်နှင့်လုံထိန်းများကိုခဲများဖြင့်ပြန်လည်ပစ်ပေါက်ကြသည်။ ဆန္ဒပြသူများကိုထရပ်ကား(၁၀)စီးဖြင့် အင်းစိန်ထောင်သို့ပို့ခဲ့သည်။ မတ်လအရေးအခင်းတွင်အနည်းဆုံးကျောင်းသား၂၈၃ယောက်သေဆုံးပြီးထောင်ဂဏန်းမျှ အပြင်းအထန်ဒဏ်ရာရပြီးအဖမ်းခံရသည်။

၀၃/၃၁ အုံကြွလှုပ်ရှားကြသောကျောင်းသားများစစ်တပ်၏ပစ်ခတ်ခြင်းခံရပြီး၁ဝဝကျော်မျှဖမ်းဆီးခံရပြီးထောင်ကျော်မျှ ဖမ်းဆီးခံရသည်။

၄/၃၀ ကျောင်းသားများကစစ်တပ်၏လူမဆန်သောအပြုအမူများကိုလက်ကမ်းစာစောင်များဖြန့်ဝေပြီးဖော်ထုတ်ခဲ့သည်။

၀၅/၉ အစိုးရ၏စုံစမ်းရေးကော်မတီ၏ဖော်ပြချက်မှာ မတ်လ အဓိကရုဏ်းတွင်(၃)ဦးသေဆုံးပြီး(၆၂၅)ဦးဖမ်းဆီးထိန်းသိမ်း ခဲ့ရာ(၁၄၁)ဦးကိုသာဆက်လက်ထိမ်းသိမ်းထားသည်ဟူ၍ဖြစ်သည်။

၀၅/၁၀ ကျောင်းများ၊တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ပြီးတက်ရောက်သူမှာ(၃၀%)သာရှိသည်။ အစိုးရဆန့်ကျင်ရေး လက်ကမ်းစာစောင်များကျောင်းဝင်းတိုင်းတွင်ထွက်ပေါ်လာခဲ့သည်။ ဖမ်းဆီးခံထားရသောကျောင်းသားများပြန်လွတ် လာခဲ့ကြသည်။ ဖမ်းဆီးခံရစဉ်တွင်နှိပ်စက်ညှင်းပမ်းမှုများကိုဖော်ထုတ်ခဲ့သည်။

၀၆/၁၃မတ်လတွင်သေဆုံးသူများအတွက်အခမ်းအနားပြုလုပ်ရန်စီစဉ်ခဲ့သော်လည်းအကောင်အထည်မပေါ်ခဲ့ပါ။ ဇွန်လ(၁၇)မတိုင်ခင်မတ်လ၏အဖြစ်အပျက်များကိုအမှန်အတိုင်းသတင်းမထုတ်ပြန်လျှင်“ဒုက္ခများမည်”ဟုသတိပေးခဲ့သည်။

၀၆/၁၆ ရန်ကုန်မြို့ကျောင်းဝင်းတိုင်းတွင်ဆန္ဒပြမှုများပိုမိုဖြစ်ပွားခဲ့ကြသည်။

၀၆/၁ရကျောင်းဝင်းတိုင်းတွင်ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားခဲ့သည်။ ရန်ကုန်ပင်မကျောင်းဝင်းထဲမှစာသင်ခန်းအားလုံး ရပ်ဆိုင်းလိုက်သည်။ ဆန္ဒပြသူများနှင့်လူထုအစည်းဝေးပွဲများသည်ပြည်လမ်းရှိဆေးတက္ကသိုလ်သို့ပြောင်းရွှေ့သွားသည်။

