မာတိကာသို့ ခုန်သွားရန်

ဒိုင်းခခုဂျိ

ဝီကီပီးဒီးယား မှ
Daikaku-ji in Kyoto, overlooking the Ōsawa Pond
The Shikidai Genkan entrance to Daikaku-ji
The Shōshinden is a Momoyama period building with a replica of the chambers where retired Emperor Go-Uda conducted cloistered rule
The Miedō hall
The Shingyōden hall where the Heart Sutra is kept

ဒိုင်းခခုဂျိ (大覚寺, Daikaku-ji) သည် ဂျပန်နိုင်ငံကျိုတိုမြို့အုခယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းဂွန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်မြေနေရာသည် ယခင်က ဘုရင်ဆဂ (Saga) (785–842 CE) ၏ နေအိမ်နေရာဖြစ်ခဲ့သည်။ ကျောင်းတော်တွင် တည်ရှိနေသည့် လူလုပ်ရေကန်တစ်ခုဖြစ်သည့် အိုးဆဝရေကန်သည် ဂျပန်ပုံစံဥယျာဉ်ကန်များထဲတွင် သက်တမ်းအကြာဆုံးတစ်ခုလည်း ဖြစ်သည်။ ဤရေကန်သည် ဟဲအိအန်ခေတ်ကာလကတည်းက တည်ရှိခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
Emperor Saga

ကျောင်းတော်၏ သမိုင်းကြောင်းကို ပြန်လည်ကြည့်မည်ဆိုပါက ဟဲအိအန်ခေတ်ကာလ ၈၁၄ ရာစုတွင် စတင်ခဲ့သည်။ ဤကျောင်းတော်တည်ရှိသည့်နေရာတွင် ဘုရင်ဆဂသည် "ဆဂအင်း" ဟုခေါ်သည့် နန်းတော်တစ်ခု ရှိခဲ့သည်။ ဤနန်းတော်သည် သူ၏ အပန်းဖြေအနားယူရာအိမ်တော်ဖြစ်လာခဲ့သည်။ အစဉ်အလာများအရ ဂျပန်နိုင်ငံသည် ပြင်းထန်သည့် ကူးစက်ရောဂါကို ခံစားခဲ့ရသည့်အခါတွင် ရှင်းဂွန်းဗုဒ္ဓဘာသာကို တည်ထောင်သည့် ရဟန်းဖြစ်သည့် ခိုဘိုဒိုင်းရှိ သည် ဘုရင်ဆဂကို ဗုဒ္ဓဘာသာ၏ အရေးပါသည့်သုတ္တန်ဖြစ်သည့် "ဟန်းနယရှင်းဂယော"ကို ကူးယူရန်အကြံပြုခဲ့သည်။ ဘုရင်သည် လက်ရေးဖြင့် ကူးရေးခဲ့ပြီး ကပ်ရောဂါသည်လည်း အဆုံးသတ်သွားသည်ဟု ဆိုကြသည်။ ထိုကူးယူရေးသားခဲ့သည့်မူကို ကျောင်းတော်၏ "ရှင်းဂယောဒန်း" ကျောင်းဆောင်တွင် ထားရှိသည်။ အများပြည်သူကို နှစ် ၆၀ လျှင်တစ်ကြိမ် ပြသပေးသည်။ နောက်အကြိမ်ပြသမည့်အချိန်မှာ ၂၀၇၈ ခုနှစ် ဖြစ်သည်။ ယုံကြည်ကြသူများသည် ကျောင်းတော်သို့လာရောက်ကြကာ သုတ္တန်ကို ကူးယူမှုများ ပြုလုပ်ကြသည်။

ရေကန်နှင့် ဥယျာဉ်

[ပြင်ဆင်ရန်]
The Ōsawa Pond and surrounding garden date back to the Heian period

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]