ဒိုရာအဲမွန်း

ဝီကီပီးဒီးယား မှ
ဒိုရာအဲမွန်း (ဂျပန်: ドラえもんအင်္ဂလိပ်: Doraemon) သည် ဖူဂျီကို အက်ဖ် ဖူဂျီအို ရေးသား ရုပ်ပြဆွဲသော အလွန်ထင်ရှား လူသိများ၍ ကလေးများစွာ အထူးနှစ်သက်သော နာမည်ကြီး ဂျပန်ကာတွန်းစာအုပ်အတွဲတစ်ခု ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲများသည် ကာတွန်းအန်နီမေးရှင်းနယ်ပယ်နှင့် ဖျော်ဖြေရေးကဏ္ဍများတိုင်အောင် အောင်မြင်ခဲ့လေသည်။ ဇာတ်လမ်းမှာမူ နိုဘိ နိုဘိတ (Nobi Nobita) အမည်ရှိ ကောင်ကလေးကို ကူညီပေးနိုင်ရန် ၂၂ ရာစုမှ အချိန်ခရီးသွားခြင်းဖြင့် ပြန်လည်ရောက်ရှိလာသူ အပြာနုရောင်ရှိ စက်ရုပ်ကြောင်လေး ဒိုရာအဲမွန်း၏ အကြောင်း ဖြစ်သည်။

ဇာတ်လမ်း[ပြင်ဆင်ရန်]

နိုဘီတနှင့် အတူနေထိုင်သူ အဓိကဇာတ်ကောင် ဒိုရာအဲမွန်း ၊ ကိုယ်ပိုင်စွမ်းရည်ဖြင့် ကောင်းစွာမလုပ်ကိုင်တတ်သောကြောင့် အခက်အခဲ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ကာ၊ ဒိုရာအဲမွန်းထံ အကူအညီတောင်း၍ ဒိုရာအဲမွန်း၏ ဝမ်းဗိုက်ရှိ ရတနာအိတ်ကပ်အတွင်းမှ လျှို့ဝှက်ပစ္စည်းကိရိယာများကို အစပိုင်းတွင် ကောင်းစွာအသုံးပြုနိုင်သော်လည်း နောက်ပိုင်းတွင် ပြဿနာတက်ရပြန်သူ ကျောင်းသားလေး နိုဘိတ ၊ နိုဘိတ၏ သူငယ်ချင်း ဖြစ်သည့် ကောင်မလေး ရှိဇုက စသူတို့၏ သင်ခန်းစာယူဖွယ် ပျော်ရွှင်ကြည်နူးဖွယ် ရယ်ရွှင်ဖွယ် အံ့ဩဖွယ် ဇာတ်လမ်းတိုများ ဖြစ်ကြသည်။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွင်မူ အပိုင်းစဉ်အလိုက် အဆက်ဆက် ပြသခြင်း မဟုတ်ဘဲ ဖြစ်ရပ်တစ်ခုကို တစ်ပုဒ်နှုန်းဖြင့် ပြသခြင်း ဖြစ်သည်။ အနာဂတ်သို့ ခရီးသွားခြင်း ၊ အတိတ်ကာလသို့ ပြန်သွားခြင်းတို့က မဖြစ်နိုင်သော်လည်း ကလေးများ အထူးကြိုက်နှစ်သက်ကြပေသည်။

ဒိုရာအဲမွန်း
ドラえもん
အမျိုးအစားဟာသ-ဒရမ်မာ၊ သိပ္ပံစိတ်ကူးယဉ်
Manga
ရေးသားသူဖူဂျီကို အက်ဖ် ဖူဂျီအို (Fujiko F. Fujio)
ထုတ်ဝေသူရှောင်ခုကန် (Shogakukan)
အင်္ဂလိပ် ထုတ်ဝေသူဖူဂျီကို ပရို (Fujiko Pro) (မြောက်အမေရိကား)
ရှောင်ခုကန် (စင်ကာပူ)
Demographicကလေးရုပ်ပြ
Imprintတဲတင်းတိုးမုရှိ ဟာသရုပ်ပြ (Tentōmushi Comics)
မဂ္ဂဇင်းဗာရီရက်စ် ရှောင်ခုကန် ကလေးမဂ္ဂဇင်းများ (Various Shogakukan kids magazines)
Original run၁၉၆၉ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်၁၉၉၆ ခုနှစ် ၊ ဇွန်လ ၂၃ ရက်
အတွဲများ၄၅
ရုပ်မြင်သံကြား ကာတွန်းဇာတ်လမ်းတွဲများ
  • ဒိုရာအဲမွန်း (၁၉၇၃ ကာတွန်း)
  • ဒိုရာအဲမွန်း (၁၉၇၉ ကာတွန်း)
  • ဒိုရာအဲမွန်း (၂၀၀၅ ကာတွန်း)
ဆက်စပ်အလုပ်များ
  • ဒိုရာအဲမွန်းများ
  • ဒိုရာဘေ့စ်
  • ကိတာရက်ဆု ဒိုင်ယက်ကာ