၀၆/၂၀ ရန်ကုန်တွင်(၅၀၀၀-၆၀၀၀)ခန့်ရှိသောကျောင်းသားနှင့်လူထုသည်ငြိမ်းချမ်းစွာဆန္ဒပြကြသည်။ သံဃာတော်များလည်း ရန်ကုန်တက္ကသိုလ်ပင်မတွင်ကြွရောက်ပြီးလူထုစည်းဝေးပွဲတက်ကြသည်။၎င်းတို့၏တောင်းဆိုချက်များမှာ “ပျောက်ဆုံးနေသောကျောင်းသားများကိုပြန်လွှတ်ပေးရန်နှင့်မတ်လအရေးအခင်းတွင်အပြစ်ရှိသူများကိုအပြစ်ပေးရန်” ရန်ကုန်တက္ကသိုလ်အနီးမှအထည်အလိပ်စက်ရုံမှကျောင်းသားများနှင့်အတူပါဝင်သပိတ်မှောက်ဆန္ဒပြကြသည်။ တက္ကသိုလ်နယ်မြေကိုရဲများကတံဆိပ်ရိုက်နှိပ်ပြီးညနေ(၆းဝ၀)နာရီတွင်စစ်တပ်တစ်တပ်ဝင်လာသည်။

၀၆/၂၁ဆန္ဒပြသူများတွင်ကျောင်းသားနှင့်သံဃာတော်များအလုပ်သမားများပါဝင်လာကြသည်။ လုံထိန်းများနှင့်မြို့လယ်တွင် ရင်ဆိုင်တွေ့ကြသည်။(၁၂၀)ဦးသေဆုံးခဲ့သည်။ ပဲခူးတွင်ဆန္ဒပြသူု(၇၀)ခန့်သေဆုံးခဲ့သည်။ အစိုးရမှညမထွက်ရအမိန့်ကြေညာခဲ့သည်။ ကျောင်းသားထောင်းပေါင်းများစွာဆေးတက္ကသိုလ်(၁)ပြည်လမ်းကျောင်းဝင်းမှမြို့လယ်သို့နိုင်ငံရေးကြွေးကြော်သံများနှင့်ချီတက်ကြသည်။ ဟံသာဝတီတွင်လုံထိန်းများမှမျက်ရည်ယိုဗုံးများသေနတ်များနှင့်ဖြိုခွင်းခဲ့သည်။ လူထုဖက်မှလည်းဂျင်ကလိများဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည်။ ပြည်သူ(၈၀)နှင့်လုံထိန်း(၂၀)တို့သေဆုံးခဲ့သည်။ အစိုးရမှရန်ကုန်တွင်ည(၆းဝ၀)မှနံနက်(၆းဝ၀)အပြင်မထွက်ရ၊ဇွန်(၂၂)မှဩဂုတ်(၁၉)အထိ လူစုလူဝေးမလုပ်ရန်ကြေညာခဲ့သည်။ ဆေးတက္ကသိုလ်(၁)နှင့်သွားဆေးတက္ကသိုလ်ရန်ကုန်အတန်းအားလုံးရပ်ဆိုင်းခဲ့သည်။

၆/၂၂ ဆေးတက္ကသိုလ်(၂)ရန်ကုန်အတန်းအားလုံးရပ်ဆိုင်းခဲ့သည်။ ကျောင်းသားများရွှေတိဂုံဘုရားကိုစုရပ်သတ်မှတ်ပြီးချီတက်ကြသည်။

၆/၂၃ ကျောင်းသားများမှလူစုလူဝေးမလုပ်ရအမိန့်ကိုဆန္ဒပြရန်ရွေတိဂုံဘုရားကိုရွေးချယ်ခဲ့သည်။ လူထုလှုပ်ရှားမှုသည်ပဲခူးသို့ပြန့်နှံသွားသည်။ ပဲခူးသည်ဆန္ဒပြသူ(၇၀)ဦးအသတ်ခံထားရသောမြို့ဖြစ်သည်။ မော်လမြိုင်နှင့်ပြည်တွင်လူထုလှုပ်ရှားမှုများပေါ်ပေါက်ခဲ့သည်။ မန္တလေးဆေးတက္ကသိုလ် အတန်းအားလုံးရပ်ဆိုင်းခဲ့သည်။

၆/၃ဝပဲခူးမြို့တွင်ဆန္ဒပြနေစဉ်လက်နက်မဲ့ပြည်သူ(၇၀)နှင့်အထက်သည်စစ်တပ်၏သတ်ဖြတ်မည်ကိုကြောက်ရွံ့နေခဲ့ရသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

REF: Asian Humanright Commission Burma Chronlogy of events 1988 Translate by နေမုန်း