ဒီနေ့ပုဏ္ဏက

ဝီကီပီးဒီးယား မှ
ဒီနေ့ပုဏ္ဏက
မွေးဖွားဦးငွေရ (ခ) ဦးကိုလေး
၁၉၄၄
ကွယ်လွန်၁၇ ဖေဖော်ဝါရီ ၂၀၂၄
ရန်ကုန်မြို့
အလုပ်အကိုင်တေး​ရေးဆရာ

ဒီနေ့ပုဏ္ဏက (၁၉၄၄ - ၂၀၂၄)သည် မြန်မာနိုင်ငံသား တေးပြု ဂီတစာဆို တစ်ဦး ဖြစ်သည်။[၁] [၂] ကံ့ကော်တော မျိုးအောင်ချိုပြုံးဘိုဘိုဟန် စသူတို့၏ နာမည်ကျော် တေးသီချင်းများကို ရေးစပ်ပေးခဲ့သူဖြစ်သည်။ အဆိုတော် ချိုပြုံး သီဆိုသော တိမ်ပလီနွေနှောင်း သီချင်း သည် တေးရေးဆရာ ဒီနေ့ပုဏ္ဏက ၏ လက်ရာ နာမည်ကျော် တေးတစ်ပုဒ်ဖြစ်သည်။

သီကုံးရေးဖွဲ့ခဲ့သော တေးများ[ပြင်ဆင်ရန်]

  1. တိမ်ပလီနွေနှောင်း
  2. ဧမိစံက ပထမ ကျွန်တော်က ဒုတိယ
  3. အားလုံးကချစ်တဲ့ ကောင်မလေး

ဘဝနိဂုံး[ပြင်ဆင်ရန်]

တေးရေးဆရာဒီနေ့ပုဏ္ဏက သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်အချိန်က ရန်ကုန်မြို့ ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. "ဒီနေ့ပုဏ္ဏကရဲ့ ဂီတဖြတ်သန်းမှု"(အပိုင်း ၁ )Yangon Media Group (၄ စက်တင်ဘာ ၂၀၂၂)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ဒီနေ့ပုဏ္ဏကရဲ့ ဂီတဖြတ်သန်းမှု"(အပိုင်း ၂ )Yangon Media Group (၄ စက်တင်ဘာ ၂၀၂၂)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံကျော် တေးရေးဆရာ ဒီနေ့ပုဏ္ဏကကွယ်လွန်Yangon Media Group (၁၇ ဖေဖော်ဝါရီ ၂၀၂၄)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။